မြို့ရွာက အမှိုက်ကို ပထမအဆင့်ကောက်ယူပြီး လွှတ်တော်ထဲကအမှိုက်ကို ဒေါ်အောင်ဆန်းစုကြည် ကောက်လိမ့်မည်ဟုဆို
ပြည်၊ဒီဇင်ဘာ၊၁၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် အရပ်ဖက်အဖွဲ့အစည်းများ၊ဘဏ်ဝန်ထမ်းများ၊ဒေသခံပြည်သူများ၊အစိုးရ၀န်ထမ်းတစ်ချို့ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီများ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၇နာရီမှစတင်ကာ မြို့တော်သာယာလှပစေရေးအတွက် အမှိုက်ကောက်ခြင်းလုပ်ငန်းများ ပြည်မြို့တစ်မြို့လုံးနေရာခွဲ၍ လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
အဆိုပါအမှိုက်ကောက်ခြင်းများပြုလုပ်သည့်အဖွဲ့များထဲတွင် ထူးခြားစွာ ဆရာတော်တစ်ချို့လည်းပါရှိလာခဲ့ပြီး အမှိုက်ကောက်ခြင်းဟာ ၀ိနည်းထဲမှာ မကောက်ရဘူးဆိုတာ မပါသည့်အကြောင်း နှင့် မြို့ရွာက အမှိုက်ကို ပထမအဆင့်ကောက်ယူပြီး လွှတ်တော်ထဲကအမှိုက်တွေကိုတော့ ဒေါ်စုက ကောက်လိမ့်မယ်ဟု ယခုလိုမိန့်ကြားသွားခဲ့သည်။
“၀ိနည်းထဲမှာ အမှိုက်မကောက်ရဘူးလို့မပါဘူး။ လယ်တီဆရာတော်နဲ့မင်းကွန်းဆရာတော်တွေတောင် တံပျက်စီးထမ်းပြီး အမှိုက်ကောက်အမှိုက်သိမ်းတာတွေလုပ်ခဲ့ကြသေးတယ်။ အပြင်ကအမှိုက်တွေအပြင် စိတ်ထဲကအမှိုက်တွေပါကောက်ယူရမယ်။ခုလိုမကြာခဏကောက်ပေးမယ်ဆို အားလုံးပြောင်းလဲသွားမှာပါ။ ပထမအဆင့် ဒီမြို့ရွာတွေက အမှိုက်တွေကောက်မယ်။ ဒေါ်စုက လွှတ်တော်ထဲကအမှိုက်တွေ ကောက်မယ်။အဲဒါကြောင့် ၀ိုင်းဝန်းလုပ်အာပေးရတာ။ပြည်သူညီရင် အားလုံးအောင်မယ်။မညီရင်မအောင်ဘူး။” ဟု အောင်လံမြို့နယ် ကျီဟက်ကုန်းကျောင်း ဆရာတော် ဥုံးဝိသုန္ဒ ကမိန့်သည်။
ယခုလိုအမှိုက်ကောင်းခြင်းများကို အမျိုးသား မိုကရေစီအဖွဲ့ချုပ်ပါတီက နှစ်ပတ်တစ်ကြိမ်ပြုလုပ်သွားမှာဖြစ်ပြီး ပြည်ဒေသခံရပ်ကွက်နေပြည်သူလူငယ်တွေကလည်း ပါဝင်ကူညီ၍ မြို့တော်သန့်ရှင်းသာယာရေးအတွက် ပှုးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
“ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုပါ။အမှိုက်ကောက်တာရှက်စရာ မဟုတ်ပါဘူး။ စည်းကမ်းမရှိ အမှိုက်ပစ်တာကရှက်စရာပါ။ ပြည်သူတွေပှုးပေါင်းပါဝင်မှုအားကောင်းတယ်။ ပါတီနဲ့အသင်းအဖွဲ့ ကျွန်တော်သိသလောက် အင်အား ငါးရာလောက်ရှိပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ် ဦးကျော်ဇေယျ ကပြောသည်။
ပြည်မြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ခေတ္တရာနာ/ကူအသင်း၊မိုးမေတ္တာနာ/ကူအသင်း၊အစိမ်းရောင်မျိုးဆက်အဖွဲ့၊ပင်စင်ယူ အငြိမ်းစားကြီးများ၊မြန်မာ့ရှေ့ဆောင်ဘဏ်ဝန်ထမ်းများ၊၈၈ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊အခြားအသင်းအဖွဲ့များ နှင့် ပြည်ဒေသခံရပ်ကွက်နေပြည်သူများ တို့သည် နေရာခွဲ၍ ပြည်မြို့နယ်အတွင်း အမှိုက်ကောက် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
K3(pyay)
0 comments:
Post a Comment