ပြည်မြို့တွင်
အမျိုးသားတစ်ဦးရထားကြိတ်ခံရ၍သေဆုံး
ပိုင်ထူး(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ရွှေတံခါးဘူတာအနီးတွင်မေလ(၆)ရက်နေ့
နံနက်(၆း၃၀)နာရီအချိန်ခန့် အမျိုးသားတစ်ဦးရထားကြိတ်ခံရ၍သေဆုံးသွားကြောင်း
သိရသည်။
ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်းအရှေ့(၃)မိုင်ခန့် ရွှေတံခါးဘူတာအနီး
၊မိုင်တိုင်အမှတ်(၁၅၇/၁၇) နှင့်(၁၅၇/၁၈)ကြားတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးနေကြောင်းသတင်းအရ
စခန်းမှူး ရဲအုပ် စိုးလှိုင်ဦး ၊
တာဝန်မှူးဒုရဲအုပ် ဟိန်ဝဏ္ဏနှင့်အဖွဲ့သည်သက်သေများနှင့်အတူသွားရောက်ကြည့်ရှု့
စစ်ဆေးခဲ့သည်ဆို၏။
ထိုသို့သွားရောက်ကြည့်ရှု့စစ်ဆေးရာတွင် အောင်ပြည့်စိုး(၁၈)နှစ်
ကျဘမ်းလုပ်
တာဂွ ၊ရွှေတံခါး ရပ်ကွက် ၊ပြည်မြို့နေသူသည် ရထားသံလမ်းပေါ်ခေါင်းအုံးအိပ်ပျော်နေစဉ်
ပခုက္ကူမှရန်ကုန် သို့ ထွက်ခွာသည့်အမှတ်(၆၂)အစုန် အမြန်ရထားဖြင့်ကြိတ်မိ၍ ဦးခေါင်းခွံကွဲ(ဦးနှောက်ထွက်)ဒဏ်ရာ၊
ဝဲ/ယာလက်နှစ်ဖက်ပြတ်ဒဏ်ရာများဖြင့်
သေဆုံးနေသည် စစ်ဆေးတွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။
ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ပြည့်စိုးသည် ဓမ္မတာအတိုင်းသေဆုံးခြင်း
ဟုတ်/မဟုတ်
စုံစမ်း စစ်ဆေးပေးပါရန် ဒုရဲအုပ်ဟိန်းဝဏ္ဏမှ သတင်းပေးချက်
အရ ပြညါအမှတ်(၃)နယ်မြေရဲစခန်းသေမှုသေ ခင်းအမှတ်စဉ်(၅/၂၀၁၅)ဖြင့်
အမှုရေးဖွင့်ထားရှိကာ အမှုအား ရဲအုပ်စိုးလှိုင်ဦးမှလက်ခံစစ်ဆေးလျှက်ရှိ ကြောင်း
သတင်းရရှိသည်။
ပိုင်ထူး(ပြည်)
No comments:
Post a Comment