Monday, September 14, 2015

ပြည်​မြို့ ​မြေနိမ့်​ပိုင်းရပ်​ကွက်​တစ်​ချို့အတွင်း ဒုတိယအကြိမ်​​ရေများစတင်​၀င်​​ရောက်​လာ

Leave a Comment

ပည်မြို့မြေနိမ့်ပိုင်းရပ်ကွက်တစ်ချို့အတွင်း ဒုတိယအကြိမ်ရေများစတင်ဝင်ရောက်လာ

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊န၀င်းရပ်ကွက်အတွင်းစက်တင်ဘာလ(၉)ရက်နေ့မှစတင်ကာ ရေများပြန်လည်သောကြောင့်ရေလွတ်ရာသို့ရပ်ကွက်နေအိမ်တစ်ချို့ပြောင်းရွေ့လျှက်ရှိကြောင်းသိရသည်။အဆိုပါဧရာဝတီမြစ်ရေတိုးလာမှုကြောင့်၊ပြည်မြို့၊န၀င်းရပ်ကွပ်မြောက်ပိုင်း၊ဗောဂရပ်ကွက်၊မာလကာကုန်း၊ သည့်ရပ်ကွက်တွေမှအိမ်ထောင်စု(၁၂၀)ခန့်မှာရေလွတ်ရာ၊န၀င်းဝါရုံ၊ဘုန်းတော်းကြီးကျောင်းသို့အရေးပေါ်ရွေ့ပြောင်းနေထိုင်လျှက်ရှိကြောင်းသိရသည်။

 

 စက်တင်ဘာလ ၈ရက်နေ့မှစတင်ကာဧရာဝတီမြစ်ရေများတဖြည်းဖြည်းနဲ့ဝင်လာခဲ့သောကြောင့်ပြည်မြို့၏ အနိမ့်ပိုင်းရပ်ကွက်အတွင်းရှိနေအိမ်တချို့မှာညဖက်ရေအတက်ကြမ်းလာမည်ကိုစိုးရိမ်နေကြတယ်။န၀င်းရပ်ကွပ်ထဲမှ၊န၀င်းဝါဆိုဘုန်းတော်ကြီးကို၊လျှောက်ထားပြီး ယာယီရွေ့ပြောင်းနေရကြောင်းသိရသည်။

 “ဘယ်သူကမှကိုယ်အိမ်ကိုပြစ်ပြီးမသွားချင်ပါဘူး၊အခုကဘယ်လိုမှနေမဖြစ်လို့ဆရာတော်ကိုလျှောက်ပြီး၊ဒီမှာလာနေကြတာ၊ဘယ်သူကမှတော့စာရင်ကောက်တာတွေပါတွေမရှိသေးပါဘူး၊ဘယ်သူ့ကိုမှလဲတင်ပြထားတာမရှိသေးပါဘူး၊ညရေးညတာတွေ၊မနေရဲလို့၊ဒီကိုပြောင်းလာကြတာပါ။”ဟုန၀င်းရပ်ကွက် မိခင်နှင့်ကလေးစောင့်လျှောက်ရေးအဖွဲ့ ဒေါ်မှုမှု မှသမဂ္ဂဂျာနယ်သို့ပြောသည်။

    

 

“စားဝတ်နေရေးလဲအရမ်းခက်ခဲတယ်။ခလေးတွေလဲဒုက္ခရောက်တယ်။ပြောင်းဖို့ရွေ့ဖို့ကလှေတွေတွေမရှိတော့အရမ်းဒုက္ခရောက်တယ်။စားစရာလာပေးမဲ့သူမရှိတော့ပိုပြီးဒုက္ခရောက်ရတယ်။ ဟု မာလကာကုန်းရပ်ကွက်နေ မဇွန်ပွင့်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။

 

“ဒီနေ့ရေစတက်လာကထဲက၊အဲဒိရပ်ကွက်တွေကို၊အိမ်အခြေအနေပေါ်ကြည့်ပြီးရွှေ့ပြောင်းနေကြဖို့ကို လည်း မီးသတ်ဦးစီဋ္ဌာနကလိုက်လံနှိုးဆော်ထားပါတယ်။ကြိုတင်ကာကွယ်မှုအနေနဲ့၊အသက်ကယ်အင်္ကျီ၊စက်လှေ၊ကြိုး၊တာရာဘင်တာ၊ရဲဒင်းတွေ၊ကအစအစဉ်သင့်ပြုလုပ်ထားပါတယ်။အရေးပေါ်လိုအပ်လာရင်၊အချိန်နဲ့တပြေးညီ၊ဆောင်ရွ့်ဖို့အစဉ်သင့်ရှိပါတယ်။မိုးရွာတာ၊ရေတက်တာ၊လေတိုက်တာတွေကအစ၊အချိန်နဲ့အမျှအထက်ကိုတင်ပြပြီး၊လိုအပ်ချက်တွေကိုပြင်စဉ်ထားပါတယ်။” ဟု မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။

 

ဧရာဝတီမြစ် နဲ့ န၀င်းချောင်း အနားမှာရှိသည့်ရပ်ကွက်တစ်ချို့မှာနှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိနေပြီး ယခုနှစ်နှစ် ရေးကြီးမှုကို ဒုတိယအကြိမ်ထပ်မံခံစားခဲ့ရပြီး ပထမအကြိမ်ရေကြီးရေလျှံမှုဒဏ်ကို အဆိုပါ ပြည်မြို့ မြေနိမ့်ပိုင်းရပ်ကွက်တစ်ချို့တွင်၁၀ရက်ကျော်ခန့်ဘေးသင့်ဒဏ်ခံစားခဲ့ကြရသည်။အဆိုပါရေဘေးသင့်မှုများကြောင့် ယခုချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်နေစဉ်အချိန်ကာလမှာ ဒုတိယအကြိမ်ရေများစတင်ကာ ၀င်ရောက်နေမှုကြောင့် ရေဘေးသင့်မည့်ဒဏ်ကို စိုးရိမ်စွာစောင့်ဆိုင်းနေရကြောင်းသိရသည်။ပြည်မြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် ၂၉၀၀-စင်တီမီတာဖြစ်ပြီး စက်တင်ဘာလ ၉-ရက်နေ့ ညနေ ၆-နာရီခွဲအချိန်တိုင်းတာချက်အရ ၂၇၈၄-စင်တီမီတာရှိနေပြီး စိုးရိမ်ရေအမှတ်ရောက်ရှိရန် ၄-ပေခန့်အလိုတွင်တည်ရှိနေကြောင်း ပြည်မိုးဇရုံးမှသိရသည်

 

မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်​ စက်​တင်​ဘာ ၁၂ ရက်​​နေ့ထုတ်


0 comments:

Post a Comment

Facebook Like Page