Saturday, June 21, 2014
၂၀၁၄-ခုနှစ်အတွင်းမှာ-အခုလိုလိုင်စဉ်မဲ့ကား-ဖမ်းမိခြင်းမှာ-ပြည်မြို့မှာ-ပထမဆုံးအကြိမ်ဖြစ်...ကိုမင်းညို(DVB) တင်ဆက်သူ...ပြည်သတင်းလူငယ်(ပြည်သတင်း)
ပြည်မြို့တွင် KNU/KNLA နှင့် DKBA လက်နက်ကိုင်အဖွဲ့စည်းတံဆိပ်ပါ လိုင်စဉ်မဲ့မော်တော်ကားနှစ်စီးအား ဖမ်းစီးအရေးယူထားခဲ့ပါတယ်။
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့တွင် KNU/KNLA နှင့် DKBA လက်နက်ကိုင်အဖွဲ့စည်းတံဆိပ်ပါ လိုင်စင်မဲ့မော်တော်ကားနှစ်စီးအား ဖမ်းဆီးစစ်ဆေးအရေးယူထားရှိကြောင်း ပြည်မြို့အမှတ်(၁) ရဲစခန်းမှ သိရသည်။
အဲဒီမော်တော်ကားနှစ်စီးအား ပြည်မြို့ ယဉ်ကျေးမှုရုံနှင့် ရွှေတံချောင်းလမ်း၊ အ.လ.က(၂) ကျောင်းရှေ့ တို့တွင် ဇွန်လ ၁၇ ရက်နေ့နေ့လည် ၁၂ နာရီခွဲခန့်၌လမ်းပေါ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် စစ်ဆေးဖမ်းဆီး ရမိခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် မော်တော်ကားနှစ်စီးအား ပြည်မြို့၊ အမှတ်(၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်ဝင်းနိုင်ဦးမှ တရားလိုပြုလုပ်ကာ အမှုဖြင့်အရေးယူခဲ့တယ်လို့သိရပါတယ်။
“ ¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬ဖမ်းဆီးရမိထားတဲ့ကားနှစ်စီးကတော့ လိုင်စင်မဲ့ကားတွေလို့ယူဆရတယ်။ လက်နက်ကိုင်အဖွဲ့စည်းတွေရဲ့ အမှတ်တံဆိပ်တွေပါပေမယ့် တရားဝင်ထုတ်ပေးထားတဲ့ အုံနာဘုတ်၊ ၀ီးတတ်၊ မြန်မာ့အာမခံလုပ်ငန်းက ထုတ်ပေးထားတဲ့ စာအုပ်တွေမပြနိုင်ဘူး။ သတင်းပေးတိုင်တန်းတဲ့လူတွေရှိလို့ ရှောင်တခင်စစ်ဆေးလိုက်တာပါ။ အခုကတော့ လုင်စဉ်မဲ့ကားတွေဖမ်းဆီးရမိတဲ့ကားတွေနေနဲ့ အမှုဖွင့်တိုင်တန်းအရေးယူထားပါတယ်။ တကယ်လို့လက်နက်ကိုင်အဖွဲ့စည်းတွေကကားဆိုရင်လည်း ကန့်သတ်နယ်မြေရှိတယ်။ အဲဒီအဖွဲ့စည်းတွေက စစ်မှန်တယ်ဆိုရင် အလုပ်ကိစ္စနဲ့သွားလာနိုင်အောင် ခွင့်ပြုထားတာရှိတယ်။ ဒီနယ်မြေတော့မောင်းနှင်ခွင့်မရှိဘူး-လို့ ဒုရဲအုပ်ဝင်းနိုင်ဦးကပြောသည်။
ဖမ်းဆီးရမိထားသည့်ကားနှစ်စီးမှာ KNU/KNLA-PC တံဆိပ်ပါ MARK 2 ခဲမဲရောာင်တစ်စီး၊ ယာဉ်မောင်း ဦးအေးကြူမောင်းနှင်လာသည့်ကားနှင့် DKBA ကလိုထူးဘောစစ်ဌာနချုပ်တံဆိပ်ပါ MARK 2 ခဲဖြူရောင် ယာဉ်မောင်း ထွန်းနိုင်လင်းမောင်းနှင်လာသည့်ကားတို့ဖြစ်ပြီး လိုင်စဉ်အထောက်ထားပြသနိုင်ခြင်းမရှိသည့် အတွက် အမှတ်(၁)ရဲစခန်းတွင် ပအမှတ် ၁၂၄/၂၀၁၄၊ သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ- ၈(၁၀)နှင့် ပအမှတ် ၁၂၅/၂၀၁၄၊ သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ- ၈(၁၀) တို့ဖြင့် အမှုဖြင့်အရေးယူထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။
“ ယာဉ်ထိန်းရဲရဲတပ်ဖွဲ့က အမှုဖွင့်လာတဲ့အတွက် ဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတံဆိပ်ပါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့တည်ဆဲဥပဒေအရ က.ည.န မှာ တရားဝင်လိုင်စဉ်ဝင်ထားတာမရှိတဲ့အတွက် ၀တ်သောက်ကားဆိုပြီး အမှုဖွင့်အရေးယူထားရတာပါ” အမှတ်(၁) ရဲစခန်းမှူးဦးမျိုးဝင်းက ပြောသည်။
ယင်း KNU/KNLA-PC တံဆိပ်အမှတ်သားတွင် မောင်းနှင့်နိုင်သည့်နယ်မြေများအဖြစ် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်သာမောင်းနှင် အသုံးပြုနိုင်ကြောင်း ရေးသားဖော်ပြထားပြီး ပဲခူးတိုင်းဒေသကြီးမပါဝင်ကြောင်းရေးသားဖော်ပြ ထားကြောင်း ရဲစခန်း၏ သက်သေခံပစ္စည်းသိမ်းဆည်း ထားမှုအရသိရသည်။
၂၀၁၄-ခုနှစ်အတွင်းမှာ-အခုလိုလိုင်စဉ်မဲ့ကား-ဖမ်းမိခြင်းမှာ-ပြည်မြို့မှာ-ပထမဆုံးအကြိမ်ဖြစ်ပါတယ်/.....
ကိုမင်းညို(DVB)
တင်ဆက်သူ...ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment