Tuesday, March 10, 2015

နတ္တလင်းလယ်သိမ်းခံတောင်သူများလေးကြိမ်မြောက် ဆန္ဒဖေါ်ထုတ်

Leave a Comment
နတ္တလင်းလယ်သိမ်းခံတောင်သူများလေးကြိမ်မြောက် ဆန္ဒဖေါ်ထုတ်

ပြည် မတ် ၈

ပဲခူးတိုင်းဒေသကြီးအနောက် သာယာဝတီခရိုင် နတ္တလင်းမြို့ နယ် အတွင်းရှိဒမငယ်ကျေးရွာအုပ်စုတွင်ခမရ(၄)စစ်တပ်အပါအဝင် ခရိုင်အုပ်ချူပ်ရေးအဆင့်ဆင့်၊မြေစာရင်းဌာနနှင့် ဌာနဆိုင်ရာအချို့ မှသိမ်းဆည်း
ထားသောဧက ၄၅၀ အားပြန်လည်ရရှိရေးအတွက်စတုတ္ထအကြိမ် ဆန္ဒဖေါ်ထုတ်ပွဲတခုကိုမတ်လ ၈ ရက် နံနက်(၁၀:၃၀)နာရီအချိန်ခန့်တွင်လယ်သမားအင်အား(၅၀)ခန့်နှင့် ပြုလုပ်ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲပါဝင်သူတယောက်မှဒီမိုကရေစီတူဒေးသို့ ပြောသည်။
ယခုဆန္ဒဖေါ်ထုတ်ပွဲသည်လေးကြိမ်မြောက်ဖြစ်ပြီး လွန်ခဲ့သော ၂၀၁၄ခုနှစ်နိုဝင်ဘာ(၁၇) ဒီဇင်ဘာ(၁၀)နှင့်၂၀၁၅ခုနှစ် ဇန်နဝါရီ(၂၅) ရက်များတွင်အဆိုပါကိစ္စနှင့်ပတ်သက်၍ဆန္ဒဖေါ်ထုတ်မှု(၃)ကြိမ်ပြုလုပ်ခဲ့သော်လည်းမည်သို့မျှထူးခြားခြင်းမရှိ
သောကြောင့်ယခုလိုနောက်တကြိမ် ဆန္ဒဖေါ်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲတွင်ပါဝင်သောလယ်သမားများကပြောသည်။
“အထက်ပိုင်းကဖြေရှင်းပေးပြီးဖြစ်သော်လည်းအောက်ပိုင်းတွင်ယခုထိပြေလည်မှုရှိအောင်ဖြေရှင်းပေးနိုင်ခြင်း
မရှိသေးဘူး အဲ့ဒါကြောင့်ကျွန်တော်တို့လယ်ယာမြေတွေအထိကွင်းဆင်းစစ်ဆေးပေးဖို့နဲ့ပြေလည်အောင်ဖြေရှင်းပေးဖို့အတွက်အခုလိုထပ်ပီးဆန္ဒဖေါ်ထုတ်ရတာဖြစ်တယ်”ဟု ဆန္ဒဖေါ်ထုတ်ပွဲပါဝင်သူကိုထက်ဇော်လင်းမှ ပြောသည်။
အဆိုပါဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ရန်အတွက် မတ်လ ၂ ရက်နေ့ တွင်နတ္တလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့တရားဝင်
စာတင်ခဲ့ပြီးမတ်လ၄ရက်နေ့တွင် နတ္တလင်းခေတ္တ ရဲတပ်ဖွဲ့ မှူး ဦးဇော်လွင်မှ လက်မှတ်ရေးထိုး၍ခွင့် ပြုခဲ့ပြီး
ဆန္ဒဖေါ်ထုတ်ရာလမ်းကြောင်းတလျောက်နတ္တလင်း မြို့နယ်ရဲတပ်ဖွဲမှ လိုအပ်သောလုံခြုံရေးပေးခြင်းများပြုလုပ်ခဲ့သည်။
ဆန္ဒဖေါ်ထုတ်ပွဲကိုဒမငယ်ကျေးရွာအုန်းနှဲကန်လမ်းဈေးလမ်းနှင့်ဘုရားလမ်းတို့မှကျေးရွာအုပ်ချူပ်ရေးမှူးရုံးထိ
လမ်းလျှောက်ချီတတ်ခဲ့ကြပြီးဓါးမဦးချလယ်ယာမြေများပြန်လည်ရရှိရေး၊ခလရ(၄)မှသိမ်းဆည်းထားသောလယ်ယာမြေများပြန်လည်ရရှိရေး၊သိမ်းဆည်းထားသောလယ်ဧက(၄၅၀)ပြန်လည်ရရှိရေး၊သိမ်းဆည်းခံလယ်ကိစ္စများကိုတာဝန်ရှိသူများမှအမြန်ဆုံးစစ်ဆေးဖြေရှင်းပေးရေးစသောကြွေးကြော်သံများ နှင့်အဆိုပါစာသားပါ ဗွီနိုင်းများ၊ပိုစတာများ ကိုင်ဆောင်ကာလှည့်လည်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအနောက်သာယာဝတီခရိုင်နတ္တလင်းမြို့နယ် ဖလံပင်အုပ်စုသစ်ချိုခြံအတွင်းရှိလယ်ဧကများအနက် ၁၉၉၅ခုနှစ်တွင်သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးမှ လယ်ဧကတစ်ထောင်အားဓါးမဦးချတောင်သူများကိုချထားပေးခဲ့သော်လည်းဧက(၅၅၀)သာရရှိခဲ့ပြီးဧက( ၄၅၀ )မှာခမရ(၄)နှင့်ဌာနဆိုင်ရာအဆင့်ဆင့်တို့မှ
သိမ်းယူခဲ့ခြင်းဖြစ်ကြောင်းဆန္ဒဖေါ်ထုတ်သူလယ်သမားများကပြောသည်။အဆိုပါဆန္ဒဖေါ်ထုတ်ပွဲကို နံနက်(၁၁)နာရီခန့်တွင် ကျေးရွာအုပ်ချူပ်ရေးမှူးရုံးရှေ့၌ ပြီးဆုံးသွားကြောင်းသိရသည်။
                                                                                      

  K3(pyay) ဒီမိုကရေစီတူဒေး

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page