Friday, June 12, 2015
ကျောက်စုတ်စက်လှေများကြောင့်မြစ်ကမ်းပါးပြိုခြင်း၊ပတ်ဝန်းကျင်ဆူညံခြင်းဖြစ်သည်ဟု ဆင်တဲကျေးရွာဒေသခံများကဆို ပြည့်သဲမောင်(ပြည်) 09 4236 71883
ကျောက်စုတ်စက်လှေများကြောင့်မြစ်ကမ်းပါးပြိုခြင်း၊ပတ်ဝန်းကျင်ဆူညံခြင်းဖြစ်သည်ဟု ဆင်တဲကျေးရွာဒေသခံများကဆို
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ဆင်တဲကျေးရွာတွင် ကျောက်စုတ်စက်လှေများကြောင့်မြစ်
ကမ်းပါးပြိုခြင်းများဖြစ်ပွားနေကြောင်း သေသခံများကပြောသည်။
အဆိုပါကျောက်စုတ်စက်လှေများသည်နံနက်(၅)နာရီမှစတင်ပြီး ကျောက်စုတ်
စက်လှေ ဆယ်စီးလောက်က ကျောက်များစုတ်သည့်အတွက် အနီးအနား
ရှိနေအိမ်များက ကမ်းပါးပြိုမှုများ၊အသံဆူညံမှုများဖြစ်ပွားကြောင်း ဆိုသည်။
“မိုးမလင်းသေးဘူး စက်လေစက်လှေတွေက အဆင်သင့်ရောက်နေပြီး
၊(၅)နာရီထိုးတာနဲ့စပြီးစုတ်တော့တာပဲ၊ပတ်ဝန်းကျင်နားမခံသာအောင်ပါပဲ ၊
သူတို့စက်လှေတွေကတစ်ပြိုင်ထဲ (၇)စီးလောက်စုတ်တော့ဘယ်ခံနိုင်ပါတော့
မလဲ၊အခုဆိုရင် ကမ်းပါးတွေပြိုတဲ့အတွက်အာယုဒီဃဘုန်းကြီးကျောင်းနှင့်အေး
သီတာရုမ်ဆုတောင်း ပြည့်ကျောင်းဝန်းမြေသားနံရံတွေပြိုကျကုန်ပြီ၊နောက်ဆိုရင်
ကျောင်းပြိုဖို့ပဲကျန်တော့တယ်”ဟု ဆင်တဲကျေးရွာ နေရပ်မိရပ်ဖတစ်ဦးက
ပြောသည်။
" ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ သတ်မှတ်ထား
တဲ့ဥပဒေအတိုင်း ငါတို့ဆီက လုပ်ငန်းလိုင်စင်ချပေးတာ။ဒါပေမယ့် သူတို့လုပ်
ငန်းရှင်ကို သူ့အကွက်နဲ့သူလုပ်ဖို့အခြားသူရဲ့အကွက်ကိုဝင်ရောက်လုပ်ကိုင်
ရင် လုပ်ငန်းလိုင်စင်သိမ်းတာတို့၊ လုပ်ငန်းရပ်ပစ်တာတို့တော့ရှိတယ်။ လုပ်ငန်း
ရှင်တွေ ကတော့ အမြဲတမ်းအတိုင်ခံနေရတာပါ။ တိုင်တော့လည်း ရှင်းပေါ့" ဟု ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်အေးအေးမြင့်က ပြော
သည်။
ဇွန်လ(၆)ရက်နေ့ကနံနက်(၁၀)နာရီမှာအဆိုပါကျောက်စုတ်စက်လှေများကိစ္စ
နှင့်ပတ်သတ်ပြီး ဆင်တဲကျေးရွာအုပ်ချူပ်ရေးမှူးရုံးမှာအစည်းအဝေးပြုလုပ်သေး
ကြောင်း၊ အဆိုပါ အစည်းအဝေးကို ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများတက်ခဲ့
ကျကြောင်း အစည်းအဝေးတွင်ကမ်းနှင့် ကိုက်(၂၀၀)ခန့် အကွာကနေပြီး
ကျောက်စုတ်စက်လှေများစုတ်ပေးဖို့တောင်းဆိုခဲ့ကြောင်းသိရသည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ မေးမြန်းရာ "
ကျွန်တော်တို့ဌာနက လုပ်ငန်းလိုင်စင်ချပေးတဲ့ဌာနမဟုတ်ပါဘူး။ ကျောက်စုပ်
စက်လှေ၊ သဲစုပ်စက်လှေတွေနဲ့ပတ်သက်ပြီး ကမ်းပါးပြိုနိုင်ခြင်း ရှိ/မရှိ၊ ရေယာဉ်
လမ်းကြောင်းနှင့်ပတ်သက်ပြီး ရေလမ်းကြောင်းပြောင်းမှုများ ဖြစ်ပေါ်မှုမရှိစေ
ရန်အတွက် ကွင်းဆင်းကာစစ်ဆေးပြီး သဘောထားမှတ်ချက်ပေးရတာပါ။
လိုင်စင်ချပေးခြင်း၊ မချပေးခြင်းက သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးကဘဲ
ချပေးတာပါ" ဟု A.E ဦးလှမျိုး၊ မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဌာနက ပြော
သည်။
ထိုသို့ကျောက်စုပ်စက်လှေများ၊ သဲစုပ်စက်လှေများနှင့်ပတ်သက်ပြီး ပြဿနာတစ်
စုံတစ်ရာဖြစ်လာပါက မိမိတို့ ဌာနက မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ အဆင့်ဆင့်
စစ်ဆေးပြီးဒီစက်လှေများကြောင့် မြစ်ကမ်းပါးပြိုခြင်း၊ မြစ်ကြောင်းရေလမ်းကြောင်း
ပြောင်းခြင်းများဖြစ်လာရင် လုပ်ငန်းလိုင်စင် (၁)နှစ်၊ (၂)နှစ် သို့မဟုတ်
နှစ်အကန့် အသတ်မရှိ ပိတ်သိမ်းရန် ပြန်လည်တင်ပြရပါတယ်ဟု ၄င်းက
ဆက်လက်ပြောသည်။
“အစည်းအဝေးမှာ ကျွန်တော်တို့ဘက်ကကိုက်(၂၀၀) ပေ(၆၀၀)တောင်း
ခဲ့တယ်။ဒါပေမဲ့ ပေ(၅၀၀) ကိုက်(၁၇၀) သာပေးခဲ့တယ်။ဘောတားမယ် အဲဒီအထဲကိုဝင်မစုတ်ပါနဲ့ဆိုပြီးအစည်းဝေးဆုံးဖြတ်ချက်ချခဲ့တယ်။ အစည်းအဝေးပြီးနောက်နေ့မနက်ကျတော့အရင်စုတ်နေတဲ့အချိန်ထက်စောပြီး
ကမ်းကိုအရမ်းကပ် စုတ်နေ တယ်။ဒါကြောင့် ကျေးရွာသူ/ရွာသားတွေ ပူးပေါင်းပြီး
တိုင်းဒေသကြီးအစိုးရကို စာတင်တိုင်ကြားဖို့ စီစဉ်ထား တယ်’’
ဟု ရပ်မိရပ်ဖများကပြောသည်။
ဆင်တဲကျေးရွာ အုပ်ချုပ်ရေးမှူးအားမေးမြန်းရာ “အစည်းအဝေးဆုံးဖြတ်ချက်
အတိုင်း ကျွန်တော်တို့ဘက်ကအခုပေ(၅၀၀)ဘောကွင်းချဖို့စီစဉ်နေပါတယ်။
ငါတို့ဘက် လုပ်သင့်တာကိုလုပ်နေတယ်။”ဟု ဆင်တဲကျေးရွာအုပ်ချုပ်ရေးမှူး
ဦးကြည်ဆင့်ကပြောသည်။
အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်ချထားသည့်အတိုင်း ဘောကွင်းချထားသည့်ဧရိယာ
အတွင်းကျောက်စုတ်စက်လှေများဝင်ရောက်ကျောက်စုတ်ပါကမည်သို့အရေးယူဆောင်ရွက်
သွားမည်ဖြစ်ကြောင်း မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
ပြည့်သဲမောင်(ပြည်)09 4236 71883
0 comments:
Post a Comment