Wednesday, June 10, 2015

ပြည်မြို့တွင်အရက်သောက်ပြီး ယဉ်မောင်းသူ ကွမ်းဆိုင် ခြံစည်းရိုး အုတ်တံတိုင်းများဝင်တိုက်ခဲ့

Leave a Comment

ပြည်မြို့တွင်အရက်သောက်ပြီး ယဉ်မောင်းသူ ကွမ်းဆိုင် ခြံစည်းရိုး အုတ်တံတိုင်းများဝင်တိုက်ခဲ့

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် တောင်ဥက္ကလာပမြို့၊တကောင်း(၅)လမ်း၊အမှတ်(၅)ရပ်ကွက်နေထိုင်သူ ကိုသန့်ဇင် မှ ဇွန်လ ၅ရက်နေ့ နံနက် ၂-နာရီအချိန်ခန့်တွင် ပြည်မြို့ န၀ဒေးလမ်းမကြီးလမ်း န၀ဒေးတံတားလမ်းဆုံဘက်မှ ဗိုလ်ချုပ်လမ်းဘက်သို့မောင်းနှင်လာရာ အရှိန်မထိမ်းနိုင်ဘဲ သုံးဆင့်ဝင်တိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါယဉ်တိုက်မှုတွင် ပြည်မြို့ ရွာဘဲနယ်မြေ ပွင့်လှသိမ်ကုန်းအနောက်ရပ်ကွက်တွင် TOYOTA SURF မော်တော်ယဉ်တစ်စီးမှ မှုးယစ်သေစာသောက်စားပြီး မောင်းနှင်လာရာ လမ်းဘေးရှိကွမ်းယာဆိုင်ကိုဝင်တိုက်ပြီး အနီးမှ အိမ်ခြံစည်းရိုးဝင်တိုက်ခဲ့ပြီးနောက် အုတ်တံတိုင်းအားတိုက်ခဲ့ပြီး မော်တော်ယဉ် အရှေးခြမ်းကြေမွသွားကြောင်းသိရသည်။
“ညနှစ်နာရီလောက်ကဖြစ်တာ ဖြစ်ဖြစ်ခြင်းစခန်းအကြောင်းကြားတော့တာဝန်ရှိသူတွေစစ်ချက်တွေယူသွားကြတယ် ယဉ်မောင်းကမှုးနေတာ ယဉ်မောင်းလည်းဒဏ်ရာရထားတာတွေ့ရတယ် ကျန်တဲ့သူတွေတော့ဘာမှမဖြစ်ဘူး ညနှစ်နာရီဆိုတော့ကံကောင်းတာ တခြားချိန်ဆို ကွမ်းဆိုင်မှာလည်းဝယ်သူတွေနဲ့ အားလုံးသုံးယောက် နှစ်ယောက်က ညကတည်းကထွက်ပြေးသွားကြတယ် ကျွန်တော့အိမ်အရှေ့ပိုင်းက သိန်း၂၀ လောက်ပျက်စီသွားတယ်” ဟု ကိုဘိုဘို မှသမဂ္ဂဂျာနယ်သို့ ပြောသည်။
ယဉ်တိုက်မှုနှင့်ပတ်သက်ပြီး ယဉ်မောင်းကိုသန့်ဇင်အား ယဉ်မဆင်မခြင်မောင်းနှင်သူအား ယဉ်ထိန်း တပ်ကြပ်ကြီး မျိုးမင်းဦး မှ တိုင်ကြားခဲ့သဖြင့် ဇွန် ၅ရက်နေ့မှာ (ပ)၄၁/၂၀၁၅၊ပြစ်မှုပုဒ်မ-၃၃၇ ဖြင့်အမှုဖွင့်ခဲ့ရာ ပြည်မြို့မစခန်း ဒုရဲအုပ် လှိုင်မိုးဝေ မှစစ်ဆေးလျှက်ရှိပြီး ယဉ်တိုက်မှုတွင် ပျက်စီးဆုံးရှုံးမှုစုစုပေါင်းတန်ဖိုး သိန်းသုံးဆယ် ခန့်ရှိရာ ယဉ်မောင်းကိုသန့်ဇင် တွင်စိုးရိမ်ဒဏ်ရာ မရှိကြောင်း မြို့မှစခန်းစသိရသည်။
မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်...
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉

0 comments:

Post a Comment

Facebook Like Page