အဆောင်နေကျောင်းသားဘဝ
၁၉၉၁ နှစ်ဆန်းပိုင်းတွင် သုံးနှစ်တာပိတ်ထားခဲ.သော တက္ကသိုလ်ကောလိပ်များးပြန်ဖွင်.ပါသည် ။ ကျွန်တော်လည်း ပြည်မြို.တွင်ပျော်ရွှင်စွာနေလာခဲ.ရာမှ ပညာသင်ကြားရန် ရန်ကုန်တက္ကသိုလ်ဆီသို. ပြည်လည်ရောက်ရှိလာရပြန်သည် ။ ကျွန်တော်တို.ကျောင်းသားများကြောင်. ၈၈ အရေးအခင်းဖြစ်ပေါ်ခဲ.သည်ဖြစ်ရာ အစိုးရသည် ကျောင်းသားများကို အလေးထားကြောင်းပြသသည်.အနေဖြင်. ရန်ကုန်ဘူတာကြီးအထိ ကားများဖြင်.လာရောက်ကြိုဆိုကြပါသည် ။ အနယ်နယ်အရပ်ရပ်မှရောက်ရှိလာသော တက္ကသိုလ်ကျောင်းသားးများကို အဆောင်မှူးများ တက္ကသိုလ်မှဆရာများလာရောက်ကြိုဆိုကာ အဆောင်များအထိ ဘတ်(စ်)ကားကြီးများဖြင်.လိုက်လံပို.ဆောင်ကြပါသည် ။ သုံးနှစ်တာခွဲခွာခဲ.ရသော ပင်းယဆောင်သို.ရောက်သောအခါ အားလုံးသည် မနေ.တစ်နေ.ကလိုပင်ခံစားရကာ သူငယ်ချင်းချင်းပြန်ဆုံကြရာမှ ကျောင်းပိတ်စဉ်ကာလများအကြောင်းကိုပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေကြပါသည် ။ သူငယ်ချင်းများကိုတွေ.သဖြင်.၀မ်းသာရသလို အဆောင်မှ ထမင်းချက် ၊စားပွဲထိုး ၊ လုံခြုံရေးအစောင်.များကိုပြန်တွေ.ရသဖြင်.တစ်ယောက်နှင်.တစ်ယောက် ၀မ်းသာအားရ ဖက်လှဲတကင်းနှုတ်ဆက်မိကြသည် ။ အဆောင်မှဝန်ထမ်းများသည် ကျောင်းပိတ်ထားသည်.ကာလများအတွင်းလခရသော်လည်း အဆောင်နေကျောင်းသားများမရှိသဖြင်. အလွန်ပျင်းစရာကောင်းကြောင်း ၊ ဘာအလုပ်မှမယ်မယ်ရရမရှိသဖြင်. ကျောင်းပြန်ဖွင်.မည်.နေ.ကိုပဲမျှော်နေကြကြောင်းပြောပါသည် ။ အရာရာသည် အရင်ကအတိုင်းပင်မပြောင်းမလဲရှိလေသည် ။ ပြောင်းလဲမှုဆို၍ အဆောင်ကြေးယခင်ကတစ်လလျင် (၁၂၀ )ကျပ်ပေးရရာမှ ယခုအခါ တစ်လ (၄၀၀ )ကျပ်ဖြစ်သွားခြင်းဖြစ်သည် ။ သုံးနှစ်တာကာလအတွင်း ဈေးနှုန်းများ သုံးဆကျော်တက်သွားခြင်းဖြစ်သည် ။ ယခင်ကလဘက်ရည်တစ်ခွက် တစ်ကျပ်သာပေးရသော်လည်း ၁၉၉၁ ခုတွင် လက်ဘက်ရည်တစ်ခွက် သုံးကျပ် ၊ ၁၉၉၃ တွင် ငါးကျပ်ခန်.ရှိလာပေသည် ။ ယခင် ၁၉၈၈ ခုနှစ်က ကျောင်းသွားလျင် ကားခ ငါးမူး သာပေးရသည် ။ပိုက်ဆံအကြွေများကိုဖောဖောသီသီ အသုံးပြုကြသေးသည် ။ ယခုကျောင်းပြန်ဖွင်.သောအခါ ငါးမူး ၊တစ်မတ် စသောငွေအကြွေစေ.များမှာ မမြင်ရသလောက်ရှားပါးသွားသည် ။ သို.သော် ကျပ်တန်ဟုခေါ်သော တစ်ကျပ်တန်ငွေစက္ကူများကိုတော.အသုံးချနေကြဆဲဖြစ်သည် ။ ယနေ.ခေတ် (၂၀၁၄ )တွင်တော. မြန်မာနိုင်ငံ၏လှည်.ပါတ်အသုံးပြုသောငွေစက္ကူများထဲတွင် တစ်ကျပ်တန် ၊ ငါးကျပ်တန် ၊ တစ်ဆယ်ကျပ်တန် ၊ ဆယ်.ငါးကျပ်တန်ငွေစက္ကူများ အသုံးမပြုကြတော.ပဲကွယ်ပျောက်သွားကာ အသေးဆုံးအဖြစ် ကျပ်ငါးဆယ်တန်ငွေစက္ကူများကိုအသုံးပြုကြပါသည် ။ နောင်တွင် ငါးဆယ်တန်လည်းကွယ်ပျောက်မည်.အရိပ်လက္ခဏာ ရှိသည် ။ ငွေဖောင်းပွမှုနှုန်းဆက်တိုက်တက်နေသောသဘောပင်တည်း ။ အဆောင်သို. ၁၉၈၈ တွင်စရောက်လာစဉ်ကကျွန်တော်တို.သည် အဆောင်တွင်ကျောင်းသားသစ်များဖြစ်သဖြင်. မ၀ံမရဲ ရောက်ရှိလာကြခြင်းဖြစ်သည် ။ အရာရာကိုနောင်တော်ကျောင်းသားကြီးများ လုပ်ကိုင်သည်ကို တစေ.တစောင်းအကဲခတ်အတုယူရင်း နောက်လိုက်ဘ၀ဖြင်.နေခဲ.ရခြင်းဖြစ်သည် ။ ယခုတစ်ကြိမ်ကျောင်းဆောင်သို.ပြန်ရောက်လာသောအခါ ကျွန်တော်တို.မှာ ကိုယ်.ကို.်ကိုယ် ကျောင်းသားသစ်များဟု သဘောမထားကြတော.ပဲ စိတ်ထဲတွင်ရဲဆေးဝင်လျက် ကိုယ်.အိမ်ကိုယ်.ယာကိုပြန်ရောက်လာသလိုခံစားရလေသည် ။ ကျောင်းဆောင်ကြီးကားယခင်ကလို ပျော်စရာအတိပြည်.နေလျက်ပင်ရှိလေသည် ။ ဤအဆောင်သို.ရောက်လာကာစကထူးဆန်းသောဓလေ.တစ်ခုကိုကျွန်တော်တအံ.တသြဖြစ်ရသေးသည် ။ ကျွန်တော်တို.အဆောင်သည် လေးထပ်ကျောင်းဆောင်အကြီးကြီးဖြစ်သည် ။ တစ်ဆောင်လျှင်ကျောင်းသားအယောက် ၂၀၀ ကျော်နေထိုင်ပါသည် ။ အဆောင်များမှာလည်းတစ်ခုတည်းမဟုတ် ။ ပင်းယ၊ပဲခူး ၊ စစ်ကိုင်း၊အင်းဝ ဆိုပြီး အဆောင်လေးဆောင်စက်ဝိုင်းပုံသဏ္ဍန်တည်ရှိခြင်းဖြစ်သည် ။ ထိုအဆောင်လေးဆောင်ရှေ.တွင်စက်ဝိုင်းပုံကတ္တရာလမ်းကြီးတစ်ခုရှိပါသည် ။ အဓိပတိလမ်း ၊စစ်ကိုင်းလမ်း ၊သထုံဆောင်လမ်းများ နှင်.အဆောင်သည်ဆက်သွယ်ထားပါသည် ။ အဆောင်ရှေ.မှ ဖြစ်စေ ၊ဘေးမှဖြစ်စေ မိန်းကလေးတစ်ယောက် (သို.မဟုတ် )မိန်းကလေးတစ်စုဖြတ်လျှောက်လာသည်နှင်.မည်သူကပဲစ၍တွေ.မြင်သည်ဖြစ်စေ “ လာပြီဟေ. “ ဟုအသံကုန်ဟစ်အော်လိုက်စမြဲဖြစ်သည် ။ ထို လာပြီဟေ.ဟူသောအသံကိုကြားလိုက်သည်နှင်. အဆောင်ထဲတွင်ရှိနေသမျှကျောင်းသားအားလုံးသည် ပန်းကန်နှင်.ဇွန်းကိုတဒေါင်ဒါင်ခေါက်ခြင်း ၊လက်ခေါက်မှုတ်ခြင်း ၊ မျောက်ကဲ.သို.အော်ခြင်း ၊ စသည်.သံသေးသံကြောင်အသံပေါင်းစုံကို ၀ရန်တာမှထွက်ကာ အော်ဟစ်ကြသဖြင်. မိန်းကလေးများမှာ အယောင်ယောင်အမှားမှားဖြင်. ကျွန်တော်တို.စက်ကွင်းမှလွတ်အောင်သုတ်ခြေတင်ပြေးကြရတော.သည် ။ တစ်ခါတစ်ရံ ဟိုဘက်ဆောင်မှအော်လွှတ်လိုက်သောမိန်းကလေးများ ကိုယ်.အဆောင်ဘက်ရောက်လာပါက ထွက်အော်ကြသည်လဲရှိသေးသည် ။ ကျွန်တော်တို.အဆောင်ကိုကျော်လွန်သွားပါက ပဲခူး ၊ အင်းဝ စသောအဆောင်များက ကျောင်းသားများက သူတို.အလှည်.သူတို.တာဝန်ယူကာ ထွက်အော်ကြသေးသည် ။ တစ်ခါတစ်ရံလာပြီဟေ. ဟူသောအသံကိုကြားသည်နှင်. ကျွန်တော်တို.သည် မည်သူမည်ဝါ လာသည်ကိုတောင်ထွက်ကြည်.မနေတော.ပဲ ၀တ္တရားမပျက်ကိုယ်.အခန်းထဲမှပင် ဇွန်းနှင်.ပန်းကန်ကိုတဒေါင်ဒေါင်ခေါက်လိုက်ပါသေးသည် ။ ထို.ကြောင်.အလွန်သတ္တိကောင်းသူများမှတပါး ယောက်ကျားလေးဆောင်သို. မိန်းကလေးများမလာရဲကြပါ ။ ထိုသို.လှောင်ပြောင်အော်ဟစ်ကြသော်လည်း ဧည်.သည်လာချိန်ဖြစ်သည်.ညနေ လေးနာရီမှ ခြောက်နာနီအတွင်းတွင်မူကား သူ.ဧည်.သည် ကိုယ်.ဧည်.သည်လာသောအချိန်ဖြစ်၍ သံပုံးတီးတောထုတ်သောဓလေ.ကို ခေတ္တရပ်နားထားပါသည် ။ တစ်ခါတစ်ရံနေ.ခင်းဘက်တွင် ယောက်ကျားလေးတစ်ယောက်နှင်.မိန်းကလေးတစ်ယောက် ကျွန်တော်တို.အဆောင်ဘေးမှဖြတ်လျောက်လာသည်ဆိုပါစို. ၊ ယောက်ကျားလေးမှာလည်းမနေရ မကြားဝံမနာသာဝိုင်းဝန်းနောက်ပြောင်ကြပေသည် ။
“ အဲဒိကောင်ကိုမယုံနဲ.နော် နယ်မှာမိန်းမရှိတယ် “
“ အဲဒိ လူကိုမယုံနဲ.သူ.မှာ ဂွေးစေ.မပါဘူးဗျို. “
“ ဟေ.ကောင် ငါ.အင်္ကျီပြန်ပေး တော. “
“ မနေ.ကတစ်ယောက်နဲ.ပြတ်သွားပြီလား “
စသည်.ပေါက်တတ်ကရများကိုအော်ဟစ်ကြသည် ။ သို.သော်မည်သူကမည်မျှအော်ဟစ်နောက်ပြောင်စေကာမူကျွန်တော်တို.သည်တစ်ယောက်နှင်.တစ်ယောက် စိတ်ဆိုးရန်ဖြစ်ခြင်း တစ်ခါတစ်ရံမျှမရှိချေ ။ တက္ကသိုလ်ဝင်းထဲတွင်နေလာသော (၆)နှစ်တာသက်တမ်းတစ်လျောက် ကျောင်းသားချင်းရန်ဖြစ်ထိုးကြိတ်သောဖြစ်ရပ်တစ်ခါမျှပင်မရှိချေ ။ (၆)နှစ်တာသက်တမ်းဟုပြောရခြင်းမှာ ၁၉၈၈ တွင်စတင်ကျောင်းသို.ရောက်၍ ၈၈ အရေးအခင်းဖြစ်ကာကျောင်းများပိတ်လိုက်သဖြင်.၁၉၉၄ တွင်မှ ကျောင်းပြီးသောကြောင်.ဖြစ်သည် ။
ကျွန်တော်သည်ဂစ်တာကောင်းကောင်းတီးတတ်သဖြင်.အဆောင်၌မျက်နှာပွင်.လှသည် ။ ကျောင်းသားများသည် သူတို.ကြိုက်နေသောကောင်မလေးများနေထိုင်ရာအဆောင်သို.ညဘက်သွားပြီးဂစ်တာတီးသီချင်းဆို ချင်လျင် ကျွန်တော်.ကိုလက်ဘက်ရည်တိုက်မျက်နှာချိုသွေးပြီး နေ.ခင်းကတည်းက ကြိုတင်လိုင်းဝင်ထားရသည် ။ အထူးသဖြင်. I.R မေဂျာတူကျောင်းသားများ၏အချစ်ရေးကိုကျွန်တော်လိုက်ပါဆောင်ရွက်ပေးရသည်မှာများသည် ။ ကျွန်တော်တို. နိုင်ငံတကာဆက်ဆံရေးမေဂျာကျောင်းသားများသည် ဘာသောက်ကျင်.မှန်းမသိ ကိုယ်.အတန်းထဲမှမိန်းကလေးများကိုပဲကိုယ်ပြန်ကြိုက်နေကြသည် ။ သူတို.ကတော. စာများခက်သဖြင်.အခြာမေဂျာများသို.သွားရောက်ပိုးပန်းဖို.အခွင်.မသာသဖြင်.အချင်းချင်းပြန်ကြိုက်သည်ဟု ပြောကြသည် ။ မော်လမြိုင်သား အောင်မျိုးသန်.သည် တစ်မြို.တည်းသူ သင်းသင်းကိုကြိုက်နေသည် ။ ခိုင်တိုးဇော်ကညိုညိုလွင် ၊ ပုသိမ်သားညီညီထွန်းက ရန်ကုန်သူခင်သီတာအေး ၊ အရှည်ကြီး ခင်မောင်အုန်းက ရခိုင်မှအေးမိစံ ၊ မိုးကျော်ကချယ်ရီ ၊ ပဲနွယ်ကုန်းမှအောင်ကျော်သူက မိုးမြတ်မြတ်မိုး ကိုကြိုက်နေသည် ။ မိုးမြတ်မြတ်မိုးကအပြင်ဆောင်မှာနေသည် ။ အောင်ကျော်သူသည် သီချင်းတွေဘာတွေမဆိုတတ်သဖြင်.ကျွန်တော်.ကိုပဲအားကိုးသည်ဖြစ်ရာ ကျွန်တော်က ညစဉ်နီးပါး အောင်ကျော်သူနှင်.အတူသွားကာမိုးမြတ်မြတ်မိုးအဆောင်ရှေ.တွင် သွန်းမျက်ရည်မိုး ဆိုသောသီချင်းကို ဂစ်တာတီးသီချင်းဆိုပေးရသည် ။ အောင်ကျော်သူကိုမိုးမြတ်မြတ်မိုးက ဂုဏ်ထူးတန်း ( Honous ) ၀င်လျင်စဉ်းစားမည်ဆိုသဖြင်.အောင်ကျော်သူမှာ အပြင်သို.ဘယ်မှမထွက်တော.ပဲနေ.မနားညမနား စာပဲကျက်နေတော.ရာ သူ.အခန်းထဲမှမီးလုံးကလေးမှာနေ.ရောညရောပိတ်ရသည်မရှိတော.ပေ ။ ကျွန်တော်တို.သူ.အခန်းသို.သွားပြီး
“ မီးလုံးလေးတော.သနားပါဦးငါ.လူရာ “ ဘာညာဖြင်.စကြနောက်ကြသည် ။ ထိုသို.ကျက်သဖြင်.အောင်ကျော်သူ ဂုဏ်ထူးတန်းဝင်သွားသော်လည်းမိုးမြတ်မြတ်မိုးမှာသူ.ကိုပြန်မကြိုက်ပဲနောက်တစ်ယောက်နှင်.ပါသွားသော ကြောင်.အောင်ကျော်သူမှာအဆောင်တွင်အစအနောက်အတော်ခံရသည် ။ သူသည် အလွန်စာဖတ်ပြီး ဗဟုသုတရှိသည် ။ သူ.ကိုဘာပဲမေးမေး “ အဲဒါက…” ဟုအစချီပြီး ဂဃနဏ ရှင်းပြတတ်သည် ။ အရှေ.အလယ်ပိုင်းအကြောင်းမေးမလား ၊ အာရပ်အစ္စရေးအကြောင်းမေးမလား ၊ ဒုတိယကမ္ဘာစစ်အကြောင်းမေးမလား အားလုံးဖြေနိုင်သည် ။တစ်နေ.တွင်မော်လမြိုင်သားဇော်ဝင်းက အောင်ကျော်သူ.ကိုတမင်ကတ်သတ်ပြီးမဖြေနိုင်လောက်သောမေးခွန်းတစ်ခုမေးသည် ။
“ ကိုအောင်ကျော်သူ …. ဘုရားပွဲတွေမှာ ဇာတ်ပွဲတွေသွင်းရင် မြတ်နိုင်ပါ.မလား ဘယ်လိုစလုပ်ရမလဲ “
အောင်ကျော်သူက အိပ်ယာထဲတွင်လှဲနေရာမှ ထလာကာ
“ အဲဒါက…. မင်းငှားမယ်.ဇာတ်ရဲ.အနေအထား ၊ ကိုယ်သွင်းမယ်.ပွဲရဲ.လူစည်ကားမှု ၊ ကိုယ်.အရင်ပွဲသွင်းထားမထားစတဲ.အခြေအနေ ၊ကြော်ငြာအား စတာတွေနဲ.သက်ဆိုင်တယ်ကွ “ ဟု ပညာရှိဟန်ပန်ဂိုက်နှင်.ဆိုက်နှင်.အဖြေပေးလိုက်၏ ။ ဇော်ဝင်းက နောက်ထပ်မေးခွန်းတစ်ခုထပ်မေးသည် ။
“ ကိုအောင်ကျော်သူက တော်တော်သိတာပဲနော် ၊ ကျွန်တော်မေးပါရစေ ဒီလောက်တောင် အရာရာသိနေပြီး မမိုးမြတ်မြတ်မိုးအချစ်ကျဘာလို.မရတာလဲ “
ဇော်ဝင်းသည်မေးလဲမေး ၊ပြေးလဲပြေး၏ ။ အောင်ကျော်သူထံမှ ခွေးမသားအဲဒါမင်းစောက်လုပ်လား ဟူသောဆဲသံကပ်ပါလာပြီးဇော်ဝင်းကိုလိုက်ဖမ်းသည် ။ဇော်ဝင်းက အတော်ဝေးဝေးအထိပြေးရင်း ၊ အဲဒိမေးခွန်းကိုဖြေနိုင်ရင်ကျွန်တော်လက်ဘက်ရည်တိုက်မယ် ဟုအော်သွားသေးသည် ။ကျွန်တော်တို.အဆောင်ကျောင်းသားချင်းချစ်ကြပုံမှာညီရင်းအစ်ကိုတစ်မျှဖြစ်သည် ။ ထမင်းစားလျင် ထမင်းစားဆောင်သို.အတူတူသွားကြသည် သူ.ဟင်းကိုယ်.ဟင်းမခွဲခြား သူ.မှာ ကိုယ်.မှာရှိသမျှ ငါးပိကြော် ၊ ချဉ်ပေါင်ကြော် ၊ မရမ်းသီးကြော်စသည်တို.ကိုအားလုံးဝိုင်းစားကြသည် ။ ကာယကံရှင်မရှိတုန်းသူ.မိဘဆွေမျိုးမှ ငါးပိကြော်စသည်ဖြင်.လာပေးသွားလဲကျွန်တော်တို.သည် ကာယကံရှင်ပြန်လာအောင်စောင်.နေရိုးထုံးစံမရှိ ။ သူ.ဟင်းကိုယ်.ဟင်းမခွဲပဲ အားလုံးဝိုင်းစားလိုက်ကြသည်သာဖြစ်သည် ။ အဆောင်မှကျွေးသော ထမင်းမှာ ဆန်ခပ်ညံ.ညံ. စပါးလုံးနိုင်းချင်းနှင်းဖြစ်သည် ။ထမင်းမစားခင် ပန်းကန်ထဲမှ စပါးလုံးများရွေးကောက်ပြီးမှစားရသဖြင်.ရွေးကောက်ပွဲလုပ်သည်ဟု ရယ်စရာပြောကြသည် ။ ပိုက်ဆံရှိသောနေ.များတွင် စားဖိုဆောင်မှအဒေါ်ကြီးရောင်းသော အသားကြော် ၊ပဲပြုတ်ကြော် ၊၀က်အူချောင်းကြော် စသည်များကို တစ်ပွဲ ဆယ်.ငါးကျပ် ၊နှစ်ဆယ်ဖြင်.၀ယ်စားပြီး ပိုက်ဆံမရှိသောနေ.များတွင်အဆောင်မှကျွေးသော ဟင်းကိုပဲ စားကြသည် ။ ကျွန်တော်.ဦးလေးကကျွန်တော်ဆယ်တန်းအောင်တော.လက်ဆောင်အဖြစ် ပန်းကနုတ်တွေပါသော ကြေးဝါ ဖြင်.လုပ်ထားသောဇွန်းခက်ရင်းတစ်စုံကို လက်ဆောင်ပေးထားရာကျွန်တော်ထမင်းစားတိုင်းထိုဇွန်းခက်ရင်းဖြင်.စားလျင် မြင်ရသူတိုင်းကကျွန်တော်.ဇွန်းနှင်.ခက်ရင်းကိုတောင်း၍ကြည်.ကြပါသည် ။ ကျွန်တော်တို.သူငယ်ချင်းများထဲမှ က၀မြို.မှကျောင်းလာတက်သော ကိုကိုလွင်သည် လူကလည်း၀၀တုတ်တုတ် အစားအသောက်လည်းအလွန်ခုံမင်နှစ်သက်သဖြင်. သူ.အခန်းထဲတွင် လျှပ်စစ်မီးဖို ၊ ဂေါ်ဖီ ၊ ၀က်အူချောင်း ၊ ဆန်၊ဆီ၊ဆား ၊ ငရုတ်၊ကြက်သွန် ၊ကန်စွန်းရွက်စသည်များကိုချိတ်ဆွဲထားပြီး ညစဉ်ချက်ပြုတ်စားသောက်နေလေ.ရှိသည် ။ တစ်ခါတွင်ကိုကိုလွင်သည် ၀က်သားဟင်းကို ကျကျနနချက်ပြုတ်နေရာ သူ.အခန်းနှင်.ကပ်လျက်အခန်းတွင်နေသော အစ္စလမ်းဘာသာဝင်မိုဟာမက်အစ္စမိုင်းလ်က
“ ဘာတွေချက်နေသလဲ ၊အနံလေးကမွှေးလိုက်တာ “
ဟုပြောသဖြင်.ကျွန်တော်တို.၀ါးကနဲရယ်လိုက်ကြသည် ။တစ်ခါတစ်ရံကျွန်တော်တို.သည်အဆောင်ရေကန်အနီးမှ ပိန္ဒဲပင်ကြီး တွင်ပေါက်နေသောပိန္ဒသီးကို ခူးကာအခန်းထဲတွင်ဖွက်ထားလိုက်၏ ။ အမှန်မှာ ထိုအပင်သည် ဘုံပိုင်ဖြစ်သင်.သော်လည်း အဆောင်မှူးကသူသာပိုင်သည်ဟုကြေငြာထားခြင်းကိုမခံချင်သဖြင်. လက်ဦးအောင်ခူးပြီးဖွက်ထားခြင်းဖြစ်သည် ။ ထိုပိန္ဒဲသီးပျောက်သည်.နေ.က အဆောင်မှူးကပူညံပူညံလုပ်သော်လည်း သိပ်ပြသနာမရှာပေ ။ သို.သော်နောက်နေ.များတွင်မှ ပိန္ဒဲသီးသည် တဖြည်းဖြည်းမှည်.လာပြီး အနံတလှိုင်လှိုင်ဖြစ်လာသဖြင်.ကျွန်တော်တို.ကိုမဲတော.သည် ။ ကျွန်တော်တို.အခန်းရှေ.မှဖြတ်လျောက်လျင် ဟိုကြည်.ဒီကြည်.ဖြင်. အနံခံသလိုလိုဘာလိုလိုလုပ်နေတော.သည် ။ ထို.ကြောင်.ကျွန်တော်တို.လည်းညတွင်းချင်းပင် ပိန္ဒဲသီးကိုအစဖျောက်ဝေချမ်းစားသောက်ကာ အခွံများကို ရေကန်အနောက်ဘက်ခြုံထဲသို.သွားလွှင်.ပစ်လိုက်ရတော.သည် ။ တစ်ခါတစ်ရံကျွန်တော်တို.သည်ပိုက်ဆံစုကာဝက်ခြေထောက်ဆွတ်ပြုတ်စသည်ဖြင်.လုပ်စားကြသည် ။ မော်လမြိုင်သား မိုးကျော်သည် ဟင်းချက်ကောင်းသူဖြစ်သဖြင်. ပိုက်ဆံသူ.လက်အပ်လိုက်လ်ျင် ညဆယ်နာရီခန်.တွင်ကျွန်တော်တို.ကိုလာခေါ်ပြီး ခူခပ်ပြင်ဆင်ကျွေးလေ.ရှိသည် ။
ကျွန်တော်၏၀ါသနာမှာ စာရေးချင်း ၊ ဂစ်တာတီးချင်းအပြင်တစ်ခါတစ်ရံကျွန်တော်သည် တစ်ယောက်တည်းမိန်.ခွန်းပြောရတာဝါသနာပါသည် ။ ထို.ကြောင်. တစ်ခါတစ်ရံ အခန်းထဲဝယ်ခွေးခြေခုံပေါ်သို.တက်ရပ်ကာ ဗိုလ်ချုပ်အောင်ဆန်းမိန်.ခွန်းအချို.ကိုဤသို.ထန်နှင်.မာန်နှင်. စကားပြောကျင်.လေ.ရှိ၏
“ ကျုပ်တို.နိုင်ငံမယ် ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်တဲ.အခါမယ် (ဟလား )
National Planning လို.ခေါ်တဲ. အဲဒိလိုစီမံကိန်းတွေမရှိပဲနဲ.အောင်မြင်မှုမရရှိနိုင်ဘူး လို.ကျုပ်ဒီနေရာကရဲရဲကြီးပြောရဲတယ် “
ထိုသို.ဟောပြောနေတိုင်း ကျွန်တော်.ကျောခြင်းကပ်အခန်းမှ က၀သားကိုကိုလွင်ကလက်ခုပ်လက်ဝါးတီးကာ
“ ဗြိတိန်မှာတော.ခေါင်းဆောင်ကြီးချာချီ ၊ ပင်းယဆောင်မှာတော. ခေါင်းဆောင်ကြီးခွေးချီ လာပါပြီခင်ဗျား “ ဟုနောက်ပြောင်လေ.ရှိသည် ။
အဆောင်များထဲတွင်ကျွန်တော်တို.ပင်းယဆောင်သည် စာဂျပိုးများသည် ။ မေဂျာမှာလည်း နိုင်ငံတကာဆက်ဆံရေး ( IR ) ၊ ကုန်ထုတ်ဓါတု ( I.C ) ၊ ကွန်ပျူတာ ကျောင်းသားများသာရှိသည် ။ ပေပေတေတေနေသောအဆောင်မှာကျွန်တော်.အစ်ကို အောင်အောင်နေသော ရွှေဘိုဆောင်ဖြစ်သည် ။ အောင်အောင်သည် ဆယ်တန်းအောင်တာကျွန်တော်.ထက်တစ်နှစ်နောက်ကျသည် ။သူသည် ဂီတ၀ါသနာပါသဖြင်. တီးဝိုင်းလောကထဲငယ်ငယ်ရွယ်ရွယ်ရောက်သွားရာမှပညာရေးနှင်.ကင်းကွာသွားသည် ။ ကျွန်တော်ဆယ်တန်းအောင်ကာမှ သူလည်းမခံချင်စိတ်များဖြစ်လာပြီးကြိုးစားရာ နောက်တစ်နှစ်တွင်အောင်ပြီး ဥပဒေအဓိကနှင်.ရန်ကုန်တက္ကသိုလ်သို.ရောက်လာကာ ရွှေဘိုဆောင်တွင်နေပါသည် ။ သူတို.ရွှေဘိုဆောင်သည် လူဆိုးများ ၊ ခပ်ကြမ်းကြမ်းနေထိုင်သောသူများသည် ။ မေဂျာမှာလည်း IR ရော ၊ E.Major ရော Law ရောစုံလှသည် ။ ကျွန်တော်ကလည်း ဂနာငြိမ်သူမဟုတ် တစ်မျိုးမဟုတ်တ်မျိုးမွှေချင်သူဖြစ်ရာ အားတိုင်း ရွှေဘိုဆောင်သို.ရောက်နေတတ်တာများသည် ။သူတို.ရွှေဘိုဆောင်ကားခေသူမဟုတ် ။ ၁၉၈၇ ပိုက်ဆံများကို တရားမ၀င်ကြေငြာ၍ ကျောင်းသားအရေးအခင်းဖြစ်စဉ်ကအဆောင်အောက်တွင်ကျောင်းသားများမသောင်းကျန်းကြဖို.ရွှေပြည်အေးတရားလာဟောသော ပါမောက္ခချုပ်ကို အဆောင်အပေါ်ထပ်မှ ခွေးခြေခုန်ဖြင်. ပစ်ပေါက်သည်.အဆောင်ဖြစ်သည် ။ရွှေဘိုဆောင်တစ်ဆောင်လုံးလည်းကျွန်တော်. ဘော်ဒါတွေချဉ်းဖြစ်သည် ။ယခုအခါမန္တလေးတွင်ဝါရင်.ဧည်.လမ်းညွှန်ဖြစ်နေသော အောင်နိုင်ဦးသည်ရွှေဘိုဆောင်မှာနေသည် ။ကျွန်တော်နှင်.သူသည် ပြည်မြို.တွင်ကျောင်းနေဘက်ဖြစ်ခဲ.သဖြင်.သူ.ဆီမကြာမကြာရောက်ဖြစ်ပေသည် ။ ရွှေဘိုဆောင်တွင် ကျွန်တော်.အစ်ကိုအောင်အောင်နှင်.အတူ ဒရမ်မာပူစူး (နောင် အဆိုတော်ဂရေဟမ် ) လည်းတစ်နှစ်တည်းရောက်လာသည် ။ သူတို.ကတီးဝ်ုင်းတီးကြသည် ။ နောင်အခါ ဂစ်တာနိုင်ဇော်လည်းရွှေဘိုဆောင်သို.မကြာမကြာရောက်လာသည် ။ ရွှေဘိုဆောင်မှကျွန်တော်.အစ်ကို သူငယ်ချင်းများထဲတွင် မိုးကုတ်အနီးရွာတစ်ရွာမှလာသောရာဂျမ်းဆိုသော ဟန္ဒူကုလားလည်းပါသည် ။ရာဂျမ်းသည်အတော်ကို ထူသောအသော သူတစ်ယောက်ဖြစ်သည် ။ သူသည် လက်ဘက်ရည် ရှယ်ဆိုတာကို တက္ကသိုလ်သို.ရောက်မှ မြင်ဖူးသောက်ဖူးသည်။ သူသည် သူများသောက်တာမြင်ဖူးရုံနှင်.လူတတ်ကြီးလုပ်ကာ လက်ဘက်ရည်ဆိုင်တွင် ဤသို.မှာသည် ။
“ ငါ.ကို ရှယ်တစ်ခွက် “
“ လက်ဘက်ရည်လား ၊ကော်ဖီလားအစ်ကို “
“ ရှယ်တစ်ခွက်ပေး “
“ ရှယ်ကဟုတ်ပြီ ၊ လက်ဘက်ရည်လား ကော်ဖီလား “
ထိုအခါရာဂျမ်းသည်စိတ်ဆိုးမာန်ဆိုးဖြင်.
“ ရှယ်ပါဆိုမှ လက်ဘက်ရည်ပေါ.ဗျ ..” ဟူသတည်း ။သူ.စိတ်ထဲတွင် ရှယ်ဆိုသည်မှာလက်ဘက်ရည်ဟုထင်နေပုံရလေသည် ။ တစ်နေ.တွင်သူခြင်ထောင်ထောင်နေပြီး အိမ်သာသွားနေတုန်းကိုအောင်တို.အဖွဲ.သည် ခြင်ထောင်ကို ကြိုးများဖြုတ်၍ ညာဘက်ကကြိုးကိုဘယ်ဘက် ၊ ဘယ်ဘက်ကကြိုးကိုဘယ်ဘက် လေးဘက်စလုံးလွှဲတတ်ထားလိုက်သည် ။ ရာဂျမ်းပြန်လာသောအခါ ပုန်းပြီးကြည်.နေလိုက်ရာ ရာဂျမ်းသည်ခြင်ထောင်ချရာ ချ၍မရပေ ။ သူသည် ဟိုဘက်ကိုချလိုက်သည်ဘက်ကိုချလိုက်ဖြင်. မဟုတ်သးပါဘူးဟုပြောကာ ဖင်ပြန်ခေါင်းပြန်ဖြစ်နေရှာသည် ။ တမင်သက်သက်လွှဲထားမှန်းမသိပေ ။ နောက်မှကိုအောင်တို.အဖွဲ.က ၀ါးကနဲဝိုင်းရယ်ကာမှ သူ.ကိုနောက်မှန်းသိကာ ကလော်တုတ်တော.သည် ။ရာဂျမ်းရိုးပုံအပုံမှာ ခြင်ဆေးခွေထွန်းရာတွင် နှစ်ခွေပူးထားသည်ကို ခွာ၍ထွန်းရမှန်းပင်မသိ နှစ်ခွေပူးအတိုင်းမီးညှိ၍ထွန်း၏ ။ သူသည်ဥပဒေဓိကဖြင်.ပညာသင်နေသည်ဖြစ်ရာ သူရှေ.နေဖြစ်လျင်တော.ဘယ်လိုစခန်းသွားမလဲဟုကျွန်တော်တို.ပြောကာရယ်ကြပါသည် ။ ရာဂျမ်း၏ရိုးအပုံကားကမ်းကုန်အောင်ရှိသောတစ်ညကိုကျွန်တော်တို.ယနေ.တိုင်မမေ.နိုင်အောင်ရှိသောငိုအားထက်ရယ်အားသန်အဖြစ်တစ်ခုလဲရှိပါသေးသည် ။
ယောက်ကျားလေးအဆောင်အခန်းတွင်းသို. မိန်းကလေးခေါ်လာခြင်းသည်အဆောင်နေကျောင်းသားများအတွက်အကြီးဆုံးပြစ်မှုဖြစ်ပြီး အဆောင်မှထုတ်ပါယ်ခံရသည်အထိ အရေးယူခံရနိုင်သောအမှုဖြစ်သည် ။တစ်နေ.တွင်အဆောင်မှနှစ်ကြီးကျောင်းသားအချို.သည် ကြေးစားမိန်းကလေးတစ်ယောက်ကို ယောက်ကျားလေးလိုရုပ်ဖျက်၍ခေါ်လာပြီးအဆောင်တွင်းသို.သွင်းလာပြီးပျော်ပါးကြ၏ ။ အူတူတူအတတ ရာဂျမ်းကိုလည်းပျော်ပါးဖို. ၀ိုင်းဝန်းတိုက်တွန်းကြ၏ ။ ထိုအချိန်တွင်ကျွန်တော်သည် ကိုအောင်တို.ဖဲရိုက်နေသောအဆောင်အပေါ်ဆုံးထပ်တွင် ဖဲဝိုင်းကိုဘေးမှထိုင်ကြည်.နေ၏ ။ညဘက်ဖြစ်၍ရွှေဘိုဆောင်မှာတိတ်ဆိတ်နေသည် ။ ထိုသို.တိတ်ဆိတ်နေသောညလယ်ယံကိုဖောက်ထွင်း၍ မိန်းကလေးတစ်ယောက် စူးစူးဝါးဝါးကျယ်လောင်စွာအော်ဟစ်လိုက်သောအသံကြောင်.တစ်ဆောင်လုံးလန်.သွားကြ၏ ။ သူ.အခန်းမှအသံလာသလိုလို ၊ ကိုယ်.အခန်းမှလာသလိုလိုရှာဖွေကြရင်းတစ်ဆောင်လုံးဝရုန်းသုန်းကားဖြစ်သွား၏ ။ တရားခံကိုတော.လက်ပူးလက်ကြပ်မမိပါ ။နောက်မှသိရသည်မှာ ရာဂျမ်းထူလွန်းထိုင်းလွန်းသောကြောင်.ဖြစ်ရခြင်းဖြစ်၏ ။ဖြစ်ပုံမှာ ရာဂျမ်းကို ကြေးစားကောင်မလေးနှင်.အခန်းထဲမှာလွှတ်ပေးသည်ဆို၏ ။ မီးထွန်းထားလျင် အဆောင်မှူးတို.၊ဟောလ်ကျူတာတို. ၊အခြားကျောင်းသားတို.မြင်မှာစိုးသဖြင်.အခန်းမီးကိုပိတ်ထားပြီး ဖယောင်းတိုင်ထွန်းပေးထားသည်ဆို၏ ။ ရာဂျမ်းသည် ကောင်မလေးတစ်ယောက်ကိုယခင်ကတစ်ခါမှယခုလိုအနီးကပ်မနေဖူးခဲ.၊မမြင်ဖူးခဲ.ဟုဆိုသည် ။ ထို.ကြောင်. လိုရင်းကိစ္စကိုအကောင်အထည်ဖော်ရမည်.အစား (မရိုသေ.စကား)သူကမိန်းမတို.၏လျှို.၀ှက်အပ်သော ပစ္စည်းကိုမြင်ဖူး ကြည်.ဖူးချင်စိတ်သည်တဖွားဖွားပေါ်လာသည်ဟူ၏ ။ ထို.ကြောင်.မိန်းကလေးအားခွင်.တောင်းမနေတော.ပဲ ၀ါဆိုဖယောင်းတိုင်ကြီးကိုလက်ကကိုင်ကာ ကုတ္တိယအင်္ဂါဇာတ်အားငုံ.အကြည်. ဖယောင်းတိုင်မှ တတောက်တောက်ကျနေသောဖယောင်းစက်က မိန်းကလေး၏အဓိကမိန်းပွိုင်.ပေါ်သို.ဒါရိုက်ဟစ် ကျရောက်သွားလေရာ ကောင်မလေးငယ်သံပါအောင်ထအော်ခြင်းဖြစ်ပါသတဲ. ။ ဆရာတွေရောက်မလာခင်အမြန်ခေါ်ထုတ်သွားနိုင်သဖြင်.ရာဂျန်းကျောင်းထုတ်မခံရခြင်းဖြစ်သည် ။ အော်ထူးလဲထူးသောအဆောင်နေကျောင်းသားများပေတကား ။
ဆက်ရန်
သရ၀ဏ်(ပြည်)
0 comments:
Post a Comment