Saturday, June 21, 2014

အသိပညာဖြန့်​​ဝေ ဘားကမ့်​ပြည်​ ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

Leave a Comment
အသိပညာဖြန့်​​ဝေ ဘားကမ့်​ပြည်
*********************

ပဲခူးတိုင်း​ဒေသကြီး အ​နောက်​ ပြည်​ခရိုင်​ပြည်​မြို့တွင်​ 2014 ခုနှစ်​ barcamp pyay (ဘားကမ့်​ ပြည်​) ဖွင့်​ပွဲအခမ်းအနားကြီးကို တတိယအကြိမ်​​မြောက်​ကို 21.6.2014 ရက်​​နေ့မှ 22.6.2014 ရက်​အထိ (၂)ရက်​ကြာအချိန်​ကာလဖြင့်​ကျင်းပပြုလုပ်​ခဲ့​ကြောင်းသိရသည်​....

အဆိုပါဖွင့်​ပွဲအခမ်းအနားကို 21.6.2014 ရက်​​နေ့ ​နေ့လည်​ 12း00 နာရီအချိန်​ခန့်​တွင်​ ပြည်​မြို့ အ.ထ.က (၁) ​ကျောင်းအ၀င်​၀ တွင်​ဖွင့်​ပွဲအခမ်းအနားကို လွှတ်​​တော်​ကိုယ်​စားလှယ်​များ နည်းပညာဆိုင်​ရာဆရာ/မ များ ​ဒေသဆိုင်​ရာ အာဏာပိုင်များမှ တက်​​ရောက်​ဖဲကြိုးဖြတ်​ဖွင့်​လှစ်​​ပေးခဲ့​ကြောင်းသိရသည်​.....

အဆိုပါအခမ်းအနားကို နည်းပညာဆိုင်​ရာ ​ကျောင်းသား/သူ များ ဆရာ/မ များ နှင့်​ စိတ်​ပါဝင်​စားသူများစွာတက်​​ရောက်​ခဲ့ပြီး ယခုနှစ်​ရဲ့ အထူးခြားဆုံး ဖွင့်​ပွဲအမှတ်​တရကို​တော့ ပြည်​မြို့ရှိ ဓနသိဒ္ဓိသာသနာပြု မင်္ဂလာရှမ်းအိုးစည်​အဖွဲ့ဖြင့်​ ထူးခြားစွာ ဖွင့်​လှစ်​ခဲ့​ကြောင်းသိရပါသည်​.....

အဆိုပါ ဘားကမ့်​ ပြည်​ တွင်​ လူမူ​ရေး၊စီးပွား​ရေး၊နည်းပညာ၊သုသ၊ရသများအပြင်​ အခြားစိတ်​၀င်​စားစရာ အသိပညာ အတတ်​ပညာများကို တတိယအကြိမ်​​မြောက်​ နှီး​နှောဖလှယ်​ပွဲကြီးဖြစ်​တာ​ကြောင့်​ အခန်းကဏ္ဏစုံလင်​စွာပါရှိခဲ့​ကြောင်းသိရသည်​....

အဆိုပါအခမ်းအနားတက်​​ရောက်​လူငယ်​တဦးမှ ပြည်​သတင်းကိုယခုလို​ပြောကြားခဲ့....

ဝမ်းသာမူ ​ပျော်​ရွှင်​မူ အသိပညာအတတ်​ပညာ အားလုံးပါဝင်​​နေတာမလို့ အရွယ်​ ၃ပါးစလုံးတက်​​ရောက်​နိုင်​တယ်​ အဓိကအ​နေနဲ့ လူငယ်​​တွေ ​ကျောင်းသား ​ကျောင်းသူ​တွေမ​မေ့သင့်​တဲ့ ဘားကမ့်​ပြည်​ ပါ နာမည်​ကြီးဆရာဆရာမ​တွေလည်းအခန်းစုံပါရှိတယ်​ သူတို့သိထားတတ်​ထားတဲ့ ဗဟုသုတ​တွေနဲ့ ကျွန်​​တော်​တို့သိထားတတ်​ထားတဲ့ အသိပညာအတတ်​ပညာ​တွေဖလှယ်​ကြတဲ့ပွဲပါ ၂ရက်​ဆိုတာအချိန်​ကာလ​လေးရဲ့ တန်​ဖိုးဟာ တက်​​ရောက်​သူရဲ့ တစ်​ဘ၀လုံးအတွက်​ အသိပညာ​တွေအတတ်​ပညာ​တွေရသွားနိုင်​​စေပါတယ်​ ဒါ့​ကြောင့်​ ဘားကမ့်​ပြည်​ ကိုတက်​​ရောက်​ဘူးတဲ့သူတိုင်းအမြဲတမ်းတက်​​ရောက်​ချင်​​နေကြပါတယ်​ မတက်​​ရောက်​ဘူး​သေးတဲ့သူ​တွေလည်းတက်​​ရောက်​​စေချင်​ပါတယ်​ ဖိတ်​​ခေါ်ပါတယ်​ အရွယ်​သုံးပါးစလုံးအတွက်​ အသိပညာဖြန့်​​ဝေ ဘားကမ့်​ပြည်​ ကိုလာခဲ့ဖို့ဖိတ်​​ခေါ်ပါတယ်​လို့ ၀မ်းသာစွာ ​ပြောချင်​ပါတယ်​ခင်​ဗျာ.....ဟု​ပြောကြားသွားခဲ့ပါသည်​....

သတင်းနှင့်​ဓာတ်​ပုံ
ပြည်​သတင်းလူငယ်​(ပြည်​သတင်း)










0 comments:

Post a Comment

Facebook Like Page