Wednesday, May 6, 2015

ပြည်မြို့တွင် အမျိုးသားတစ်ဦးရထားကြိတ်ခံရ၍သေဆုံး ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment



ပြည်မြို့တွင် အမျိုးသားတစ်ဦးရထားကြိတ်ခံရ၍သေဆုံး

ပိုင်ထူး(ပြည်) 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ရွှေတံခါးဘူတာအနီးတွင်မေလ(၆)ရက်နေ့ နံနက်(၆း၃၀)နာရီအချိန်ခန့် အမျိုးသားတစ်ဦးရထားကြိတ်ခံရ၍သေဆုံးသွားကြောင်း
သိရသည်။

ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်းအရှေ့(၃)မိုင်ခန့် ရွှေတံခါးဘူတာအနီး ၊မိုင်တိုင်အမှတ်(၁၅၇/၁၇) နှင့်(၁၅၇/၁၈)ကြားတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးနေကြောင်းသတင်းအရ စခန်းမှူး ရဲအုပ် စိုးလှိုင်ဦး ၊
တာဝန်မှူးဒုရဲအုပ် ဟိန်ဝဏ္ဏနှင့်အဖွဲ့သည်သက်သေများနှင့်အတူသွားရောက်ကြည့်ရှု့
စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်ကြည့်ရှု့စစ်ဆေးရာတွင် အောင်ပြည့်စိုး(၁၈)နှစ် ကျဘမ်းလုပ်
တာဂွ ၊ရွှေတံခါး ရပ်ကွက် ၊ပြည်မြို့နေသူသည် ရထားသံလမ်းပေါ်ခေါင်းအုံးအိပ်ပျော်နေစဉ်
ပခုက္ကူမှရန်ကုန် သို့ ထွက်ခွာသည့်အမှတ်(၆၂)အစုန် အမြန်ရထားဖြင့်ကြိတ်မိ၍ ဦးခေါင်းခွံကွဲ(ဦးနှောက်ထွက်)ဒဏ်ရာ၊ ဝဲ/ယာလက်နှစ်ဖက်ပြတ်ဒဏ်ရာများဖြင့်
 သေဆုံးနေသည် စစ်ဆေးတွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ပြည့်စိုးသည် ဓမ္မတာအတိုင်းသေဆုံးခြင်း
ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးပေးပါရန် ဒုရဲအုပ်ဟိန်းဝဏ္ဏမှ သတင်းပေးချက်
အရ  ပြညါအမှတ်(၃)နယ်မြေရဲစခန်းသေမှုသေ ခင်းအမှတ်စဉ်(၅/၂၀၁၅)ဖြင့် 
အမှုရေးဖွင့်ထားရှိကာ အမှုအား ရဲအုပ်စိုးလှိုင်ဦးမှလက်ခံစစ်ဆေးလျှက်ရှိ ကြောင်း
သတင်းရရှိသည်။

ပိုင်ထူး(ပြည်)

0 comments:

Post a Comment

Facebook Like Page