တက်သစ်ကျွန်းရွာမှ
စာသင်ကျောင်းအန္တရာယ်ရှိနေ၍ ကျောင်းသား/သူများပြောင်းရွေ့ ပညာသင်ကြားနေရ
ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင် ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စုအတွင်းရှိ တက်သစ်ကျွန်းကျေးရွာရှိ စာသင်ကျောင်းအသစ်ပြန်လည်တည်ဆော က်ရန်အခက်ခဲများရှိနေကြောင်းသိ ရသည်။
အဆိုပါစာသင်ကျောင်းကို
၁၉၅၄-ခုနှစ်တွင်စတင်ဖွင့်လှစ် သင်ကြားခဲ့ခြင်းဖြစ်သောကြောင့် နှစ်ပါင်းများစွာကြာမြင့်လာခဲ့ ရာ
ကျောင်း၏အပေါ်ထပ်ကြမ်းခင်းများနှ င့်ထုတ်တန်း၊မြှားတိုင်းများခို င်မာမှုမရှိသောကြောင့်
ကျောင်းသား/သူတချို့အားကျေးရွာ အတွင်းရှိ ကျွန်းလယ်ဘုန်းတော်ကြီးကျောင်း အတွင်းရှိ သိမ်တော်အတွင်းမှာပြောင်းရွေ့ ပညာသင်ကြားနေရကြောင်းသိရသည်။
“ကျောင်းအပေါ်ထပ်ကထုတ်တန်းတွေ၊ြ မှားတန်းတွေဆွေးပြီးပြုတ်ကိတော့ မလိုဖြစ်နေတာကြာပြီ၊မြို့နယ်ပညာ ရေးမှူးကိုအကြိမ်ကြိမ်တင်ပြခဲ့ တယ်။ခုထိဘာမှလုပ်မပေးသေးဘူး။မြို့နားနီးတဲ့လမ်းဘေးက
လူမြင်ကွင်းကျောင်းတွေကျတော့ အသစ်တည်ဆောက်ပေးတယ်။ပြုပြင်ပေး တယ်။ကျွန်တော်တို့ကျောင်းက
ရေခြားမြေခြားကျွန်းပေါ်မှာရှိေ နတော့ဂရုမစိုက်ကြဘူး။ပထမအကြိမ် ဘက်ဂျက်မှာလည်း ဒီကျောင်းမပါခဲ့ဘူး။ဒုတိယအကြိမ် ဘက်ဂျက်လည်းမပါဘူး။”ဟု ကျောင်းအကျိုးတော်ဆောင် ဦးခင်ရွှေမှ
သမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင်
ကျောင်းသား/သူစုစုပေါင်း ၁၉၈-ဦးအား ကျောင်းအုပ်ဆရာမကြီးအပါဝင် ဆရာ/မစုစုပေါင်း ၁၀-ဦးမှပညာသင်ကြားပေးလျှက်ရှိေ ကြာင်းသိရသည်။
“ကျွန်တော်ဒီရေက်လာတာ
ကိုးလပဲရှိသေးပါတယ်။ဒီကိစ္စတွေေ နာက်ပိုင်းမှသိရတာပါ။ဆရာမရောက် ခင်ကတည်းကဒီကိစ္စကိုတင်ပြထားတယ် သိရတယ်။အန္တရာယ်ရှိကျောင်းဆောင် နဲ့ကျောင်းသားတိုးချဲ့ဆောင်တွေ ကိုဓါတ်ပုံနဲ့တကွတင်ပြပေးနေပါ တယ်။ဆရာလက်ထက်မှာအစွမ်းကုန်ဒီကိ စ္စတွေကိုကြိုးစားနေပါတယ်။တက်သစ် ကျွန်းကိစ္စကိုအထက်စာတင်ထားပါတယ် ။ပြန်မကျသေးတာပါ။အောက်ခြေ၀န်ထမ်းအပြောင်းရွေ့လေးတေရှိနေလို့ပါ။ လွှတ်တော်ကိုယ်စားလှယ်နဲ့ဆရာကြီး တို့တွေ
သွားရောက်ကြည့်ရှုပြီး အမြန်ဆုံးဆောင်ရွက်ပေးပါ့မယ်။” ဟု ပန်းတောင်းမြို့နယ်ပညာရေးမှူး ဦးရဲထွဠ် မှသမဂ္ဂဂျာနယ်သို့ပြောသည်။
၎င်းတက်သစ်ကျွန်းကျေးရွာတွင်
အိမ်ခြေပေါင်း ၄၀၀-ကျော်ရှိပြီး ဘုန်းတော်ကြီးကျောင်း ၃-ကျောင်းနှင့် စာသင်ကျောင်းတစ်ကျောင်းသာရှိသည် ။ပန်းတောင်းနယ်တွင်း
ကျောင်းသစ်ဆောက်လုပ်ရန် စာသင်ကျောင်း-၁၉-အား-၂၀၁၄/၁၅ ဘက်ဂျက်ကျရောက်ခဲ့ပြီး အကြိမ်ကြိမ်တင်ပြထားသော
တက်သစ်ကျွန်းကျေးရွာပေါ်မှ စာသင်ကျောင်းမှာယနေ့အထိပါဝင်ခဲ့ ခြင်းမရှိသေးကြောင်းသိရသည်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
0 comments:
Post a Comment