မြန်မာ့လက်ရွေးစင် အ သင်း များ တွင် ဝတ် ဆင် သည့် ကျော နံ ပါတ် (၁၂) ဂျာစီကို ပရိသတ်များ အတွက် ပေးရန် မြန်မာ ဘောလုံး ပရိသတ်များကMFF သို့ တောင်း ဆို
ရန်ကုန် ဇွန် ၁၈
မြန်မာဘောလုံး ပရိသတ်များသည် မြန်မာ့ လက်ရွေးစင် အသင်းများတွင် ဝတ်ဆင်ကစား လေ့ရှိသည့် ကျောနံပါတ် (၁၂) ဂျာစီကို ၎င်းတို့အား ပြန်လည် ဂုဏ်ပြုသည့် အနေဖြင့် ပေးရန် တောင်းဆိုမှု တစ်ရပ်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် သို့ စာဖြင့် တင်ပြလာ ခြင်းများ ရှိနေကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းများ၏ ဘောလုံးပွဲစဉ်များကို မြန်မာ ပရိသတ်များ အနေဖြင့် တစ်ခဲနက် အစဉ်အမြဲ အားပေးခဲ့ခြင်းကြောင့် မီဒီယာများ အနေဖြင့် ပရိသတ်များ အား မြန်မာဘောလုံး အသင်းများ၏ ၁၂ဦးမြောက် ကစားသမားအဖြစ် တင်စား ပြောဆို လာခဲ့ရာ ယခုအခါ မြန်မာ ဘောလုံး ပရိသတ်များက မြန်မာဘောလုံး အသင်းများတွင် ပါရှိသည့် ကျောနံပါတ် (၁၂)ဂျာစီကို ၎င်းတို့ အား ပြန်လည် ဂုဏ်ပြုသည့် အနေဖြင့် ကစားသမား များကို ပေးခြင်း မပြုဘဲ ၎င်းတို့ကို ပေးရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ စာဖြင့် တင်ပြလာမှုများ ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။
''ဒီလိုတင်ပြမှုက စိတ်ကူးယဉ် ဆန်တဲ့ တင်ပြမှုတစ်ရပ် ဆိုပေမယ့် အဖွဲ့ချုပ်အနေနဲ့ မြန်မာဘောလုံးချစ် ပရိသတ်တွေရဲ့ အားပေးမှု၊ စည်းကမ်း သေဝပ်မှုနဲ့ ယဉ်ကျေးမှု အစရှိတဲ့ အပြုအမူတွေ အပေါ်မှာ ပြန်လည်လေးစားတဲ့ အနေနဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌကို တင်ပြပြီး တစ်ခုခုပြန်လည် ပုံဖော်ပေးဖို့ ကြိုးစားသွားပါ့မယ်။ ဒါပေမဲ့ အကောင် အထည်ဖော် နိုင်ဖို့အတွက်ကတော့ အတည်မပြုနိုင် သေးပါဘူး''ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စီမံ ဒါရိုက်တာ ဦးစိုးမိုးကျော် က ပြောကြားသည်။
မြ၀တီ..
ကျော်ကိုဆင့်
တင်ဆက်.ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
0 comments:
Post a Comment