ဧရာဝတီမြစ်ကြောင်းကျဉ်းလာပြီး၊သောင်ထွန်းမှုတွေပိုများလာတာကြောင့်၊ရေယဉ်များသွားလာတွေအခက်အခဲတွေကြုံတွေ့နေရ
ပြည်-မတ်(၁၀)
အခုနှစ်မှာဧရာဝတီမြစ်ရေကျဆင်းမှု့နူံးပိုများလာပြီး၊သောင်ဖြစ်ထွန်းမှုများလာတာကြောင့်၊မြစ်ထဲကိုသွားလာနေကြရတဲ့၊ရေယဉ်တွေ၊ကွေ့
ပတ်ရှောင်တိမ်းမောင်းနှင်ကာ၊မကြာခဏဆိုသလို ရေယဉ်တွေ
သောင်တင်၊မှုတွေကြုံနေရတာကြောင့်၊ရေယဉ်ပိုင်ရှင်တွေ၊အခက်အခဲ တွေ့
နေရကြောင်းကို ဒီမိုကရေစီတူဒေးသို့ပြောကြားခဲ့သည်။
“မြစ်ကြောင်းကိုကွေ့ပတ်မောင်းနေရတာကြောင့်အစဉ်မပြေဘူး၊နိုင်ငံတော်အနေနဲ့၊မြစ်ကျောင်းကိုပြုပြင်ပေးစေချင်တယ်၊သောင်တွေကလဲ
အရမ်းထွန်းနေတယ်” ဟု ကိုဖိုးပေါက်(စလင်း-ပြည်။ကုန်တင်။စက်လှေ မောင်းသူ)မှ
ပြောကြားသည်။
“ မြစ်ကောလာတော့မောင်းလို့မကောင်းဘူး၊ပိုဆိုးတာက။ပြည်မြို့အထက်
ကံမနားကပိုဆိုးတယ်၊အဲဒီမှာခဏခဏ သင်္ဘောတွေသောင်တင်တယ်၊
နေ့တိုင်းတစ်စီးမဟုတ်တစ်စီးသောင်တင်နေတယ်၊သောင်တူးတဲ့လုပ်ငန်းမှမလုပ်ရင်၊ရေစီးက
သောင်ကိုကွေ့ပြီးရေဦးက ပြည်မြို့ကိုလာထိုးနေတော့
၊ကြာရင်ပြည်မြို့ ကဒုက္ခရောက်သွားလိမ့်မယ်” ဟု ဦးဝင်း(အောင်စစ်ဟိန်း)
(ကံမ။ပြည်- စက်လှေ)မှပြောကြားသည်။
“ သောင်တူးလုပ်ငန်း
နဲ့၊ကျောက်စီရေကာလုပ်တဲ့လုပ်ငန်းကိုတပြိုင်နက်လုပ်သွားမှာပါ၊(၂)ခုစလုံးအတွက်သိန်း(၂၈၀၀)နိုင်ငံတော်က၊ဘတ်ဂျက်ချထား
ပြီးပြီ၊လုပ်ငန်းကို (၁)လပိုင်းထဲက
စတင်နေတာ၊အဲဒီလိုကျောက်စီရေကာတာလုပ်တာကြောင့်၊ရေစီးကပြည်မြို့ကိုရေဦးထိုးနေတာကို၊လျှော့ကျသွားမယ်
၊ပြည်မြို့ကမ်းပါးပြိုတာလဲ၊သက်သာမယ်၊ရေစီကျောင်းလဲဖြောင့်သွားမယ်၊
အဲဒီမျက်နှာချင်းဆိုင်ကသောင်ကိုလဲ၊အဲဒီပြောင်းလဲပေးလိုက်တဲ့ရေစီးကြောင်းက
ထိုးခွဲပြစ်လိုက်လိမ့်မယ်”ဟု
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန-မြို့နယ်ဦးစီးမှုး-ဦးအောင်ကျော်လွင်
မှပြောကြားသည်။
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန-က
ဦးစီးပြီးအခုနှစ်နိုင်ငံတော်ဘတ်ဂျက်
နဲ့၊ပြည်မြို့ရဲ့အထက်-မြရွာ၊ကနေ၊မြစ်အထက်က စီးဝင်
လာတဲ့ရေစီးကျောင်းကို ကျောက်စီတမံ
နဲ့၊ကာပြီး၊မြစ်ကြောင်းဖြောင့်အောင်လုပ်ပေးတဲ့လုပ်ငန်း နဲ့
အဲဒီတစ်ဖက်ကမ်းက ရွှေဘုံသာသောင်ကြီးကိုလဲ သောင်တူး
စက် တစ်စီး နဲ့စတင်တူးဖေါ်နေကာ၊ဒီနှစ်၊အကုန်အပြီးလုပ်သွားမှာဖြစ်တယ်လို့-
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန
ကနေသိရသည်။
“တစ်နှစ်ထပ်တစ်နှစ်သောင်ကပိုလာပြီ၊ရေလမ်းကြောင်းကိုတော့၊သွားလာဖို့လွယ်ကူအောင်လုပ်ပေးနိုင်ရင်တော့ကောင်းတာပေါ့၊ရေကြောင်းပြအမှတ်အသားတွေ
ကိုလဲသက်ဆိုင်ရာက၊ပြပေးထားရင်လဲပိုအဆင်ပြေတာပေါ့” ဟု
ဦးကျော်ဝင်းနိုင်(ရေယဉ်မှုး)ပေါက္ကံ-၂၀၁၄-ပြည်၊မန္တလေး ရေယဉ်။
မှပြောကြားသည်။
၂၀၁၃၊ခုနှစ်တုံးက
ဧရာဝတီတိုင်း၊ဇလွန်မြို့မှာသောင်တူးခြင်းလုပ်ငန်းကို၊တစ်ခါပြုလုပ်ခဲ့ပြီး၊အခုနှစ်မှာတော့၊ပြည်ခရိုင်ထဲမှ၊ရွှေဘုံသာသောင်ကြီးကိုတူးဖေါ်
ခဲ့ကြပြီး၊၊
ပဲခူးတိုင်းအတွင်း ဧရာဝတီမြစ်ထဲကရေကြောင်းကြပ်တဲ့နေရာ(၁၀)နေရာမှာ၊
ရေအရင်းအမြစ်နှင့်၊မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန၊ရုံးချုပ်ရဲ့အစီအမံနဲ့၊ရေ
ကြောင်းပြုပြင်ရေးနဲ့၊ရေလမ်းကြောင်းထိမ်းသိမ်းရေး၊သောင်တူးဖေါ်ရေးစတဲ့လုပ်ငန်းတွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်၊
ပြည်မြို့တွင် မနှစ်က။
အနိမ့်ဆုံးမြစ်ရေတိုင်းတာချက်အရ၊မြစ်ရေအကျဆုံးလဖြစ်တဲ့၊ဧပြီလတွင်
ဖြစ်ပြီး ၁၆၈၂ စင်တီမီတာအထိကျဆင်းခဲ့ပြီးအခု မတ်လ ထဲမှာ
တောင်၊ မတ်လ(၉)ရက်နေ့နောက်ဆုံးတိုင်းတာချက်အရ(၁၆၆၄)စင်တီမီတာထိ ကိုကျဆင်း
နေပြီဖြစ်ပါတယ်၊
၊မြစ်ရေမှာဆက်လက်လဲ ကျဆင်းနိုင်ဖွယ်၇ှိသေးကြောင်း
မြစ်ချောင်များထိမ်းသိမ်းရေးဋ္ဌာနက
တာဝန်ရှိသူတယောက်ထံမှသိရပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းက၊ဧရာဝတီမြစ်ထဲကို၊စီးဝင်းနေတဲ့၊ချောင်းတွေအများစုကိုပိတ်ပြီ။၊
ဆည်တွေ၊ပြုလုပ်ထားတာကြောင့်မြစ်ထဲကိုရေစီးဝင်မှုလျှော့နဲသွားတာရယ်၊ပြီးခဲ့တဲ့(၂၀၁၄)ခုနှစ်တုံးက၊မိုးခေါင်သွားတာရယ်တို့ကြောင့်အခုနှစ်မှာ၊၊ရေကထူးကဲစွာလျှော့နဲ
သွားရတာဖြစ်ပါတယ်။
K3(pyay)
ဒီမိုကရေစီတူဒေး
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:
Post a Comment