Tuesday, June 2, 2015

မြေစာရင်းဌာန တံဆိပ်အတုများဖြင့် မြေကွက်အားလိမ်လည်ရောင်းချသူကို အမှုဖွင့်တိုင်တန်း ပြည့်သဲမောင်(ပြည်)094236 71883

Leave a Comment

မြေစာရင်းဌာန တံဆိပ်အတုများဖြင့် မြေကွက်အားလိမ်လည်ရောင်းချသူကို အမှုဖွင့်တိုင်တန်း

ပြည့်သဲမောင်(ပြည်)094236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင်စာချုပ်အတုများ၊ မြေစာရင်း
ဌာနတံဆိပ်အတုများဖြင့် မြေကွက်လိမ်လည်ရောင်းချသူအား ရဲစခန်း
တွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ (၃.၁၂.၂၀၁၄)ရက်နေ့ ညနေ (၅း၀၀)နာရီအချိန်ခန့်တွင်
ပြည်မြို့နယ်၊ အမှတ် (၁) နယ်မြေရဲစခန်း ကျောင်းကြီးအိုးတန်းရပ်
ကွက်၊ ကုန်သည်လမ်းနေ ဦးဌေးအောင်(၄၃)နှစ်၊ (ဘ) ဦးအုန်းကျော်
ပန်းစံအိမ်တည်းခိုခန်းပိုင်ရှင်သည် နေအိမ်တွင်ရှိနေစဉ် ဦးဇော်မင်း
(၅၀)နှစ်၊ ကုန်သည် ၊ ရွှေသည်တန်းလမ်း၊ဆံတော်ရပ်ကွက်၊ ပြည်မြို့နေ
သူရောက်ရှိလာပြီး မြေကွက်ရောင်းရန်ရှိသည်ဟုဆိုကာမှုတ်ရှည်ကျေး
ရွာ၊ ရပ်ကွက် (၁၀)၊ ကွင်းအမှတ်(၇၄၄) ကန်သာယာကွင်း၊ ဦးပိုင်အမှတ်
- N – 7 ၂၀၀၃/၂၀၀၄ ၊ မြေအမျိုးအစား - H  ဧရိယာ (၀.၅၅) ဧက၊ ပေ 
(40×60) ရှိမြေကွက်အား ၄င်းပိုင်ဆိုင် ကြောင်း ဒေါ်ခင်ဝင်းထံမှ ၀ယ်ယူ
ထားကြောင်းစာချုပ်များ၊ မြေစာရင်းပုံစံ (၁၀၅) မူရင်းများပြသ၍ ငွေကျပ် (၁၅)သိန်းတိတိဖြင့် ရောင်းချမည်ဟု ပြောဆိုခဲ့သည်ဟုဆို၏။

ထို့ကြောင့်ဇနီးဖြစ်သူ ဒေါ်အေးအေးလွင်နှင့် အရောင်းအ၀ယ်စာချုပ်များပြု
လုပ်စေပြီး သက်သေများရှေ့တွင် ငွေ(၁၅)သိန်းကျပ်တိတိအား ပေးချေခဲ့
 ကြောင်း ဦးဌေးအောင်မှ မြေကွက်အား ၀င်းနံရံခတ်ရန် ပြုလုပ်ရာတွင်
 ဒေါ်ခင်ဝင်းကြည်နှင့်တွေ့ဆုံ၍ မေးမြန်းရာ ဒေါ်ခင်ဝင်းကြည်မှ ၄င်းမြေ
ကွက်မှာ ဦးဇော်မင်းပိုင်ဆိုင်ခြင်းမရှိကြောင်း၊ ပြောပြသိရှိရ၍ မြေစာရင်းရုံး
သို့ ဦးဇော်မင်းပေးအပ်ခဲ့သည့် မြေစာရင်းပုံစံ (၁၀၅)နှင့်ပတ်သက်၍ အစစ်
အမှန် ဟုတ်မဟုတ် သွားရောက်စုံစမ်းခဲ့သည်ဟုဆို၏။

ထိုသို့စုံစမ်းရာတွင် ၄င်းပုံစံ (၁၀၅)နှင့်ပတ်သက်၍ မှတ်တမ်းမရှိသည်ကို
 စုံစမ်းသိရှိရ၍ လိမ်လည်ပြုလုပ်ထားသည့်စာချုပ်များ မြေစာရင်းဌာနတံဆိပ်
များပါရှိသော (၁၀၅)ပုံစံ စာရွက်စာတမ်းအတုများအား အစစ်ဟုဆိုကာ ယုံကြည်အောင်ပြောဆိုလိမ်လည်ရောင်းသွားသဖြင့် အရေးယူပေးရန် ရဲစခန်းသို့တိုင်တန်းခြင်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ယုံကြည်အောင်ပြောဆို ပြီးစာချုပ်အတုများ၊ မြေစာရင်းဌာန
တံဆိပ်အတုများဖြင့် မြေကွက်အားလိမ်လည်ရောင်းချသူ ဦးဇော်မင်း
(၅၀)နှစ် (ဘ) ဦးသန်းတင်၊ ကုန်သည်၊ ရွှေသည်တန်းလမ်း၊ ဆံတော်ရပ်
ကွက်၊ ပြည်မြို့နေသူအား အရေးယူပေးပါရန် ဦးဌေးအောင် (၄၃)နှစ်၊
 (ဘ) ဦးအုန်းကျော်၊ စံအိမ်ဖြူတည်းခိုခန်းပိုင်ရှင်မှတရားလိုပြုလုပ်တိုင်
တန်းခဲ့သဖြင့် ပြည်(၁)နယ်မြေရဲခစန်း (ပ) ၁၂၄ / ၂၀၁၅ ပြစ်မှုပုဒ်မ
၄၂၀/၄၆၈ဖြင့် အမှုရေးဖွင့်ပြီး အမှုအားဒုရဲအုပ်ခင်ဝင်းထွန်းမှ လက်ခံ
စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)094236 71883

0 comments:

Post a Comment

Facebook Like Page