ထရီပိုလီ သြဂုတ် ၂၃
လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်း မြို့ဖြစ်သည့် ထရီပိုလီတွင် သြဂုတ် ၂၃ ရက်က ဗုံးပေါက် ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ ၂၇ ဦး သေဆုံးပြီး ၃၈၅ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အလီဟက်ဆန်ခါလီက သတင်းထောက်များအား ပြောကြားခဲ့သည်။ အဆိုပါ ပထမဆုံး ပေါက်ကွဲမှုမှာ အယ်လ်တာကွာဗလီ၏ သောကြာနေ့ ဝတ်ပြုဆုတောင်းသူ အများဆုံး အချိန်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး မကြာမီမှာပင် ဝန်ကြီးချုပ် နာဂျစ်မီကာတီ နေထိုင်ရာ အနီးအနားရှိ အယ်လ်ဆာလမ်ဗလီတွင် ဒုတိယ အကြိမ် ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ဘနွန် နိုင်ငံတွင် မတည်မငြိမ် မှုများ ဖြစ်ပွားလျက် ရှိပြီး ပြီးခဲ့သော သီတင်းပတ်ကပင် နိုင်ငံတောင်ပိုင်း ဘေရွတ်၌ ကားဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၂၄ ဦး သေဆုံးကာ ၂၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment