Sunday, September 20, 2015

ပြည်နှင့် မကွေးတွင် ဟစ်ဟော့ပ် ဖျော်ဖြေပွဲ ပြုလုပ်မည်

Leave a Comment



လူငယ်ဟစ်ဟော့ပ် အဆိုရှင်များပါဝင်သီဆိုမည့် ဖျော် ဖြေပွဲကို ပြည်နှင့် မကွေးမြို့များ တွင် အောက်တိုဘာအတွင်း ပြု လုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုဘိုစန်းက ပြောသည်။

ပြည်မြို့တွင် အောက်တိုဘာ ၁၁ ရက်၌ ပြုလုပ်မည်ဖြစ်ပြီး မကွေးမြို့တွင် အောက်တိုဘာ ၁၈ ရက်၌ ပြုလုပ်မည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲများတွင် ထွန်းထွန်း (Examplez)၊လွှမ်းပိုင်၊ ရဲရင့်အောင်၊ Bobby Soxer၊ ၀ါ ဆိုမိုးဦး၊ နန်းဆုဦးနှင့် Red Lip Girl အဖွဲ့တို့ ပါဝင်သီဆိုမည်ဖြစ် သည်။

ယင်းဖျော်ဖြေပွဲအတွက် လက်မှတ်ရောင်းချမည်မဟုတ်ဘဲ Ve Ve အချိုရည်ဘူးများ ၀ယ်ယူရုံ ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။

ပြည်မြို့တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကို ပြည်မြို့နယ် ဘောလုံးကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၁၁ရက် နေ့လယ် ၂ နာရီမှ ည ၇ နာရီအထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။

ယင်းဖျော် ဖြေပွဲအတွက် ရွှေတချောင်းလမ်း ရှိ ရလဒ်စတိုးနှင့်ပါရမီရှင် မီနီ မတ်တို့တွင် Ve Ve အချိုရည် သုံး ဘူးဝယ်ယူ၍ လက်မှတ်ထုတ်ယူ နိုင်သည်။

7DayDaily


0 comments:

Post a Comment

Facebook Like Page