အသိပညာဖြန့်ဝေ ဘားကမ့်ပြည်
*********************
ပဲခူးတိုင်းဒေသကြီး အနောက် ပြည်ခရိုင်ပြည်မြို့တွင် 2014 ခုနှစ် barcamp pyay (ဘားကမ့် ပြည်) ဖွင့်ပွဲအခမ်းအနားကြီးကို တတိယအကြိမ်မြောက်ကို 21.6.2014 ရက်နေ့မှ 22.6.2014 ရက်အထိ (၂)ရက်ကြာအချိန်ကာလဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်....
အဆိုပါဖွင့်ပွဲအခမ်းအနားကို 21.6.2014 ရက်နေ့ နေ့လည် 12း00 နာရီအချိန်ခန့်တွင် ပြည်မြို့ အ.ထ.က (၁) ကျောင်းအ၀င်ဝ တွင်ဖွင့်ပွဲအခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ နည်းပညာဆိုင်ရာဆရာ/မ များ ဒေသဆိုင်ရာ အာဏာပိုင်များမှ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်.....
အဆိုပါအခမ်းအနားကို နည်းပညာဆိုင်ရာ ကျောင်းသား/သူ များ ဆရာ/မ များ နှင့် စိတ်ပါဝင်စားသူများစွာတက်ရောက်ခဲ့ပြီး ယခုနှစ်ရဲ့ အထူးခြားဆုံး ဖွင့်ပွဲအမှတ်တရကိုတော့ ပြည်မြို့ရှိ ဓနသိဒ္ဓိသာသနာပြု မင်္ဂလာရှမ်းအိုးစည်အဖွဲ့ဖြင့် ထူးခြားစွာ ဖွင့်လှစ်ခဲ့ကြောင်းသိရပါသည်.....
အဆိုပါ ဘားကမ့် ပြည် တွင် လူမူရေး၊စီးပွားရေး၊နည်းပညာ၊သုသ၊ရသများအပြင် အခြားစိတ်ဝင်စားစရာ အသိပညာ အတတ်ပညာများကို တတိယအကြိမ်မြောက် နှီးနှောဖလှယ်ပွဲကြီးဖြစ်တာကြောင့် အခန်းကဏ္ဏစုံလင်စွာပါရှိခဲ့ကြောင်းသိရသည်....
အဆိုပါအခမ်းအနားတက်ရောက်လူငယ်တဦးမှ ပြည်သတင်းကိုယခုလိုပြောကြားခဲ့....
ဝမ်းသာမူ ပျော်ရွှင်မူ အသိပညာအတတ်ပညာ အားလုံးပါဝင်နေတာမလို့ အရွယ် ၃ပါးစလုံးတက်ရောက်နိုင်တယ် အဓိကအနေနဲ့ လူငယ်တွေ ကျောင်းသား ကျောင်းသူတွေမမေ့သင့်တဲ့ ဘားကမ့်ပြည် ပါ နာမည်ကြီးဆရာဆရာမတွေလည်းအခန်းစုံပါရှိတယ် သူတို့သိထားတတ်ထားတဲ့ ဗဟုသုတတွေနဲ့ ကျွန်တော်တို့သိထားတတ်ထားတဲ့ အသိပညာအတတ်ပညာတွေဖလှယ်ကြတဲ့ပွဲပါ ၂ရက်ဆိုတာအချိန်ကာလလေးရဲ့ တန်ဖိုးဟာ တက်ရောက်သူရဲ့ တစ်ဘ၀လုံးအတွက် အသိပညာတွေအတတ်ပညာတွေရသွားနိုင်စေပါတယ် ဒါ့ကြောင့် ဘားကမ့်ပြည် ကိုတက်ရောက်ဘူးတဲ့သူတိုင်းအမြဲတမ်းတက်ရောက်ချင်နေကြပါတယ် မတက်ရောက်ဘူးသေးတဲ့သူတွေလည်းတက်ရောက်စေချင်ပါတယ် ဖိတ်ခေါ်ပါတယ် အရွယ်သုံးပါးစလုံးအတွက် အသိပညာဖြန့်ဝေ ဘားကမ့်ပြည် ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်လို့ ၀မ်းသာစွာ ပြောချင်ပါတယ်ခင်ဗျာ.....ဟုပြောကြားသွားခဲ့ပါသည်....
သတင်းနှင့်ဓာတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment