Friday, May 15, 2015
လယ်သမား၊အလုပ်သမား၊ကျောင်းသားများအမြန်ဆုံးလွှတ်ရန် ပြည်မြို့တွင်တစ်ကိုယ်ဆန္ဒထုတ်ဖော်
လယ်သမား၊အလုပ်သမား၊ကျောင်းသားများအမြန်ဆုံးလွှတ်ရန် ပြည်မြို့တွင်တစ်ကိုယ်ဆန္ဒထုတ်ဖော်
ပြည်-မေ-၁၅
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့မှာ မေလ(၁၄)ရက်နေ့ မနက် ၉-နာရီအချိန်ခန့်တွင် ပြည်မြို့
ဆံတော်ရပ်ကွက် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့ကြောင်းသိရသည်။
ဖမ်းစီးခံ အလုပ်သမား၊လယ်သမား၊ကျောင်းသားများအားပြန်လွှတ်ပေးရန်တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုမှု့များကို ငါးမိနစ်ခန့်သာ ပြုလုပ်ပြီး နယ်မြေခံရဲများမှ လာရောက်ခေါ်ဆောင်သွားကြောင်းတစ်ကိုယ်တော်ဆန္ဒပြသူ ကိုစန်းလွင် မှပြောသည်။
“ မနေ့ကဆန္ဒထုတ်ဖော်တာ တစ်ယောက်တည်းပဲ ငါးမိနစ်လောက်တောင်းဆိုနေတုန်းမှာ ရဲတွေလာခေါ်လို့လိုက်သွားလိုက်ရတယ် မြန်မာပြည်တပြည်လုံးမှာ လယ်ယာတွေသိမ်းထားတာမနည်းဘူး လယ်သိမ်းပြီး လယ်သမားတွေထောင်ချခံရတယ် ပညာရေးအတွက် ကျောင်းသားတချို့လည်း ရိုက်နှက်ခံရပြီး ထောင်ချထားခံနေရတယ် တနေ့ဝမ်းစာအတွက် အလုပ်သမားတချို့လည်း ထောင်ချခံထားရတယ် ဒါတွေဟာအချိန်ကြာလာတော့ ကျွန်တော်မခံမရပ်နိုင်ဖြစ်ပြီး သူတို့တွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုတာ အသက်ပေးဖို့လည်းဝန်မလေးပါဘူး “ ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ကိုစန်းလွင်မှပြောသည်။
“ ပုဒ်မ-၁၈ မမြောက်ပဲတရားစွဲထားတာ သူဆန္ဒဖော်ထုတ်ချိန်က ဘာဗွီနိုင်း စာရွက်စာတမ်းဝေငှ ပိုစတာ ဘာဆိုဘာမှမပါပဲ လူ့အခွင့်အရေးအရသူတောင်းဆိုသွားတာပဲ ဒါက ပုဒ်မ-၁၈ မမြောက်ဘူး တရားသူကြီးတွေသေချာစဉ်းစားဖို့လိုပါတယ် “ ဟု ပြည်မြို့နေထိုင်သူ နိုင်/ကျဉ်း-ဟောင်း ဦးကျော်ဆန်း မှပြောသည်။
တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူသည် စစ်တပ် စစ်တန်းလျားမှာပဲနေ ကာကွယ်ရေး ကာကွယ်ရေးနေရာမှာနေ ဖမ်းဆီးထားသော လယ်သမား ၊ အလုပ်သမား ၊ ကျောင်းသားများအား ချက်ချင်းလွှတ်ဟူသောကြွေးကြော်သံများဖြင့်ကြွေးကြော်ခဲ့ပြီး ခွင့်ပြုချက်တစ်စုံတရာတောင်းခံခြင်းမရှိသောကြောင့် ချက်ချင်းဆိုသလို ပြည်မြို့မရဲစခန်းမှ တာဝန်ရှိသူများလာရောက်ခေါ်ဆောင်သွားခဲ့ပြီး အဲဒိနေ့မှာပဲ (ပ)၃၉၃/၂၀၁၅ စီတန်းပုဒ်မ(၁၈)ဖြင့် အရေးယူအမှု့ဖွင့်ခဲ့ပြီး မေလ-၁၅ ရက်နေ့မနက်မှာ ပြည်မြို့နယ်တရားရုံးတွင် ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံရရှိပြီး ထိုအမှု့အား ယခုလာမည့် မေလ-၂၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်းသိရသည်။
K3(pyay)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment