Tuesday, June 2, 2015

ကျွမ်းကျင်ရာလိမ္မာ နှင်.စာဖတ်ခြင်းတန်ခိုး သရ၀ဏ်(ပြည် )

Leave a Comment

ကျွမ်းကျင်ရာလိမ္မာ နှင်.စာဖတ်ခြင်းတန်ခိုး
သရ၀ဏ်(ပြည် )
မည်သူမဆိုကျွမ်းကျင်ရာလိမ္မာဖြစ်သည် ။ လွန်ခဲ.သော အနှစ်သုံးဆယ်ခန်.က ကျွန်တော်ရန်ကုန်မြို.ဘုန်းကြီးလမ်း ၊ လမ်းသစ်ရိပ်သာတိုက် ၇ အခန်း(၁၄)တွင်နေနေစဉ်ဖြစ်သည် ။ တစ်နေ.တွင်ကျွန်တော်သည်ဂစ်တာတီးနေရာလက်ကွက်တစ်ခုနှင်.ပါတ်သက်၍ ကျွန်တော်နှင်. အဒေါ်ဖြစ်သူအဆိုတော်ခင်မြတ်မွန်နှင်.အငြင်းအခုန်ဖြစ်ပါသည် ။ ကျွန်တော်က F-G-A-B စသောဂစ်တာလက်ကွက်များကိုကိုင်ရာတွင် လက်မ၊ထားပုံသည် လွဲနေသည်ဟုခင်မြတ်မွန်ကသင်ပြပေးသည် ။ကျွန်တော်ထားသောဘယ်ဘက်လက်မနေရာမှာ 1# ဟုခေါ်သော ( ဒီ)ဆိုသည်.နေရာမှာဖြစ်သည် ။ဒါကိုခင်မြတ်မွန်က 1 ( ဒို) ဆိုသည်.နေရာတွင်ထားရမည်ဟုသင်ပြပေးခြင်းဖြစ်သည် ။ ကျွန်တော်ကလည်းကျွန်တော်အမှန်ဟုငြင်းသည် ။ နောက်တော.ကျွန်တော်.အစ်ကိုကိုမေးကြည်.မှကျွန်တော်မှားနေမှန်းသိသည် ။ ခင်မြတ်မွန်သည် သူကျွန်တော်.ထက်တတ်သည်ဟုဆိုကာ ဂုဏ်ယူဝင်.ကြွားနေသည် ။တစ်နေ.တွင် ကျွန်တော်.ခွင်ထဲသို.ရောက်လာ၏ ။ ကျွန်တော်တို.သည် စကားပြောရင်းဘယ်ကဘယ်လိုစကားစပ်မိသည်မသိ မီးရထားဘီးများအကြောင်းစကားစပ်မိသွားသည် ။ ထိုအခါကျွန်တော်က မီးရထားဘီးများသည် လူတို.ထင်သလို ရထားသံလမ်းကိုနှစ်ဘက်ခွ၍တည်ရှိသည်မဟုတ် ၊ ရထားလမ်းပေါ်တွင်တစ်ဘက်ပဲခွတင်ထားကာကျန်သည်.တစ်ဖက်က ဒီအတိုင်း အလွတ်ကြီးဖြစ်သည် ဟုပြောလိုက်သည် ။ ထိုစကားကိုခင်မြတ်မွန်သည် လုံးဝလက်မခံပဲ ခါးခါးသီးသီးငြင်းသည် ။ရထားသည်လမ်းပေါ်တွင်နှစ်ဘက်ခွမနေလျှင်လမ်းချော်ပြီးပြုတ်ကျကုန်မှာပေါ.ဟုစောဒကတက်သည် ။ ဟိုတစ်ခါငြင်းခုံပွဲတွင်သူနိုင်ထားသဖြင်. ယခုတစ်ခါလဲနိုင်ရမည်ဟုသဘောထားနေပုံရသည် ။ ကျွန်တော်ကလည်းလုံးဝမလျှော. ။ ဒီတစ်ခါတော. ၁၀၀ % သေချာသည် ။ ကျွန်တော်သည် မီးရထားဘူတာရုံအနီးတွင်ကြီးပြင်းလာသူဖြစ်သည် ။ ရထား နှင်.သံလမ်းသည် ကျွန်တော်.ကလေးဘ၀တစ်လျှောက်လုံးအရင်းနှီးဆုံး အရာဝတ္တုများဖြစ်သည် ။ ကျွန်တော်သာမက ကျွန်တော်.အစ်ကိုအောင်အောင်အပါအ၀င် ရပ်ကွက်ထဲမှကလေးအားလုံးသိကြသောကိစ္စဖြစ်သည် ။ ရထားသည် သံလမ်းကို နှစ်ဖက်မခွပဲဘီးတစ်ခုလျှင် တစ်ဘက်ပဲခွထား၏ ။ ထိုမှသာ ရထားသံလမ်းအကူးအပြောင်းတွင် ရထားလမ်းကူးပြောင်း၍ရပေမည် ။ သံလမ်းကိုဘီးကနှစ်ဘက်ခွထားလျှင် သွားရတာ ပိုအန္တရာယ်ကင်းသော်လည်း လမ်းကူးလမ်းပြောင်းလုပ်၍မရတော.ပေ ။ တစ်ဘက်ထဲ ခွထားမှသာ လွတ်နေသောဘက်သည် အခြားသံလမ်းပေါ်သို.အလိုက်သင်.တက်သွားနိုင်မည်ဖြစ်သည် ။ ထိုသဘောတရားကို သေသေချာချာရှင်းပြသော်လည်းခင်မြတ်မွန်သည် ကျွန်တော်.စကားကိုလုံးဝလက်မခံပေ ။

“ အဲဒါဆိုလောင်းမလား “ဟုကျွန်တော်ကစတင်စိမ်ခေါ်သည်
“ စိမ်လိုက်လေ ၊ဘာကြေးလဲ “
“ စံပြရုံအောက်က ၀င်းကြေးအိုးဆိုင်က ကြေးအိုးတစ်ပွဲကြေး “
“ စိမ်လိုက် “
“ ဒါဆိုထပ်ပြောလိုက်ဦးမယ် ၊ မီးရထားမှာ ဘီးနှစ်ဘီးရှိတဲ.အထဲမှာ နှစ်ဘီးစလုံးအတွင်းဘက်မှာပဲ ခွရှိတယ် အပြင်ဘက်က ပြောင်ပဲ ခွမရှိဘူး “
ကျွန်တော်ကအတွင်းဘက်အပြင်ဘက်တိတိကျကျပင်ပြောလိုက်သေးသည် ။ ထို.နောက်ကျွန်တော်၊ခင်မြတ်မွန် နှင်. မိသားစုထဲမှ မောင်နှမအချို.သည် သက်သေအဖြစ်လိုက်ပါလာပြီး ဘုရားလမ်းဘူတာတွင်ရပ်ထားသော မီးရထားတွဲများကိုအနီးကပ်လေ.လာစစ်ဆေးကြည်.ရှုကြသောအခါကျွန်တော်ပြောတာဟုတ်နေတာတွေ.ရလေသည် ။ ဤသို.ဖြင်.ခင်မြတ်မွန်သည် အားလုံးကိုကြေးအိုးကျွေးရလေသတည်း ။ ကျွမ်းကျင်ရာလိမ္မာဆိုသောစကားမှန်ပုံပင်ဖြစ်သည် ။

စာဖတ်ခြင်းတန်ခိုး

ဤတစ်ခါလည်းခင်မြတ်မွန်နှင.်ပင်ဖြစ်၏ ။ ကျွန်တော်.အမေသည် အတန်းပညာလေးတန်းသာတတ်သော်လည်း စာအလွန်ဖတ်ပြီးဗဟုသုတရှိသူဖြစ်သည် ။အမေသည် အချို. (ဘာသာပြန်စာပေ )ကဏ္ဍများတွင်ကျွန်တော်.ထက်ပင်စာဖတ်နာသူဖြစ်သည် ။ထို.ကြောင်.ဗဟုသုတအတော်ရှိသူဖြစ်သည် ။ ကျွန်တော်.အမေ၏ ညီမနောက်တစ်ယောက်ဖြစ်သောအေးအေးသွယ်သည် လည်းပညာတတ်သူမဟုတ် ။သို.သော်သူ.အစ်မကြီး မမမြင်. (ကျွန်တော်.အမေ ) စာဖတ်နာပုံ ဗဟုသုတရှိပုံ ၊ ဘွဲ.မရသော်လည်း တိုင်းမဂ္ဂဇင်း ၊ နယူးစ်ဝိခ်မဂ္ဂဇင်းထဲမှာပါသောဓါတ်ပုံများကိုမြင်ယုံနှင်. ဘာအကြောင်းဆိုတာ အင်္ဂလိပ်စာမတတ်သော်လည်းပြောနိုင်သည်ဟု ဂုဏ်ယူဝင်.ကြွားစွာပြောနေလေသည် ။ဤသို.ပြောနေသည်ကိုညီမအငယ်ဆုံးဖြစ်သည်.ခင်မြတ်မွန်သည်နားကြားပြင်းကပ်နေသည် ။ သူသည် L.L.B ဥပဒေဘွဲ.ရတစ်ယောက်ဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်.အမေ (သူ.အစ်မ)သည်သူ.လောက်ဘယ်လိုမှမတတ်နိုင်ဟုထင်နေပုံရသည် ။ ထို.ကြောင်.သူ.အစ်မဖြစ်သူ အေးအေးသွယ်ကို မတူးပြောတာမဖြစ်နိုင်ပါဘူး ဟုပြောလိုက်သည် ။ ထိုအခါမတူးခေါ်အေးအေးသွယ်က ညီမဖြစ်သူခင်မြတ်မွန်အား
“ ဒါဆိုရင်နင်မယုံရင်စမ်းလိုက် ၊ နင်ကြိုက်တဲ. TIME မဂ္ဂဇင်းတစ်စောင်ယူလိုက် ၊ ပြီးရင် နင်သိတဲ.ဓါတ်ပုံသုံးပုံကို ရွေးထုတ်ပြီး မမမြင်.ကိုမေး ၊ နင်သိတဲ.ပုံဖြစ်ရမယ်နော် ၊ နင်အဖြေသိတဲ.ပုံကို ဒါဘာလဲလို.မေး သုံးပုံမှာ သုံးပုံစလုံးဖြေနိုင်ရင် ငါတို.နိုင်တယ် ၊ နင်တရုတ်ဆိုင်ကနေညစာအားလုံးကိုဝယ်ကျွေးရမယ် ၊ မဖြေနိုင်ရင် ငါတို.ရှုံးတယ် နင်.ကိုငါတို.ဒကာခံမယ် “ ဟုချဲလင်.ခေါ်လိုက်လေသည် ။ ခင်မြတ်မွန်က အိုကေဟု လက်ခံသည် ။ တစ်အိမ်လုံးကစိတ်ဝင်စားသောလောင်းကြေးစားကြေးစသည် ။
ခင်မြတ်မွန်သည် အမေမသိလောက်ဘူးဟုထင်သောဓါတ်ပုံတစ်ပုံဖြင်.စသည် ။

“ ဒါဘယ်သူ.ပုံလဲ “ ဟုဆိုကာ ဦးထုပ်အဖြူကြီးဆောင်းထားသော လူတွေဝိုင်းအုံနှုတ်ဆက်နေသည်.အဘိုးကြီးတစ်ယောက်ပုံကိုပြသည် ။ အမေကကြည်.ပြီးရယ်လိုက်ကာ
“ အဲဒါ ဗာတီကန်စီးတီးမှာနေတဲ. ပုတ်ရဟန်းမင်းကြီးဂျွန်ပေါ “ ဟုဖြေလိုက်ရာမှန်နေ၏ ။ ခင်မြတ်မွန်သည် မဂ္ဂဇင်းကိုလျှောက်လှန်လိုက်ပြီး နိုင်ငံခြားမှမျှော်စင်ကြီးတစ်ခု ကိုအမေ.အားပြလိုက်သည် ။
“ ဒါဘာလဲ ““ အဲဒါ အီတလီနိုင်ငံက၊ စောင်းနေတဲ. ပီဆာမျှော်စင် “
မေးခွန်းသုံးခုတွင်နှစ်ခုမှန်သွားသဖြင်. ခင်မြတ်မွန်သည်နောက်ဆုံးမေးခွန်းကိုခက်ခက်ခဲခဲထဲကမေးဖို.အကြ့ထုတ်နေသည် ။ ဒီတစ်ခါတော. ကျွန်တော်.အမေနှင်.မနီးစပ်သော သူကျွမ်းကျင်သည်.ကမ္ဘာ.ဂီတလောကထဲက လူသိနည်းသောဓါတ်ပုံတစ်ပုံကို ထုတ်နုတ်မေးဖို.ရွေးချယ်လိုက်သည် ။မျက်မှန်အမည်းတပ်ထားသော လူမည်း အဆိုတော်လား ၊ ဂီတသမားလား ဘာလားမသိသော လူတစ်ယောက်၏ဓါတ်ပုံကို ခင်မြတ်မွန်ကအမေ.ကိုပြကာ သူကဘယ်သူလဲဟုမေးလိုက်သည် ။ အမေသည် ဓါတ်ပုံကိုမြင်သည်နှင်.
အားလုံးတရုတ်ဆိုင်ကဟင်းတွေစာဖို.ပြင်ထားပေတော.ဟုပြောလိုက်သေး၏ ။ ခင်မြတ်မွန်ကမယုံ။ မမြင်.သိလို.လား ၊လူသိနည်းတယ်နော်ပြောစမ်းပါဦး ဟားဟားဟုလှောင်ပြောင်နေသေးသည်။အမေက
“ အဲဒါအမေရိကန်ကလူမည်းမျက်မမြင် အဆိုတော် ဂီတသမား စတိဗ်ဝမ်းဒါး “
ဟုဖြေလိုက်သောအခါခင်မြတ်မွန်သည် ပါးစပ်အဟောင်းသားဖြစ်သွား၏ ။
“ ငါ.အစ်မဗဟုသုတကိုတော.တကယ်လေးစားသွားပြီ၊ တရုတ်စာတွေဝယ်ကျွေးပါ.မယ် “ ဟုဆိုကာ ထိုညစာကိုဒကာခံပေတော.သည် ။ လွန်ခဲ.သော အနှစ်သုံးဆယ်ခန်.ကကြုံခဲ.ရခြင်းဖြစ်ပါ၏ ။ လူသည် အတန်းပညာအဓိကမဟုတ် ။ စာဖတ်သူသည် ဗဟုသုတရှိကြောင်းပြောလိုရင်းပင်ဖြစ်သည်။

သရ၀ဏ်(ပြည် )

0 comments:

Post a Comment

Facebook Like Page