သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး အပိုင်းတွင် ခရိုင်ထွေအုပ်နှင့် ပြည်သူပါဝင်မှုအားနည်းနေ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ရုံးအတွင်း
စည်းဝေးခန်းမကြီးတွင် ဇွန် ၁၅ ရက်နေ့ နံနက် ၉နာရီခန့်မှာ “ASEAN
Dengue Day” သွေးလွန်တုပ်ကွေးရောဂါနှိမ်နှင်းရေးလုပ်ငန်း
အသိပညာပေးအခမ်းနားကိုကျင်းပပြု လုပ်ကြောင်းသိရသည်။
အဆိုပါရောဂါအား ၁၉၆၅-ခုနှစ်တွင် ရန်ကုန်မြို့ပေါ်မှာစတင်တွေ့ရှိ ခဲ့ပြီး
၁၉၇၀-ခုနှစ်တွင် ကပ်ရောဂါတစ်ခုသဖွယ်မြန်မာပြည်အနှံ့သို့ပြန့်ပွားလာခဲ့သည်။သွေး လွန်တုပ်ကွေးရောဂါနှိမ်နှင်းဂါ ကွယ်မှုများကို
ကျန်းမာရေးဌာနများမှ ဂရုတစိုက်ပြုလုပ်ဆောင်ရွက်ခဲ့ေ သ်ာလည်း ခရိုင်ထွေထွေအုပ်ချုပ်ရေးပိုင်း များနှင့်
ပြည်သူများစိတ်ပါဝင်စားမှုအားနည်းနေကြောင်းသိရသည်။အဆိုပါသွေးလွ န်တုတ်ကွေးရောဂါသည် ၄-နှစ်တစ်ကြိမ်စိုးရိမ်စရာဖြစ်ေ ပ်ါလျှက်ရှိရာ
ယခု ၂၀၁၅/၁၆ တွင်ပိုမိုစိုးရိမ်စရာများဖြစ်ေ ပ်ါလျှက်ရှိကြောင်း အခမ်းအနားတွင် ကျန်းမာရေးဌာနမှ
တက်ရောက်လာသူ တာဝန်ရှိသူများက ထည့်သွင်းပြောကြားသွားသည်။
“ဒေသဆိုင်ရာ ခရိုင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ
နှင့် ပြည်သူတွေပှုးပေါင်းပါဝင်မှုအား နည်းနေတယ်ဒီအခမ်းအနားကို ပြီးပြီးရောမဖြစ်စေချင်ဘူး
ခရိုင် မြို့နယ်အုပ်ချုပ်ရေးပုံမှန် အစည်းဝေးမှာ ဒီပွဲကရလဒ်တွေကိုသေချာတင်ပြပေး ဖို့လိုပါတယ်
ကျွန်တော်တို့ဘက်ကလည်း ပှုးပေါင်းဆောင်ရွက်ဖို့ ကော်မတီရှိရင်ပါဝင်ဖို့အဆင့်ပါ ပဲ” ဟု
အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမျိုး မှသမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါအတွ က် ပျောက်ကင်းနိုင်သည့်ဆေးဝါးများ ယနေ့ထိမပေါ်သေးပဲ
ကုသခြင်းထက် ကာကွယ်ခြင်းကပိုမိုထိရောက်ပြီး ခြင်းကိုက်ခြင်း၊အိမ်အတွင်း/အြ ပင် တစ်ပတ်တစ်ခါ
ခြင်ခိုအောင်းနိုင်သောနေရာများ သန့်ရှင်းရေးပြုလုပ်ခြင်းများကိုပြုလုပ်ပေးသင့်ပါသည်။ဖျားရာမှ
ရုတ်တရက်အဖျားကျကာ၊ခြေဖျားလက်ဖျားများအေးစက်လာခြင်း၊အဖျားကျသော်လည်း ကလေးမှာ စားခြင်း၊ကစားခြင်းမရှိဘဲ
မှိန်းနေခြင်း ဂနာမငြိမ်ဖြစ်နေခြင်း၊မကြာခဏအော့ အန်ခြင်း၊အန်သည့်အရည်တွင် အညိုရောင်အဖတ်အမျှင်လေးများပါလာ ခြင်းတို့သည်
သွေလန့်သည့် လက္ခဏာများဖြစ်ပြီး နှစ်ရက် မှ ခုနှစ်ရက်ခန့်ထိ အပြင်းဖျားခြင်း၊ပျို့အန်ခြင်း၊ ကိုယ်ခန္ဓာတွင်
အနီစက်များထွက်ခြင်း များဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့လျှင်မြန်စြွာ ပသသင့်ကြောင်းသိရသည်။
“ကျွန်မတို့တိုင်းပြည်အတွင်းမှာ ဆင်းရဲမှုတွေများတော့
လူနေမှု့အဆင့်တန်းတေတွနိမ့်ကျပါ တယ် ကျန်းမာရေးပညာပေးမှုတွေ အရမ်းလိုအပ်ပါတယ် ပြည်သူ့ကျန်းမာရေးပညာပေးတွေတို င်းမှာ
ပြည်သူတွေကိုယ်တိုင်ပါဝင်ဆောင် ရွက်မှရမှာဖြစ်ပါတယ် သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး
လုံးဝမပေါ်သေးပါဘူး တိကျတဲ့ကုသရန်ဆေးဝါးတွေလည်းမေ ပ်ါသေးဘူး ရာသီဥတုအဖျားတုပ်ကွေးကာကွယ်ဆေးေ တာ့ထိုးလို့ရပါတယ်
ဒါကသွေးလွန်တုပ်ကွေးနဲ့မဆိုင်ပါ ဘူး ခုလိုမိုးရာသီတွေမှာတင်မဟုတ်တော့ ဘူး နွေမိုးဆောင်းသုံးဥတုစလုံးဖြစ်ေ ပ်ါနေတာတွေတွေ့ရှိရပါတယ်” ဟု
ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါ်အေးအေးမိုး မှသမဂ္ဂဂျာနယ်သို့ပြောသည်။
အခမ်းအနားသို့ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေး မှူးရုံးမှတာဝန်ရှိသူများ၊ပြည် ခရိုင်ကျန်းမာရေးဌာနမှတာဝန်ရှိ လူကြီးများ၊လွှတ်တော်ကိုယ်စားလှ ယ်များ၊NGOအဖွဲ့အစည်းများ၊မီး သတ်၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ကျ န်းမာရေးဌာနမှဝန်ထမ်းများနှင့် အခြားဒေသဆိုင်ရာ
စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား ၁၀၀-ကျော်တက်ရောက်ခဲ့သည်။သွေးလွ န်တုပ်ကွေးရောဂါသည်
ပြည်ခရိုင်အတွင်း ၂၀၁၄ -ခုနှစ်တွင် ၃၀၀-ကျော်ဖြစ်ပွားခဲ့ရာ ၉-ဦးသေဆုံးခဲ့ရပြီး ယခု
၂၀၁၅ခုနှစ်တွင် ၈၆-ဦးသွေးလွန်တုပ်ကွေးရောဂြါ ဖစ်ပွားခဲ့ရာ ယနေ့ထိသေဆုံးမှုမှတ်တမ်းမရှိသေးေ ကြာင်းသိရသည်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
0 comments:
Post a Comment