ရေသန့်ဗူးလေးများဖြင့် အသက်ကယ်လှေနှင့်အသက်ကယ်အကျီင်္များပြုလုပ်ပြသခဲ့
ပြည် သြဂုတ် ၈
ပဲခူးတိုင်းဒေသကြိး
ပြည်ခရိုင် ပြည်မြို့အတွင်း ရေဘေးသင့်ပြည်သူများထံသို့ တစ်လီတာရှိသည့် သောက်ရေဗူးများဖြင့်
လှေ နှင့်ဖောင် များပြုလုပ်ကာ ပညာပေး နှင့်အလှူပေးခြင်းများပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ရေသန့်ဗူးများဖြင့်
လှေငယ်များဖောင်များ၊အသက်ကယ်အကျီင်္များ ကိုပြုလုပ်တီထွင်ခဲ့သည်မှာ ၂၀၁၄ခုနှစ် ထိုင်းနိုင် ဘန်ကောက်မြို့တွင်ရေကြီးရေလျှံ မှုများဖြစ်ပေါ်စဉ်က
ယခုလိုရေသန့်ဗူးများဖြင့် လှေငယ်များ၊ဖောင်များ၊အသက်ကယ် အကျီင်္များပြုလုပ်၍ ပစ္စည်းများတင်ဆောင်ခြင်း၊သွားလာ ရေးအတွက်အသုံးပြုခြင်းများပြုလု ပ်ခဲ့ပုံ
ကို လူမှုကွန်ယက်(Face Book) စာမကျနှာပေါ်တွင်တွေ့ရှိကာ အဆိုပါနည်းတူ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်
ပြုလုပ်ထားပြီး မြန်မာနိုင်ငံမျာတော့ ဦးစွာပထမဆုံးစတင် တီထွင်လိုက်တာဖြစ်ကြောင်းသိရသည် ။
“ရေဘေးသင့်ပြည်သူတွေ
မိမိတို့အိမ်မှာရှိတဲ့ပစ္စည်းများနဲ့ ကိုယ်ပိုင်သွားလာနိုင်ရေးပစ္စည်း တွေတင်ဆောင်နိုင်ရေးအတွက်အဓိကထား
ဆန်တွေရေသန့်တွေသွားလှူရင်း သရုပ်ပြသနည်းလမ်းပေးလာခဲ့တာ။တန် ဖိုးနည်တယ်။အချိန်တိုအတွင်းမြှာ ပုလုပ်နိုင်တဲ့အတွက်
မိမိကိုယ်ကို အားကိုးစေချင်တဲ့စိတ်တွေပေါ်ပေါ က်လာဖို့အတွက် ဝေပေးတာတော့မလုပ်ခဲ့ဘူး။ဒီလို ပစ္စည်းတွေနဲ့
ဒီလိုအသုံးပြုလို့ရတယ်ဆိုတာကို ပဲပြသခဲ့တာပါ။ “ ဟု ဂရုနာလက်များကွန်ရက် ` အတွင်းရေးမှူး ကိုပုည မှပြောသည်။
အဆိုပါ ကွန်ရက်သည်
လမ်းပျော်ကလေးများအား ပညာရေး ကျန်းမာရေး များအစာကြွေးသင်ကြားပေးလျှက်ရှိ ပြီး ပြည်မြို့တွင်တော့
တစ်ခုတည်းသာရှိသည့်အဖွဲ့ဖြစ်သည် ။
“အဲဒိကလေးတွေနဲ့လူကြီး
ဟိုတစ်ရက်ကလာသေးတယ်။သူလုပ်ထားတဲ့ ရေသန့်ဗှုးလှေတွေနဲ့အကျီင်္တွေကို သဘောကျလို့ ကျွန်မလည်း
လာလှူထားတဲ့ ရေသန့်ဗှုးတွေစုပြီး သူတို့လို့အကျီင်္လေးလုပ်ထားတယ်။ သွားလာရလွယ်ကူတယ်။ဒီလိုရေသန့်ဗှုးနဲ့ရေထဲမှာ
လှေတွေ အသက်ကယ်အကျီင်္တွေ ပြုလုပ်ရမယ်ဆိုတာ မသိခဲ့ဘူး။သူတို့ရေဝေတယ်။ခေါက် ဆွဲခြောက်ဝေတယ်။ပြုလုပ်နည်းတွေေ ပြာပြတယ်။အဲဒိတိုင်းလိုက်လုပ်တာ
အခု ကျွန်မသွားလာရေးအဆင်ပြေတယ်။ေ ရရသန့်ဗှုးတွေထပ်ရရင်လှေတစ်စင်း လုပ်သွားအုံးမယ်။” ဟု
န၀င်းရေဘေးသင့် ပြည်သူ မဇင်နှင်းသူ မှပြောသည်။
အဆိုပါ ၁-လီတာခန့်ရှိသိ
ရေသန့်ဗူးဖြင့် ပြုလုပ်သည့် အလျှား-၆-ပေ အနံ ၄-ပေ ခန့်ရှိပြီး သံဇကာတစ်ချပ်၊တစ်လီတာ
ရေသန့်ဗူးပေါင်း ၄၅၀၊ပလစ်စတစ်ကြိုး ၃၀၀-ကျပ်တန် ၃-ခွေ၊ပါကင်ပိတ်တိပ် ခွေသေး ၃-ခွေများပါဝင်ပြီး
စုစုပေါင်းတန်ဖိုးငွေ ၈၀၀၀-ကျပ်(ရှစ်ထောင်) ကုန်ကျမှာဖြစ်ပြီး အချိန်အားဖြင့် ၅-နာရီသာကြာမြင့်၏။အသက်ကယ်အကျီင်္ တစ်ထည်ပြုလုပ်ရာတွင်
တစ်လီတာရေသန့်ဗူး ၁၂-ဗူး နှင့် ပီနံအိတ် ဖြင့်ပြုလုပ်ပါက ၅၀၀-ကျပ်(ငါးရာ) ၊ အမိုးကူရှင်ဖြင့်
ပြုလုပ်ပါက ၅၀၀၀ိ-ကျပ်(ငါးထောင်ကျပ်) ဖြင့်သာကုန်ကျတာဖြစ်ပြီး လက်ရှိအသက်ကယ်အကျီင်္တစ်ထည်လျှင်ြ ပင်ပဈေး
၁၅၀၀၀-ကျပ်အနည်းဆုံးရှိကြောင်း သိရသည်။ ရေသန့်ဗူးဖြင့်ပြုလုပ်ထားသည့် အသက်ကယ်တန်ဖိုးနည်းလှေပေါ်တွင်
လူကြီး ၆-ဦးသာသာလေးတက်ရောက်စီးနိုင် သည်။ထိုကဲ့သို့ ရေသန့်ဗူးဖြင့် ပြုလုပ်ထားရှိသည့်ပစ္စည်းများကို
မိမိတို့ ဥာဏ်ရှိသလိုအရေးပေါ်ကယ်ဆယ်ရေးေ နရာတွေမှာလည်းသုံးစွဲပြုလုပ်သွားနိုင်ကြောင်းသိရသည်။
အဆိုပါရေသန့်ဗူးဖြင့်ပြုလုပ်ထား မှုအားလုံးသည် မြန်မာ့နည်း မြန်မာ့ဟန် လက်မှု့ပညာဖြင့်သာပြုလုပ်သွားခဲ့ သည်။ပြည်မြို့နယ်အတွင်း
အဆိုပါအဖွဲ့ပြုလုပ် သရုပ်ပြခဲ့ပြီးနောက်ပိုင်းတွင် ရေသန့်ဗူးဖြင့်ပြုလုပ်သည့် လှေငယ်များ၊အသက်ကယ်အကျီင်္များကျ ယ်ပြန့်လာခဲ့ပြီး
ပြည်မြို့တွင်းရေဘေးသင့်ပြည်သူ များထံ ထိုလှေများဖြင့် လာရောက်ပြသပညာပေးလျှက်ရှိသည်။ထိုအသက်ကယ်လှေများ၊ဖောင်များနှင့်
အသက်ကယ်အကျီင်္များအားလုံး ဧရာဝတီမြစ်ရေပြင်တွင် လက်တွေ့စမ်းသပ်အသုံးချပြီးမှ ယခုကဲ့သို့တီထွင်လာခဲ့တာဖြစ်ေ ကြာင်း
စတင်တီထွင်ခဲ့သူ ဂရုနာလက်များကွန်ယက် အတွင်းရေးမှူး
ကိုပုည ထံမှသိရသည်။
0 comments:
Post a Comment