Friday, June 20, 2014

ရေခဲ(ပြည်​)

Leave a Comment
ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကား KNU/KNLA ပြန်လာတောင်း
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၁၉
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မော်တော်ယာဉ်မှတ်ပုံတင် အထောက်အထားတစ်စုံတစ်ရာမပြနိုင်၍ လွန် ခဲ့သောနှစ်ရက်က ဖမ်းဆီးထားသည့် 7D /0182 TOYOTA MARK II ခဲမဲရောင်မော်တော်ယာဉ်ကို ပြန် တောင်းရန် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် “ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) ဗိုလ်ကြီးသက်ချိုနှင့်အဖွဲ့ လာ ရောက်ခဲ့သည်ဟု အမှတ်(၁)၊ ရဲစခန်းမှူး ရဲအုပ်မျိုးဝင်းက ဇွန် ၁၉ ရက် ပြောသည်။
“မြို့နယ်မှူးနဲ့သွားတွေ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကားကို ပြန်လိုချင်တယ်။ ဌာနသုံးကားဘာ ကြောင့်ဖမ်းတာလဲဆိုတာ သိချင်တယ်”ဟု ၎င်းကဆိုသည်။ ဇွန် ၁၇ရက်က ပြည်မြို့၊ န၀င်းရပ်ကွက်၊ သံ တစ်ချောင်းလမ်းယဉ်ကျေးမှုခန်းမရှေ့တွင် ရွာဘဲ ရပ်ကွက်၊ မူယာပင်ရပ်၊ ဗိုလ်ချုပ်လမ်းနေ ဦးအေးကြူ မောင်းနှင်လာသည့် အဆိုပါ မော်တော်ယာဉ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးစဉ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် သည်။
အမှတ်(၁)ရဲစခန်း၊ စခန်းမှူးက အဆိုပါယာဉ်နှင့်စပ်လျဉ်း၍ ဥပဒေအတိုင်း တရားစွဲဆိုသွားမည်ဟု ပြော သည်။ KNU/KNLA အဖွဲ့ သွားရောက် ခဲ့သည့် ပြည်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တပ်ဖွဲ့မှူး ဦးမြင့်ဦးက “မြို့နယ်မှူး အစည်းအဝေးလုပ်နေလို့ မတွေ့လိုက်ရဘူး”ဟု မဇ္ဈိမကို ပြောသည်။
ဇွန်၁၇ရက်တစ်ရက်တည်း၌ပင် DKBA ကလို့ထူးဘောစစ်ဌာနချုပ် တံ ဆိပ်ပါ MARK II ခဲဖြူရောင်တစ်စီး သိမ်းဆည်းထားသေးသည်ဟု ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ပြည်သတင်းလူငယ် တင်ဆက်သည

0 comments:

Post a Comment

Facebook Like Page