တစ်ကိုယ်တော်ဆန္ဒပြမှုသည် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ငြိစွန်းခြင်းမရှိသောကြောင့် တစ်ကိုယ်တော်ဆန္ဒပြသူတစ်ဦးအား ပုဒ်မ၁၈ ဖြင့်တရားစွဲဆိုထားသောအမှုတစ်ခုကို ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှ ချေဖျက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၄ ရက်က တရားလွှတ်တော်ရှေ့နေဦးမြင့်အေးသည် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှကျောင်းသားများအား အကြမ်းဖက်မဖြိုခွင်းရန် စာတန်းပါ ဗီနိုင်းကိုကိုင်ဆောင်လမ်းလျှောက်ကာ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ ခြင်း ဖြစ်ပြီး ယင်းသို့ ဆန္ဒဖော်ထုတ်မှုကြောင့် ဦးမြင့်အေးကို ပြည်မြို့အမှတ်(၁)ရဲစခန်းက ပုဒ်မ ၁၈ဖြင့် ပြည်မြို့နယ်တရားရုံးသို့တရားစွဲတင်ထားခဲ့သည်။
တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခြင်းသည် ပုဒ်မ ၁၈ဖြင့်မငြိစွန်းသည့်အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က)အရအမှုအားချေဖျက်ပေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြစ်မှုအထွေထွေလျှောက်လွှာ တင်ပြလျှောက်ထားခဲ့၍ ပဲခူးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က ယနေ့(စက်တင်ဘာ ၁၄)တွင် အမှုအားချေဖျက်ပေးခဲ့ခြင်း ဖြစ်သည်။
7Day News Journal
0 comments:
Post a Comment