အကြမ်းဖက်ခြင်းဖြင်.ဘယ်နေရာမှမရောက်
သရ၀ဏ်(ပြည်)
မိုးဖွဲဖွဲရွာသွန်းနေသောတစ်နေ.တွင်ကြုံခဲ.ရခြင်းဖြစ်သည်
။နေ.စဉ်နံနက်စောစောလက်ဖက်ရည်သောက်ရင်းမြင်ရသောမြင်ကွင်းဖြစ်သည် ။လက်ဖက်ရည်ဆိုင်နှင်.တည်.တည်.တွင်အိမ်ခန်းတစ်ခန်းရှိ၏ ။ထိုအိမ်ခန်းထဲမှကလေးတစ်ယောက်၏ကျယ်လောင်သောအော်ဟစ်ငိုယိုသံသည် ထွက်ပေါ်လာနေပါ၏ ။ မကြည်.ချင်မြင်ချင်လျက်သားဆိုသလို ကျွန်တော်ထိုင်နေသောစားပွဲနှင်.တည်.တည်.တွင်ရှိနေသဖြင်.မြင်နေရပါ၏ ။ မိခင်ဖြစ်သူက သမီးဖြစ်သူကိုရိုက်နှက်ဆုံးမနေခြင်းဖြစ်ပါသည် ။ ကလေးသည် မိန်းကလေးဖြစ်သည် ။အသက် ရှစ်နှစ် ကိုးနှစ် ခန်.ပဲရှိဦးမည် ။မိခင်သည် လေးဆယ်.ငါးနှစ်ခန်.ရှိမည်ထင်၏ ။ မကြာခနတွေ.မြင်ရလေ.ရှိသောမြင်ကွင်းဖြစ်သည် ။ ကလေးသည်သူ.ကိုမရိုက်ပါရန်ငိုယိုတောင်းပန်၏ ။မရ ၊သူ.အမေကဆော်ပလော်တီး၏ ။ သမီးဖြစ်သူသည် အပေါ်ပိုင်းအင်္ကျီဝတ်မထား ၊ အောက်ပိုင်းမှာတော. သရီးကွာတားဘောင်းဘီလေးတစ်ထည်ဝတ်ထားသည် ။ သူ.အမေက ခါးပါတ်လား ၊ ပုခက်ကြိုးလားမသိသောအရာတစ်ခုဖြင်. သူ.သမီးကိုရိုက်နေ၏ ။ အော်သံဟစ်သံရိုက်သံနှက်သံများသည်ဆူညံနေ၏ ။ မိခင်ဖြစ်သူသည် ရိုက်ရုံနှင်.အားမရသေး ၊သမီးဖြစ်သူ၏ စာအုပ်ဖြစ်ဟန်တူသော ဗလာစာအုပ်တစ်အုပ်ကို မိုးရေထဲသို.လွှင်.ပစ်၏ ။ ကလေးကငိုနေရင်းမိုးရေထဲမှစာအုပ်ကိုထွက်ကောက်၏ ။ ထို.နောက်မိခင်ဖြစ်သူက ကျောင်းစာကြည်.စားပွဲအပုလေးကို မိုးရေထဲသို.လွှင်.ပစ်၏ ။ကလေးကငိုနေရင်းစားပွဲကိုထွက်ကောက်သည် ။ ကောင်မလေးက၀၀တုတ်တုတ်ချစ်စရာလေးဖြစ်သည် ။ သို.သော်သနားစဖွယ်ငိုယိုနေရှာပေ၏ ။ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးချာတိတ်ကလေးများသည် အရိုက်ခံနေရသောကောင်မလေးနှင်.အရွယ်ချင်းမတိမ်းမယိမ်းဖြစ်သည် ။ ထိုစားပွဲထိုးလေးများသည်ကောင်မလေးအရိုက်ခံနေရပုံကို လက်ဖက်ရည်ဆိုင်ထဲမှဝိုင်းကြည်.နေကြသည် ။ အကယ်စင်စစ် မိန်းကလေးသည် ရွယ်တူယောက်ကျားလေးများရှေ.တွင်ဤကဲ.သို. ရိုက်နှက်ခံနေရသည်ကိုရှက်ရှာပေလိမ်.မည် ။ ကလေးဆိုသော်လည်းကလေးတစ်ယောက်တွင်ဂုဏ်သိက္ခာရှိပေသေး၏ ။ယခု ကောင်မလေးမိခင်လုပ်ပုံသည် သူ.သမီးတွင် ဂုဏ်သိက္ခာတစ်ပြားသားမှမရှိတော.ပေ ။
“ နေ.တိုင်းအဲဒိလိုပဲ ခနခနအရိုက်ခံရတယ် “
ဟု စားပွဲထိုးများကပြောကြသည် ။ မိုးကလဲတစိမ်.စိမ်.ရွာနေသောကြောင်.အခြားဘာမှအထွေအထူးလုပ်စရာမရှိသောကြောင်.မျက်စေ.ရှေ.မှဇာတ်လမ်းကိုပဲဆက်ကြည်.မိသည် ။ လက်ဘက်ရည်ဆိုင်ထဲမှလူတော်တော်များများလည်းကျွန်တော်.လိုပင်ကြည်.နေကြသည် ။ဘာအကြောင်းကြောင်.ဤမျှဒေါသတကြီးရိုက်နှက်ဆုံးမနေရသနည်းဟုကျွန်တော်စိတ်ဝင်တစားနားထောင်မိသည် ။နောက်တော. မိခင်ဖြစ်သူက ရိုက်ရင်းမေး ၊ သမီးဖြစ်သူက ငိုရင်းဖြေသောကြောင်.သူတို.ဇာတ်လမ်းကိုတစွန်းတစ သိလာရသည် ။ ကလေးသည်နေမကောင်း။ ညကကိုယ်တွေပူသည် ။ မနက်လင်းသောအခါ အမေကဈေးသွားသည် ။သမီးကို ကျောင်းစာတွေလုပ်နေဖို.မှာခဲ.သည် ။ သမီးက အမေမရှိခိုက်တွင် ဦးဦးဖျားဖျားမိုးးကြီးလေကြီးရွာသောအခါ ကလေးသဘာဝ စိတ်နောက်ကိုယ်ပါ မိုးရေထဲရေထွက်ချိုးမိသည် ။ အမေပြန်လာတော.ပက်ပင်းမိသည် ။ မိခင်၏ဒေါသအိုးပေါက်ကွဲသည် ။ ကရုဏာဒေါသဟူသောခေါင်းစဉ်အောက်တွင် သမီးဖြစ်သူမရှုမလှခံရသည် ။ မိခင်မေတ္တာကိုနားလည်းသော်လည်း စဉ်းစားစရာများပေါ်လာသည် ။ ပထမဆုံးစဉ်းစားမိသည်မှာ ကရုဏာဒေါသဟူသောစကားဖြစ်သည် ။ ဆရာတော်များဟောပြောဆုံးမတာကြားဖူးသည်မှာ လူ.စိတ်သည် အဘိဓမ္မာသဘောအရ ကရုဏာဖြစ်ချိန်တွင် ဒေါသသည်မဖြစ်နိုင် ။ဒေါသဖြစ်ချိန်တွင် တပြိုင်တည်း မေတ္တာစိတ် ၊ကရုဏာစိတ်သည်မဖြစ်နိုင် ။ လူတို.ပြောနေသော ကရုဏာဒေါသ ဟူသည် ဗုဒ္စ၏အဘိဓမ္မတရားသဘောတွင်မရှိ ။ မိဘတို.သည် ကိုယ်ဒေါသဖြစ်နေသည်ကို နောင်အခါတွင်မှရှက်သဖြင်. ကရုဏာဒေါသောနဲ.ပြောနေတာ ၊နင်တို.ကောင်းစေချင်လို.ပြောရတာစသည်ဖြင်.ခေါင်းစဉ်တလွဲတပ်ကြခြင်းဖြစ်သည် ။ ပွင်.ပွင်.လင်းလင်းဝန်ခံရလျှင် ဒေါသဖြစ်၍ရိုက်ခြင်းဖြစ်သည် ။ရိုက်နေစဉ် ကရုဏာစိတ်သည် မရှိ ။ဒေါသစိတ်သာရှိသည် ။
အဘယ်ကြောင်.ဒေါသဖြစ်သနည်းဆိုသည်ကိုဆက်၍တွေးကြည်.မိသည် ။ မိမိစဉ်းစားသလို ကလေးကမစဉ်းစားသဖြင်. ( ကိုယ်ဖြစ်စေချင်သလိုကလေးကမဖြစ်သဖြင်. ) ဒေါသဖြစ်ခြင်းဖြစ်ပေ၏ ။ သူဘာစဉ်းစားသနည်း ။ ရှင်းပါသည်။ မိဘတစ်ယောက်အနေဖြင်.သူစဉ်းစားမည်မှာ နေမကောင်းသူသည် မိုးရေထဲမထွက်သင်. ၊ အိမ်ထဲမှာနေကာစာကျက်နေသင်.သည် ။ သူတွေးသလိုကလေးကိုလည်းတစ်ထပ်ထဲတွေးစေချင်သည် ။ထိုသို. အမေတွေးမိသလို သမီးကလိုက်မတွေးရကောင်းလားဟုဒေါသဖြစ်ခြင်းပင် ။ သို.သော်သူမေ.နေသည်မှာ အသက်အရွယ်ကွာဟမှုဖြစ်သည် ။ အသက်လေးဆယ်ကျော်လူတစ်ယောက်သည် မိုးရွာထဲသို.မသွားသင်.ဟုတွေးသည်မှာမှန်သော်လည်း အသက်ရှစ်နှစ်အရွယ်ကလေးတစ်ယောက်သည် ထိုသို.တွေးမည်မဟုတ် ။ မိုးရွာခြင်းသည် အခွင်.ကောင်တစ်ခုဖြစ်သည် ။မိုးရွာတုန်း ပြေးလွှားကစားလိုက်ရလျှင် အလွန်အရသာရှိမည်ဟုသာကလေးတိုင်းတွေးမည်ဖြစ်သည် ။ ပြသနာမှာ မိခင်သည် ငါတွေးသလိုဘာကြောင်.မတွေးနိုင်ရတာလဲဟု သမီးဖြစ်သူကိုစိတ်ဆိုးသော်လည်း ၊ သမီးတွေးသလိုငါလဲသူ.နေရာကတွေးကြည်.မည်ဟု ကိုယ်ကသူ.နေရာဝင်၍စဉ်းစားမကြည်.မိခြင်းပင်ဖြစ်သည် ။ ကလေးနေရာက၀င်၍စဉ်းစားကြည်.လျှင် ငါသာသူ.အရွယ်ဆိုပါက ကျန်းမာရေးအသိလည်းသည်လောက်ရှိမည်မဟုတ် ။ နေ.စဉ်မပြတ်လုပ်နေရသောကျောင်းစာတွေကိုလည်း စိတ်ရောကိုယ်ရောအမြဲနှစ်၍လုပ်ချင်မည်မဟုတ် ။ မိုးရွာသည်နှင်. အင်္ကျီချွတ်ကာ လမ်းပေါ်တွင်ပြေးလွှားကစားရသော အရသာသည် လောကတွင်ဘာနှင်.မှမလဲနိုင်သောအရသာဖြစ်သည်ဆိုတာ သူမြင်လာပါလိမ်.မည် ။ ယခုတော. ငါမြင်တာသာအမှန် ၊ ကလေးမြင်တာ ကလေးတွေးတာသည် အမှားဟု တစ်ဖက်သတ်ဆုံးဖြတ်ထားသဖြင်. ထိုသို.စိတ်ဆိုးဒေါသထွက်ကာ ရိုက်နှက်ဆုံးမနေခြင်းဖြစ်သည် ။ တိုတိုပြောရလျှင် ကလေးကိုနားလည်ဖို.လုံးဝမကြိုးစားခြင်းပဲဖြစ်သည် ။လက်ဖက်ရည်ဆိုင်တစ်ဆိုင်လုံးမှလူများသည် သူ.ကိုဝိုင်းဝန်းကြည်.ရှုနေမှန်းသတိထားမိသွားသည်နှင်. ထိုအမျိုးသမီးသည် အိမ်ရှေ.တံခါးကိုဝုန်းကနဲဆောင်.ပိတ်လိုက်၏ ။ ထိုအခါ ကျွန်တော်တို.အားလုံးမြင်နေရသောစိတ်မချမ်းမြေ.ဖွယ်မြင်ကွင်းသည်မျက်စေ.အောက်မှပျောက်သွားပါ၏ ။ သို.သော် တံခါးနောက်တွင်သူတို.ရှိနေသေးတာတော. အားလုံးကသိနေကြပါသည် ။
ကျွန်တော်.တွင်လည်း သားနှစ်ယောက်ရှိသဖြင်.ဤအဖြစ်အပျက်မျိုးသျာကွန်တော်.သားတစ်ယောက်ယောက်ကျူးလွန်ခဲ.ပါကကျွန်တော်ဘယ်လိုကိုင်တွယ်မလဲဟုကိုယ်.ဘာသာစဉ်းစားမိသည် ။ လူအထင်ကြီးအောင်ပြောခြင်းမဟုတ် ၊ အရှိအတိုင်းပြောပါမည် ။ မိုးရေထဲတွင်ကစားနေသောသားကို အအေးမိမည် ရေချိုးနေတာတော်တော.ဟုထွက်ခေါ်ပါမည် ။ ကလေးအိမ်ထဲသို.ရောက်လာလျှင် တစ်ကိုယ်လုံးကို ခြောက်သွေ.သွားစေရန် ကိုယ်သုတ်မျက်နှာသုတ်ပုဝါကြီးဖြင်.အမြန်ဆုံးသုတ်ပေးပါမည် ။ ထို.နောက်ဆံပင်များခြောက်သွေ.သွားစေရန် Dryer ဖြင်.မှုတ်ပေးပါမည် ။ ထို.နောက်နွေးထွေးသောအ၀တ်များဝတ်ပေးပြီး ကော်ဖီပူပူတစ်ခွက်ဖြစ်စေတိုက်ပါမည် ။ ထို.နောက် ကျောင်းစာများလုပ်ဖို.ကျန်သေးလျှင်လုပ်ဖို.ပြောပါမည် ။ ကျွန်တော်သည်ထိုအတိုင်းပဲလုပ်ပါမည် ။ တစ်ခါက ကျွန်တော်.သားသည် သ.ူသူငယ်ချင်းတစ်ယောက်နှင်. TV ဂိမ်းဆော.ဖို. အိမ်မှအနည်းငယ်ဝေးသောလမ်းထဲသို.လာပါသည် ။ ကျွန်တော်လည်းအလုပ်မှပြန်လာရာ လမ်းတွင်သူတို.နှစ်ယောက်နှင်.တည်.တည်.တိုးပါသည် ။သား၏သူငယ်ချင်းသည် ဟိုမှာမင်းအဖေ ၊ မင်းကိုရိုက်တော.မယ် ဟုထိတ်လန်.စွာပြောပါသည် ။သားက ခြေလှမ်းမပျက်ရှေ.ဆက်လျှောက်ပါသည် ။ ကျွန်တော်နှင်.တည်.တည်.မျက်နှာချင်းဆိုင်ဆုံသောအခါ ကျွန်တော်ကသားကို စစ်ဗိုလ်တွေအလေးပြုသလို လမ်းသွားရင်းအလေးပြုလိုက်ပြီး သူ.ကိုဘာမှမေးမနေပဲ ကိုယ်.လမ်းကိုယ်ဆက်လျှောက်လာခဲ.ပါသည် ။ သား၏သူငယ်ချင်းသည်အံ.သြလွန်းသဖြင်.ပါးစပ်အဟောင်းသားဖြစ်ကာကျန်ခဲ.ပါသည် ။ ကျွန်တော်.သားသည် ကျောင်းချိန်ပြီး၍ အားလပ်ချိန်တွင် ဂိမ်းသွားကစားခြင်းဖြစ်ရာကျွန်တော်သည်ဘာမှ ဆူပူကန်.ကွက်နေစရာမလိုပါ ။ဒါကို သားသူငယ်ချင်းကအံ.သြခြင်းဖြစ်သည် ။သူ.အဖေနှင်.လမ်းမှာဤသို.တွေ.လျှင်ဆော်ပလော်တီးခံရပြီဟုဆို၏ ။
ကလေးများကိုရိုက်နှက်ခြင်းသည် ကျွန်တော်တို.နိုင်ငံတွင် အစိုးရနှင်.ပြည်သူလိုဖြစ်နေ၏ ။ အစိုးရသည် မိဘ ၊ ကလေးများသည် ပြည်သူဟုဆိုလျှင် ကျွန်တော်တို. မိဘသည် ကိုယ်.ကလေးအပေါ်နားလည်မှုလုံးဝမရှိသော မိဘမျိုးဖြစ်သည် ။ထစ်ကနဲရှိရိုက်ချင်နှက်ချင်သော လက်ဖက်ရည်ဆိုင်ေ၇ှ.မှ မိန်းမလို မိဘပင်ဖြစ်မည် ။ ကလေးဘယ်လိုခံစားနေသလဲ ၊ဘယ်လိုတွေးနေလဲဆိုတာလုံးဝထည်.မစဉ်းစားသော ငါလုပ်တာသာအမှန် ၊ငါတွေးတာသာအမှန် ဆိုသော မိဘမျိုးသာဖြစ်သည် ။ သားသမီးနှင်.တူသောပြည်သူလူထုကို ထစ်ကနဲရှိ ရိုက်နှက်ဆုံးမအပြစ်ပေး ၊ သားသမီး၏ ချို.ယွင်းချက် ၊အပြစ်အနာအဆာကိုသာ လူမြင်အောင် လူသိအောင်ကြေငြာမောင်းခတ်ချင်သော မိဘမျိုးဖြစ်သည် ။ ဒေါသဖြစ်နေပါလျက် ကရုဏာဟုငြာဝါးချင်သော မိဘယောင်ယောင်အစိုးရဖြစ်ပေလိမ်.မည် ။ နိုင်ငံတကာကအမြင်မတော်၍ ၀ိုင်းဝန်းဝေဖန်အပြစ်တင်သောအခါ လူကြည်.သဖြင်.အိမ်တံခါးကိုပိတ်လိုက်သော ကလေးမိခင်လို အစိုးရသည်သတင်းအမှောင်ချကာနိုင်ငံတကာ မြင်ကွင်းမှအဆက်ဖြတ်လိုက်ချင်သောအပြုအမူနှင်.အလားသဏ္ဍန်တူပါသည် ။ သပိတ်တိုက်ပွဲများ၊အလုပ်သမားအဓိကရုန်းများ၊ကျောင်းသားလှုပ်ရှားမှုများ ၊ နိုင်ငံရေးအကျဉ်းသားများအကြောင်းသည် အစိုးရ၏ ဦးစားပေးသတင်းများတွင်ဘယ်တော.မှတွေ.ရမည်မဟုတ်ပါ ။ အိမ်တံခါးကိုပိတ်လိုက်ပြီး အားလုံးကောင်းပါသည်ခင်ဗျားဟုပြောနေခြင်းကို မျက်လုံးကန်းနေသူနှင်.နားပင်းနေသူများမှတပါးမည်သူကမျှ ယုံကြည်လက်ခံမည်မဟုတ်ပါ ။ ကလေးတစ်ယောက်ကိုရိုက်နှက်ခြင်းဖြင်.ပိုကောင်းလာနိုင်မည်မဟုတ်ပါ ။ပြသနာတစ်ခုဖြစ်လာလျင် နားလည်အောင်ကြိုးစားရမည်.အစား ပြည်သူလူထုအပေါ်အင်အားသုံး၍အမြဲတမ်းအကြမ်းဖက်နှိမ်နှင်းခြင်းသည်လည်း အိုင်ကျူ(IQ)မြင်.သောအစိုးရတို.၏လုပ်နည်းလုပ်ဟန်မဟုတ်ပါကြောင်းတင်ပြလိုက်ရပါသည် ။

0 comments:
Post a Comment