Thursday, June 18, 2015

သ၀ဏ်လွှာလောက်နှင်.အလုပ်မဖြစ် သရ၀ဏ်(ပြည်)

Leave a Comment

သ၀ဏ်လွှာလောက်နှင်.အလုပ်မဖြစ်
သရ၀ဏ်(ပြည်)
စင်္ကာပူနိုင်ငံတွင်ကျင်းပနေသော ၂၈ ကြိမ်မြောက်အရှေ.တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင်မြန်မာ U 23 အသင်း မထင်မှတ်ပဲတစ်ပွဲပြီးတစ်ပွဲခြေစွမ်းပြကာ ဗိုလ်လုပွဲအဆင်.သို.ရောက်လာတော. တစ်နိုင်ငံလုံးကသောင်းသောင်းဖျဖျအားပေးကြသည် ။ မြန်မာများက ဘောလုံးကိုရူးသွပ်သည် ။ ကိုယ်.လူမျိုးကိုချစ်သည် .ဓလေ.ရှိသည် ။ ထို.ကြောင်.မြန်မာလူငယ်အသင်းကို မြန်မာပရိသတ်အားပေးတာမထူးဆန်းဟုပြောသော်ရ၏ ။ သို.သော် ထူးထူးခြာခြား မြန်မာအသင်း ဗီယက်နမ်ကိုနိုင်ကာဖိုင်နယ်လ်သို.တက်သွားသောအခါ တစ်သက်လုံးဘောလုံးပွဲများနှင်.ခပ်ကင်းကင်းနေခဲ.သော သမ္မတကြီးဦးသိန်းစိန်က သ၀ဏ်လွှာတွေဘာတွေပင်ပေးပို.ကာမြန်မာဘောလုံးအသင်းကိုအားပေးသည် ။ ထပ်မံ၍ ထူးထူးခြားခြား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပင် ကြေငြာချက်ထုတ်ပြန်ကာမြန်မာဘောလုံးအသင်းကို ချီးကျူးဂုဏ်ပြုသည် ။ အားလုံးက သမ္မတကြီးနှင်.ကာချုပ်တို.၏ကြေငြာချက်များကိုဝမ်းသာအားရဆင်.ပွားဖော်ပြကြသည် ။ ကျွန်တော်ကတော.နိုင်ငံရေးစာရေးဆရာမို.အရာရာကိုသတိနှင်.တုန်.ပြန်သည် ။
ယခုတလောတွင် ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံသို.တရားဝင်ချစ်ကြည်ရေးခရီးသွားသောသတင်းသည် မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာသတင်းထူး ၊သတင်းဦးဖြစ်နေသည် ။ ၁၉၈၈ မှစကာ စစ်အစိုးရကိုမျက်စေ.မှိတ်ထောက်ခံခဲ.သော တရုတ်တို.၏ နိုင်ငံခြားရေးပေါ်လစီအပြောင်းအလဲအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ဘက်သို.ဘက်ပြောင်းထောက်ခံခြင်းလား (စစ်အစိုးရဗိုလ်ချုပ်ဟောင်းများကိုထောက်ခံမှုရုပ်သိမ်းတော.မည်လော) ဟုအချို.ကတွက်ကြသည်ု ။ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုတရုတ်ပြည်ကခမ်းခမ်းနားနားကြိုဆိုတွေ.ဆုံခြင်းသည်မြန်မာအစိုးရအတွက်သတင်းကောင်းမဟုတ်နိုင် ။ အများပြည်သူဝန်ဆောင်မှုမီဒီယာဟုကြွေးကြော်နေသောနိုင်ငံပိုင်မီဒီယာများတွင်ဒေါ်အောင်ဆန်းစုကြည်နှင်. တရုတ်သမ္မတ ၊ ၀န်ကြီးချုပ်တို.တွေ.ဆုံခြင်းသတင်း ကိုယောင်လို.တောင်မဖော်ပြ ။ ထိုအချိန်တွင်မြန်မာ U23 ဘောလုံးအသင်း ဗိုလ်လုပွဲတက်သည် ။ သမ္မတကြီးက ရုပ်မြင်သံကြားမှပင် သ၀ဏ်လွှာထုတ်သည် ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုကြောင်းတွေ (နှစ်ယောက်စလုံးမလုပ်စဖူး )ထုတ်ပြန်သည်မှာ ဒေါ်အောင်ဆန်းစုကြည်၏တရုတ်ပြည်သတင်းကိုမှေးမှိန်သွားစေရန်ရည်ရွယ်ချက်ရှိရှိကြိုးစားခြင်းလားဟုကျွန်တော်တွေးမိသည် ။ လူတွေဒေါ်အောင်ဆန်းစုကြည်တရုတ်ပြည်သွားသည်.သတင်းထက် မြန်မာဘောလုံးအသင်းအပေါ်ပိုမိုအာရုံရောက်နေစေရန်အားထုတ်ခဲ.လေသလားဟုလည်း ထင်ယောင်ထင်မှားဖြစ်မိပါသည် ။ နိုင်ငံတော်သမ္မတကြီးတရုတ်ပြည်သွားလျှင်တော. သတင်းစာတွေထဲမှာရော ၊ ရုပ်သံမီဒီယာပေါင်းစုံမှာရော ၊ ရေဒီယိုသတင်းမှာရောပလူပျံနေတာသတိထားမိသည် ။
နိုင်ငံတော်လူကြီးများသည် တစ်ဖက်တွင် မြန်မာဘောလုံးအသင်း အနိုင်ရရေးဆုတောင်းပေးကြသည် ။အခြားတစ်ဖက်တွင်တော. အားကစားနှင်.သက်ဆိုင်သော အခြေခံအဆောက်အဦများကိုမပံ.ပိုးရုံမက ဖျက်ဆီး၍ပင်နေကြသည် ။ ထိုနှစ်ချက်သည်ရှေ.နောက်မညီသလိုဖြစ်နေသည် ။ တောင်ဥက္ကလာပမြို.နယ် (၉)ရပ်ကွက်ရှိ ကစားကွင်းကိုပြည်ခိုင်ဖြိုးပါတီကသိမ်းယူပြီး ကွန်ဒိုတိုက်ခန်းဆောက်လုပ်သည် ။ ဤကိစ္စကို တောင်ဥက္ကလာဒေသခံများက ၂၀၀၄ ဒီဇင်ဘာ ၂၁ ရက်တွင် ကန်.ကွက်ဆန္ဒပြကြသည် ။ ထိုသို.ကန်.ကွက်ဆန္ဒပြရာတွင်ပါဝင်မှုဖြင်. ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင်.ပွင်.လင်းလူ.အဖွဲ.အစည်းမှ ဦးကိုကိုကြီး အပါအ၀င်ငါးဦးကို ပုဒ်မ (၁၉)ဖြင်. တရားရုံးသို. ဇွန်လ (၁၅)ရက်နေ.လာရောက်ရန်ဆင်.ခေါ်ထားသည်ဟုသိရ၏ ။ သမ္မတကြီးသည် ကြံ.ခိုင်ရေးပါတီ၏ ဥက္ကဌ(ဟောင်း)ဖြစ်သည် ။ယခုတိုင်ပါတီမှနုတ်ထွက်သေးသည်မဟုတ် ။ တပ်မတော်သည် ကြံ.ခိုင်ရေးပါတီနှင်.သဘောထားခြင်းတိုက်ဆိုင်သည်ဟု အင်တာဗျူးတစ်ခုတွင်မကြာမီက ကာချုပ်သည်လည်းပြောခဲ.ဖူး၏ ။ ထို.ကြောင်.ကြံ.ခိုင်ရေးက ကလေးကစားကွင်းမြေကွက်ကိုဂရန်လျှောက်ကာ အပိုင်သိမ်းသောလုပ်ရပ်တွင် တစ်စုံတရာထုတ်ဖော်ပြောကြားသင်.လှပါ၏ ။
သိကြသည်.အတိုင်း ၁၅.၆.၂၀၁၅ ည ၇ နာရီက ယှဉ်ပြိုင်ခဲ.သောဘောလုံးပွဲတွင်မြန်မာအသင်းထိုင်းအသင်းကို ၃-၀ ဂိုးဖြင်.ရှုံးခဲ.ပါ၏ ။ ထိုအရှုံးနှင်.ပါတ်သက်၍ ကျွန်တော်တွေးမိသောအရာရှိသည် ။ ကစားကွက်နှင်. ကျွမ်းကျင်မှုကိုထားဘိဦး ကွင်းထဲတွင် ဆယ်.တစ်ယောက်ခြင်းယှဉ်လိုက်သောအခါ မြန်မာဘောလုံးသမားလေးတွေ၏ အရပ်အမောင်းနှင်.ခန္စာကိုယ်အချိုးအစားမှာ တစ်ဖက်ကစားသမားများကိုမယှဉ်နိုင်အောင် သေးကွေးနေသည် ။ U20 အသင်း နယူးဇီလန်၊အမေရိကန်၊ ယူကရိန်းတို.နှင်.ယှဉ်ပြိုင်ကစားစဉ်တုန်းကလည်းထိုကွာခြားချက်ကိုသတိထားမိသည် ။ကမ္ဘာ.အနောက်ခြမ်းကနိုင်င့သားတွေနှင်.ယှဉ်၍များထိုသို. သေးကွေးနေသလားဟုတွေးမိသော်လည်း ၊ U 23 အသင်း S.E.A Games တွင်ယှဉ်ပြိုင်ကစားသောအခါ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား ၊စင်္ကာပူ ၊ ဗီယက်နမ် စသောအသင်းမှကစားသမားများနှင်.ယှဉ်ရာတွင်လည်း မြန်မာသည်လူကောင်သေးငယ်နေတာတွေ.ရသည် ။ အသက် ၂၃ နှစ်ဆိုသည်မှာ အပြည်.အ၀ဖွံ.ထွားရမည်.အရွယ်ဖြစ်သည် ။မြန်မာတွေညှက်နေသည် ။ အားကစားဆိုသည်မှာ စစ်တုရင် ထိုးသည်မှလွဲ၍ ခွန်အားကိုအဓိကအသုံးချကစားသည်.ပြိုင်ပွဲဖြစ်သည် ။ နည်းစနစ်ခြင်းတူလျှင် ကျွမ်းကျင်သူက သာမည် ။ ကျွမ်းကျင်မှုခြင်းတူလျှင် ခွန်အားကြီးသူကသာလွန်မည်မှာမုချဖြစ်သည် ။ ထိုအချက်ကို ထိုင်းနှင်.ပွဲတွင် ဘောလုံးယှဉ်လုလိုက်တိုင်းမြန်မာကစားသမားလေးတွေ ထိုင်းကစားသမားထက် အင်အားနှစ်ဆထည်.ကာကစားနေကြတာကို မြင်သည်နှင်.သိနိုင်သည် ။ ဘောလုံးပွဲထဲမှာသာမဟုတ် ၊ပြင်ပလောကမှာလည်း မြန်မာလူမျိုးတို.၏ အရပ် ၊ ခန္စာကိုယ်အရွယ်အစားသည် တဖြည်းဖြည်းသေးငယ်လာနေ၏ ။ ခြောက်ပေကျော်သောမြန်မာများ ၊ ကိုယ်အလေးချိန် ပေါင် ၁၅၀ ကျော်သောမြန်မာများ တဖြည်းဖြည်းရှားပါးလာနေ၏ ။ တချိန်က ဂျပန်ငပုဟုကျွန်တော်တို.ခေါ်ခဲ.သောဂျပန်များသည်ပင် ပျမ်းမျှအရပ်အမြင်.တွင်မြန်မာထက်သာသွားပေပြီ ။ နိုင်ငံသားများဝင်ငွေနည်းသဖြင်.အာဟာရပြည်.၀သောအစားအစာများကိုမစားနိုင်သောအကျိုးဆက်ပင်ဖြစ်သည် ။ လူကောင်သေးသောအခါ ဘောလုံးပညာကောင်းသည်.တိုင် အင်အားကိုနှစ်ဆထုတ်ပြီး ကစားမှမိမိထက်ခန္စာကိုကြီးထွားသူကို အမီလိုက်နိုင်သည် ။ ထိုအခါ ကိုယ်.မှာရှိသော (မိမိခန္စာကိုယ်ကသိုလှောင်ထားသော )စွမ်းအင်ပမာဏမှာ သူများမကုန်ခင်ကုန်ခမ်းသွားတော.၏ (ထိုင်းနှင်.ပွဲတွင် ဒုတိယပိုင်း၌မြန်မာကစားအားကျသွားကြောင်းတွေ.နိုင်ပါသည် ) ။ ယူ ၂၀ အသင်းလည်းယူကရိန်း ၊နယူးဇီလန်တို.နှင်.ကစားစဉ်ထိုသို.ဖြစ်ခဲ.သည် ။ကျွန်တော်သည် ကိုယ်.မြန်မာအသင်းကိုအပြစ်ပြောနေခြင်းမဟုတ် ၊ အရှုံးကိုဆန်းစစ်ကြည်.ခြင်းဖြစ်ပါသည် ။ အရှေ.တောင်အာရှအားကစားပြိုင်ပွဲအပြီးတွင်မြန်မာအသင်း၏ရပ်တည်မှုမှာ (၁၁) နိုင်ငံဝင်ပြိုင်ရာတွင် အဆင်.(၇)ဖြစ်ပါသည် ။ မြန်မာအောက်တွင် လာအို ၊ကမ္ဘောဒီးယား ၊ဘရူနိုင်း ၊ အရှေ.တီမောတို.သာရှိတော.သည် ။
ဘောလုံးသာမဟုတ် ၊အခြားအားကစားများမှာလည်းရေရှည်တွင်အောင်မြင်ချင်သည်ဆိုလျှင် နိုင်ငံသားအားလုံး ခန္စာကိုယ်ကြီးထွားကြံ.ခိုင်ဖို.လိုသည် ။ ကလေးဘ၀ကပင် ကစားနိုင်သော အားကစားကွင်းများ နေရာအနှံ.ရှိဖို.လိုသည် ။ ထမင်းနပ်မမှန်သဖြင်. ငပိရည်နှင်.တို.စရာကို ချည်ပေါင်ဟင်းဖြင်.မျှောချနေသူတစ်ယောက်တွင် ကယ်လိုရီတို. ၊ ကစီဓါတ်တို. ၊ ပရိုတိန်း တို. ၊ ကာဘိုဟိုက်ဒရိတ်တို. ပြည်.၀စွာမည်သို.မျှမရှိနိုင် ။ ထိုသူများကို ပြိုင်ပွဲနီးလာမှဖုတ်ပူမီးတိုက်လေ.ကျင်.ပေးလဲ တပွဲထိုးသာအသုံးဝင်ပေလိမ်.မည် ။ကောက်ရိုးမီးပမာနှယ်ပါ ။ သိပ္ဖံနည်းကျအဟာရပညာရှင်များနှင်.တွက်ချက်ကာ ငယ်စဉ်ကပင်ကျွေးမွေးသင်.ပါသည် ။ အမျိုးသားပညာရေးဥပဒေကိုသပိတ်မှောက်ကျောင်းသားများတောင်းဆိုသော ပညာရေးဘတ်ဂျက်ကို ၂၀ ရာခိုင်နှုန်းအထိအသုံးပြု၇န်ဆိုသောအချက်မှာအလွန်ဖြစ်သင်.ပေသည် ။
နိဂုံးချုပ်ပြောရလျှင် အောက်ပါအချက်များကိုအစိုးရသည်ချက်ခြင်းစတင်အကောင်အထည်ဖော်ဖို.လိုသည် ။
(၁) တနိုင်ငံလုံးရှိ ၊ ကျောင်းများတွင် အာဟာရပြည်ဝသောနေ.လည်စာကို ကျောင်းသားအားလုံးနေ.စဉ်အခမဲ.ကျွေးမွေးပါ (ပညာရေးဘတ်ဂျက် တိုးသုံးပါ )
(၂) ကျောင်းများတွင် ကိုယ်လက်လှုပ်ရှားရန် ကာယချိန်အတိအကျဥပဒေပြုသတ်မှတ်၍ကျွမ်းကျင်ဆရာများဖြင်.ကစားခိုင်းပါ (ယခုလုပ်နေသောဟန်ပြကာယအချိန်မျိုးမဟုတ် )
(၃) ရပ်ကွက်တိုင်းတွင်ကလေးကစားကွင်းများ ၊ဘောလုံးကွင်းများ ရှိပါစေ ( မတရားသိမ်းထားလျှင်ပြန်ပေးပါ) ။ ကျောင်းများအားလုံးတွင် ကစားကွင်းရှိပါစေ ။
(၄) တပွဲထိုးနည်းလမ်းမဟုတ်ပဲ ကျွမ်းကျင်အားကစားသမားများကိုအောက်ခြေအထိဆင်းပြီးလူမှန်နေရာမှန်ရွေးချယ်ပါ (နယ်တွင်ရွက်ပုန်းသီးကစားသမားများစွာရှိပါသည် ) ။
(၅)ထိုက်တန်သောလစာနှင်.ခံစားခွင်.ချီးမြှင်.ပါ (ရွှေဆုရလာမှ ခရိုနီတွေကဆုချတာမျိုးမဟုတ်)
ထိုသို.ဆောင်ရွက်ပါက ရေရှည်တွင်မြန်မာ.အားကစားပြန်လည်ဦးမော.လာပါမည် ။ အောင်မြင်မည်.အရိပ်အယောင်မြင်ကာမှ ဗူးသီးမှအရီးတော်သလိုအပေါ်ယံရွှေမှုန်ကြဲကာသ၀ဏ်လွှာတွေ ၊ထုတ်ပြန်ချက်တွေလောက်နှင်.တော. “ မြန်မာ.အားကစားကမ္ဘာကိုလွှမ်းရမည်” ဟူသောရယ်ရွှင်ဖွယ်ဆောင်ပုဒ်မှတစ်ပါး ၊ ဘာမှဖြစ်လာမည်မဟုတ်ပါကြောင်း ။
သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page