Monday, June 15, 2015

၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ပြည်မြို့ ညဈေးတန်းနှင့်ကမ်းနားလမ်းထောင့်တွင် projecter ဖြင့်ပြသမည် ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃

Leave a Comment

၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ  ပြည်မြို့ ညဈေးတန်းနှင့်
ကမ်းနားလမ်းထောင့်တွင် projecter ဖြင့်ပြသမည်


ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃
၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ မြန်မာနှင့်ထိုင်း
ယူ-၂၃ အသင်းတို့၏ပွဲစဉ်ကိုယနေ့ ည ၇ နာရီအချိန် ပြည်မြို့ ညဈေးတန်းနှင့်
ကမ်းနားလမ်းထောင့်တွင် projecter ဖြင့်ပြသမည်ဖြစ်သဖြင့် ပြည်မြို့လူငယ်များမှ
စည်းကမ်းရှိစွာဖြင့် ပြည်မြို့ တွင်းသို့  လှည့်လည်လှုံဆော်မှုများပြုလုပ်ခဲ့သည်။

ထိုဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းက အဖြူရောင်ဂျာစီကို
ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး ဂိုး - ကျော်ဇင်ဖြိုး /နောက်တန်း - ကျော်ဇင်လွင်၊ ရဲဝင်းအောင်၊ဖြိုးကိုကိုသိန်း၊ဟိန်းသီဟဇော်/အလယ်တန်း - နေလင်းထွန်း၊
လှိုင်းဘိုဘို၊ ရဲကိုဦး၊ စည်သူအောင်ရှေ့တန်း - ကောင်းဆက်နိုင်၊ ရှိုင်းသူရ
တို့ဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ထံမှကိုးကားသိရသည်။

အဆိုပါ ၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကျင်းပနေချိန်တွင်
ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် ပြည်မြို့၌လျှပ်စစ်မီးပျက်တောက်မှု
မရှိစေရန်ဆောင်ရွက်ထားသော်လည်း အခါအားလျှော်စွာ အကြောင်းအမျိုးမျိုး
ကြောင့်မီးပျက်ခဲ့ပါက ပြည်မြို့သူ/ပြည်မြို့သားများ မြန်မာအသင်းကိုချက်ချင်း
ဆက်လက်အားပေးနိုင်ရန်အတွက် အရေးပေါ်အရံမီးစက်တစ်လုံးအား
ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်းများတာဝန်ချထားကာ အသင့်စီစဉ်ထားကြောင်း
သိရှိရသည်။

ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃

မှတ်ချက်။ ။၎င်းစာမူသည်ပိုက်ဆံရ၍ရေးသားခြင်းမဟုတ်ပါ ပြည်မြို့သူ/
ပြည်မြို့သားများဘောလုံးပွဲကြည့်ရှု့အားပေးနိုင်ရန်ရည်ရွှယ်၍ရေးသားခြင်း
ဖြစ်ပါသည်။





0 comments:

Post a Comment

Facebook Like Page