အးငြိမ်းရာသုသာန် အမြင်တင့်တယ်ရေး အဆင့်မြှင့်မည်
ရေခဲ(ပြည်)
ပြည်၊ ဇွန် ၁၆
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့ အေးငြိမ်းရာသုသာန်ကို အမြင်တင့်တယ်စေရေးပြုပြင်နေသည်ဟု မိုးမေတ္တာ နာရေး ကူညီမှုအသင်းအတွင်းရေးမှူး ဦးညီညီအောင်က ပြောသည်။
“သုသာန်ကို မသွားအပ်မလာအပ် တဲ့ နေရာဖြစ်တယ်လို့ မြင်ကြတယ်။ အဲဒီလိုအမြင်တွေမရှိအောင်လို့ လှလှ ပပ ဖြစ်အောင် အဆင့်မီအောင် ဖန်တီးနေတယ်။ နိုင်ငံခြားမှာဆို အားလပ်ရက် အပန်းဖြေ ကြ တာမျိုးတွေရှိတယ်”၎င်းက ဆိုသည်။
စီမံကိန်းတွင် ပါဝင်သည့် (ပေ၆၀ ထ ပေ ၄၆) တရားနာ နားနေဆောင်တစ်ခုကို ဇူလိုင်ကုန်အပြီး ဆောက် လုပ်နေသည်။ထို့ပြင် သုသာန်အ၀င် မုဒ်ဦး၊ ကားရပ် နားရန်နေရာ၊ အ၀င် အထွက် လမ်း၊ အရိုးပြာမြှုပ်ရန် နေရာ၊ ထင်းဂိုဒေါင်၊ မီးသ င်္ဂြုံဟ်စက် ၀န်ထမ်းအိမ်ရာ၊ ရေတွင်းနှင့်ရေမြောင်းများ ဆောင်ရွက် သွားမည် ဖြစ်သည်။
အသင်းသည် ထင်းကို လောင်စာ အဖြစ် အသုံးပြုမည့် မီးသင်္ဂြုံဟ်စက်တစ်လုံးကိုအေးငြိမ်းရာ သုသာန်အ တွင်းအသုံး ပြုရန်ဆောက်လုပ်ခဲ့သေးသည်။ သို့သော် သုသာန် အဆင့်မြှင့်တင်မှုပြီး မှသာစတင်အသုံး ပြုရန် စီစဉ်ထားသည်။ လုပ်ငန်းအားလုံးကို သြဂုတ်လအပြီး ဆောင်ရွက်ရန် မျှော်မှန်းထားသော်လည်း အလှူငွေများ လိုအပ်နေသည်။
အလှူငွေများကို ဦးစိုးမိုးနိုင် (ဥက္ကဋ္ဌ) ဖုန်း ၀၉၄၂၃၆၇၅၉၄၅ ၊ ဦးညီညီအောင် (မိုးမေတ္တာနာရေးကူညီမှုအ သင်းအတွင်းရေးမှူး) ဖုန်း ၀၉၄၂၃၆၇၀၁၁၁ နှင့် မိုးမေတ္တာနာရေးကူညီမှုအသင်းရုံးဖုန်း ၀၉၄၉၅၀၀၂၆၀ များသို့ ဆက် သွယ်လှူဒါန်းနိုင်သည်။
တင်ဆက်သူ ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment