ပြည်မြို့တွင်
ဘုရားမီးပူဇော်ရာမှနေအိမ်မီးကူးစက်လောင်ကျွမ်းခဲ့
ပြည့်သဲမောင်(ပြည်) 09
4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲရပ်ကွက်တွင်
ဘုရားမီးပူဇော်ရာမှတဆင့်နေ အိမ်မီးစက်လောင်ကျွမ်းကြောင်းသိရသည်။
(၁၃.၅.၂၀၁၅)ရက်နေ့
ည(၇)နာရီ (၂၀)အချိန်ခန့်တွင် ပြည်မြို့ရွာဘဲရပ်ကွက် ၊သစ္စာဘုန်းကြီး
ကျောင်းဝန်းအတွင်းနေ
ဒေါ်တင်ကြိုင်(၇၀)နှစ်(ဘ)ဦးအောင်ထွန်း ဈေးရောင်းသူ၏(၁၀x၁၅)
ပေရှိ
သွပ်မိုး၊ထရံကာ၊ပျဉ်ခင်းနေအိမ်တွင် ဘုရားမီးပူဇော်ရာမှမီးကူးစက်လောင်ကျွမ်းခဲ့ပြီး
ဆုံး
ရှုံးမှုတန်ဖိုး(၅၀၀၀၀)ခန့်ဆုံးရှုံးသွားကြောင်း
မီးသတ်ဦးစီးဌာနမှသိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့
သန္ဓေမီးသတ်ယာဉ် (၃)စီး၊အရန်မီးသတ်ယာဉ်(၅)စီးဖြင့်
မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများက
မီးဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်းနှင့်အခြားနေအိမ်
များသို့
မီးကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့။
ထို့ကြောင့်
ဒေါ်တင်ကြိုင်အားအရေးယူပေးပါရန် ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးဝင်းညွန့်
မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့်
ပြည်မြို့မရဲစခန်း(ပ)၃၃၈/၂၀၁၅ ၊ပြစ်မှုပုဒ်မ-၂၈၅ အရ
အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး
အမှုအား ဒုရဲအုပ်လှိုင်မိုးဝေမှလက်ခံစစ်ဆေးလျှက်ရှိကြောင်း
သိရသည်။
ပြည့်သဲမောင်(ပြည်) 09
4236 71883
0 comments:
Post a Comment