သရ၀ဏ်(ပြည်)
နိုင်ငံတကာမှာတော.မသိ မြန်မာနိုင်ငံတွင်တော. စစ်တပ်၏အခန်းကဏ္ဍသည် တရှိန်ထိုးကြီးထွားလာနေသည် ။ရဲဘော်သုံးကျိပ်ဂျပန်ပြည်မှပြန်လာကာ အင်္ဂလိပ်ကိုတော်လှန်တိုက်ခိုက်ချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း၏တပ်မတော်သည် နိုင်ငံရေးတွင်စတင်ပါဝင်လာသည် ။ မြန်မာ.နိုင်ငံရေးတွင်တပ်မတော်က ၀င်ရောက်ခြယ်လှယ်နေခြင်းသည်ရေရှည်တွင်နိုင်ငံအတွက်မကောင်းနိုင်ကြောင်းသိမြင်လာသော ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ကိုတော်လှန်တိုက်ခိုက်ပြီး အင်္ဂလိပ်ပြန်ဝင်လာသောအချိန်တွင် တပ်မတော်နှင်.နိုင်ငံရေးသဲကွဲစွာ ကွဲပြားစေလိုသောရည်ရွယ်ချက်ဖြင်. တပ်မှထွက်ကာ အရပ်သားအဖြစ်နိုင်ငံရေးလောကထဲသို.၀င်ခဲ.ပါသည် ။ နိုင်ငံရေးလုပ်လိုလျင်တပ်မှထွက်ရမည် ။ စစ်ယူနီဖောင်းဖြင်.နိုင်ငံရေးဝင်လုပ်၍မရ ။ စစ်တပ်သည် တိုင်းပြည်ကာကွယ်ရေးကိုသာလုပ်ရမည်ဟူသည်. မူကိုဗိုလ်ချုပ်အောင်ဆန်းသည် သူ.ကိုယ်သူနမူနာပြ၍တပ်မှထွက်ခဲ.ပါသည် ။အရည်အချင်းရှိသူသည် ကိုယ်.ကိုယ်ကိုယုံသည် ။ သေနတ်ခါးကြားချိတ်ထားမှငါ.ကိုလူရိုသေမည်ဟုတွက်ခဲ.ကြသူထဲတွင်ဗိုလ်ချုပ်အောင်ဆန်းမပါပေ ။ သို.သော် ဗိုလ်ချုပ်အောင်ဆန်းနောက်တပ်မတော်ကိုဆက်ခံသော ဗိုလ်ချုပ်နေ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်းလို ကိုယ်.ကိုယ်ကိုယ်ယုံကြည်မှုအပြည်.ရှိသူကားမဟုတ်ပေ ။ ဗိုလ်ချုပ်နေ၀င်းသည် စစ်အာဏာသိမ်းပြီး တိုင်းပြည်အုပ်ချုပ်ရေး (နိုင်ငံရေးအာဏာ)ကိုရယူခဲ.စဉ်ကလည်း ဗိုလ်ချုပ်ယူနီဖောင်းနှင်.ပဲ နိုင်ငံရေးအာဏာကိုယူခဲ.သည် ။ ဗိုလ်ချုပ်အောင်ဆန်းလိုတပ်မှထွက်သည်နှင်.လုံးဝ တပ်၏အရိပ်ကိုမခိုပဲအရပ်သားနိုင်ငံရေးသမားဘ၀ကိုမခံယူဝံ.သောကြောင်. ဦးနေ၀င်းသည် လူကြားကောင်းအောင်တပ်မှအငြိမ်းစားယူလိုက်သော်လည်း မ.ဆ.လ ပါတီဥက္ကဌရာထူး ၊ သမ္မတကြီးဟူသောရာထူးလက်ကိုင်အားကိုးဖြင်.စစ်တပ်ကိုဆက်လက်ဦးဆောင်ခဲ.သည် ။ ပြောရလျင် စစ်တပ်ကိုနိုင်ငံရေးကစားကွင်းထဲဆွဲသွင်းခဲ.သူမှာ ဦးနေ၀င်းဖြစ်သည် ။ ဦးနေ၀င်းသည် သူဖော်သောဆေး သူမစားနိုင်ပဲဖြစ်ကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ချက်ဖြင်. နေအိမ်အကျယ်ချုပ်ကျကာ မထင်မရှား ကွယ်လွန်သဂြိုဟ်ခံခဲ.ရသည် ။ ဦးနေ၀င်းသေသွားသော်လည်းသူတီထွင်ခဲ.သောစစ်တပ်သည် နိုင်ငံရေးတွင်အသာစီးဖြင်. ၀င်ပါရေးမူကတော.ယနေ.ထက်တိုင် မြဲခိုင်နေဆဲဖြစ်ပါသည် ။
တပ်မတော်သည် လွှတ်တော်တွင်ရွေးကောက်တင်မြောက်မခံရပဲ ၂၅ ရာခိုင်နှုန်းသော အမတ်နေရာများကိုရကြသည် ။ သို.သော်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ဘ၀မှာ ကျားသနားမှနွားချမ်းသာ ၊ ကမ်းနားသစ်ပင် ၊ လှံဖျား ပုဇဉ်းနားသလို ယနေ.လွှတ်တော်တက်နေသော်လည်းမနက်ဖြန် ကာချုပ်ကြီးကမကြိုက်၍ လူလဲလျင် ခပ်ကုပ်ကုပ်ဖြင်.လွှတ်တော်ထဲမှ ဘားတိုက်ထဲသို.ပြန်ရောက်လာရနိုင်သည် ။ ဘောလုံးပွဲတစ်ပွဲတွင် လူသုံးယောက်သာ လဲလှယ်ခွင်.ရှိသော်လည်း မြန်မာ.လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ကာချုပ်ကြီးက ကြိုက်သလောက် အပြောင်းအရွှေ. အလဲအလှယ်လုပ်နိုင်သည် ။ထိုသို.လုပ်နေခြင်းကို ပြည်ထောင်စုလွှတ်တော်နာယကလဲမတားနိုင် ၊ အမျိုးသားလွှတ်တော်ဥက္ကဌကလဲနှာစေးနေသည် ။ ဒီမိုကရေစီစနစ်သို.သွားနေပါသည်ဟုဆိုသူသမ္မတကြီးလဲ လစဉ်မိန်.ခွန်းမှာထည်.ပြောသံမကြားရ ။ စစ်တပ်၏ဒီမိုကရေစီမဆန်သော ဆွဲခန်. ၊ဆွဲဖြုတ် ၊ဆွဲလဲ ၊ အလဲအထပ် ကိစ္စများမှာ သမ္မတထက် ကာချုပ်ကအာဏာပိုကြီးနေကြောင်းသတိပေး မီးမောင်းထိုးနေသလိုရှိသည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ကာချုပ်ကြီးမကြိုက်လျှင် နေ.မြင်ညပျောက်ဖြစ်နိုင်သဖြင်. ပြည်သူ.မျက်နှာကြည်.ကာလွှတ်တော်တွင်ဆွေးနွေးဖို.ထက် ၊ ကာချုပ်မျက်နှာကြည်.ကာ လွှတ်တော်တွင်ဆွေးနွေးရမည်.ကိန်းဆိုက်နေသည် ။
ထိုသို.အကန်.အသတ်မရှိသောနိုင်ငံရေး (ဥပဒေပြုရေး ၊အုပ်ချုပ်ရေး)အာဏာများရနေသော်လည်းတပ်မတော်သည်မကြေနပ်နိုင်သေး ။ ကာကွယ်ရေးနှင်.လုံခြုံရေးကောင်စီ သဘောတူညီချက်ဖြင်.လွှတ်တော်များကိုဖျက်သိမ်းနိုင်ခွင်.အာဏာကိုဖွဲ.စည်းပုံအခြေခံဥပဒေတွင်ထပ်ထည်.ရန်တပ်မတော်သားအစုအဖွဲ.ကအကြံပြုလာသည် ။ သူတို.အကြံပြုချက်အတိုင်းသာဖြစ်သွားလျင် ဒီမိုကရေစီသည်မြောင်းထဲသို.ရောက်သွားမည်ဖြစ်သည် ။ ကာကွယ်ရေးနှင်.လုံခြုံရေးတွင် အဖွဲ.၀င် (၁၁)ဦးရှိသည်ဖြစ်ရာ တပ်မှလာသူ (၆) ဦးအထိပါနေပေသည် ။ ထို.ကြောင်.နဂိုထဲကတပ်မှအသာစီးရယူထားသောအဖွဲ.ဖြစ်ရာ ထိုအဖွဲ.ကရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင်.ဖွဲ.စည်းထားသော ပြည်သူ.လွှတ်တော် ၊အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်များကို ဖျက်သိမ်းခွင်.အာဏာထပ်တောင်းခြင်းမှာ ဖွဲ.စည်းပုံအာဏာရှင်စနစ်ကိုခိုင်မာသထက်ခိုင်မာအောင်လုပ်လိုခြင်းမှတပါးအခြားမရှိပြီ ။ လွှတ်တော်သည်ဤအဆိုကိုပြင်းပြင်းထန်ထန်ကန်.ကွက်သင်.ပေ၏ ။
နိုင်ငံတကာတွင် လွှတ်တော်ကိုသမ္မကကဖျက်သိမ်း၍ ရွေးကောက်ပွဲအသစ်ကျင်းပနိုင်ခွင်.အာဏာပေးထားသည်များရှိပါ၏ ။ သို.သော်ထိုနိုင်ငံများ၏သမ္မတမှာလုပ်ပိုင်ခွင်.အပြည်.အ၀ရှိပြီးဖြစ်သောသမ္မတဖြစ်သည် ။ ဥပမာ မြန်မာသမ္မတလုပ်ပိုင်ခွင်.မရှိသော ဒုသမ္မတနှစ်ဦးမိမိစိတ်ကြိုက်ခန်.အပ်နိုင်ခြင်း ၊ ကာကွယ်ရေးဝန်ကြီးကိုသမ္မတမှစိတ်ကြိုက်တာဝန်ပေးခန်.အပ်နိုင်ခြင်း ၊ ကာကွယ်ရေးဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ်အား အမိန်.ပေးညွှန်ကြားနိုင်ခွင်.ရှိခြင်း ၊ သမ္မတသည် ပြည်ထဲရေးဝန်ကြီးကိုမိမိစိတ်ကြိုက်ခန်.အပ်ပိုင်ခွင်.ရှိခြင်း ၊ ရဲတပ်ဖွဲ.၏အကြီးအကဲ နှင်.စစ်တပ်၏အကြီးအကဲ သီးခြားစီဖြစ်ခြင်း (အမေ၇ိကန်တွင် FBI ရဲအဖွဲ.၏လုပ်ပိုင်ခွင်.ကိုစစ်တပ်က၀င်စွက်၍မရချေ ) ။သမ္မတ၏အမိန်.ကိုစစ်တပ်ကလိုက်နာရခြင်း ။စသည်.လုပ်ပိုင်ခွင်.များဖြစ်သည် ။ မြန်မာပြည်တွင်သမ္မသည် သေနတ်နှင်.မဆိုင်သောသမ္မတဖြစ်နေသည် ။ သေနတ်နှင်.ပါတ်သက်လာလျင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာသာအာဏာရှိပြီးသမ္မတသည်ရုပ်ပြဖြစ်သည် ။ စစ်တပ်နှင်.ရဲတပ်ဖွဲ. ၏အကြီးအကဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည် ။ နယ်စပ်ရေးရာဝန်ကြီးကိုလည်းကာချုပ်မှပင်ခန်.သည် ။ ကာချုပ်က ပြည်ထဲရေးဝန်ကြီး ၊ကာကွယ်ရေးဝန်ကြီး ရာထူးများကိုခန်.အပ်သည် ။ ထို.ကြောင်.ရဲနှင်.စစ်တပ်၏ အလုပ်ရှင် ( Boss ) သည်သမ္မတမဟုတ်ပဲ တပ်မတော်ကာချုပ်ဖြစ်နေသည် ။ ထို.ကြောင်.မြန်မာသမ္မတသည်လက်နက်ကိုင်ဝန်ကြီးများနှင်.ကင်းကွာနေသည် ။ ဇာတ်ထဲမှဝန်ကြီးများလို ခေါင်းပေါင်းများဝတ်ရုံများကိုခြုံထားသော်လည်း အာဏာမရှိဖြစ်နေသည် ။ ထိုသို.သောအခြေအနေတွင် သမ္မတအား လွှတ်တော်ကိုဖျက်သိမ်းခွင်.ပေးမထားခြင်းမှာသဘာဝကျသည် ။ အားကောင်းသော သမ္မတစနစ်သာဆိုလျင်ထိုအာဏာကိုသမ္မတရသင်.သည် ။ယခုလို အာဏာအပြည်.မရှိသောသမ္မတစနစ်တွင် လွှတ်တော်ကိုမည်သူကမျှ ဘာအတွက်မှ (သက်တမ်းစေ.၍ မှတပါး) ဖျက်သိမ်းခွင်.အာဏာမပေးသင်.ပါ ။
ကိုပါကြီးကိစ္စတွင်လူတော်တော်များများကတပ်မတော်၏ပြုမူပုံကိုမေးခွန်းထုတ်လာကြသည် ။ ကိုပါကြီးကိစ္စမဖြစ်ခင်ကလည်း ပြည်မြို.န၀ဒေးတံတားအောက်တွင် လူသတ် မှုဖြစ်စဉ်ကလည်း အခင်းဖြစ်နေရာမှမသင်္ကာဖွယ်ချက်ခြင်းဖမ်းဆီးမိသောတရားခံတပ်မတော်သားနှစ်ဦးကို ရဲစခန်းသို. ပြည်သူလူထုကဖမ်းပို.ခဲ.ရာ တပ်မှလာခေါ်သွားပြီး ပြစ်မှုကျူးလွန်သူမှာ ထိုလူများမဟုတ်ဟုငြင်းဆိုခဲ.သဖြင်.ယခုထက်တိုင်တရားခံမပေါ်သောလူသတ်မှုဖြစ်နေသည် ။ ထိုနေရာသည်အလွန်လူပြတ်သောနေရာဖြစ်သည် ။ လူသတ်ခံရသူကောင်လေး ၊ လုယက်ရိုက်နှက်ခံရသူအမျိုးသမီး( rape လုပ်ခံရသည်ဟုမြို.ခံများကသံသယရှိသည် သို.သော်ကာယကံရှင်က ထိုအကြောင်းမဖော်ပြ) ၊ တပ်မတော်သားသုံးဦး ညကြီးအချိန်မတော်အခင်းဖြစ်ရာတွင်အတူတွေ.ရသည်မှာတိုက်ဆိုင်မှုမဟုတ်ချေ ။ဖမ်းဆီးစစ်ဆေးပြီးရုံးတင်တရားစွဲကာ တရားသူကြီးမှအပြစ်မရှိကြောင်းဆုံးဖြတ်လျင် ယုတ္တိရှိရှိမရှိရှိလက်ခံနိုင်ပါသော်လည်း ၊ တရားခွင်သို.မရောက်လိုက်ပဲယခုကဲ.သို. တပ်ဘက်မှတဘက်သတ်ငြင်းဆိုခြင်းမှာ ပြည်သူလူထု၏ မကြေနပ်မှုကိုကြီးထွားစေပါသည် ။စစ်ခုံရုံးဖြင်.စစ်ဆေးသည်ဆိုလျင်လဲ စစ်ဆေးတွေ.၇ှိချက်များကိုပြည်သူလူထုထံပွင်.ပွင်.လင်းလင်းချပြသင်.ပါသည် ။ ထိုကဲ.သို.ဆင်တူရိုးမှားအမှုများမြန်မာတစ်နိုင်ငံလုံးတွင်များစွာရှိပါသေးသည် ။ အမှုအခင်းဖြစ်တိုင်းတပ်သည် ဥပဒေအထက်တွင်ရှိနေသလိုဖြစ်နေပါသည် ။
မဏ္ဍိုင်သုံးရပ် အပြန်အလှန်ထိမ်းညှိခြင်းဟန်ချက်ပျက်ပြားခဲ.သည်ဖြစ်စေ ၊ လွှတ်တော်တွင် သုံးပုံတစ်ပုံနှင်.အထက်ပျက်ကွက်လျင်ဖြစ်စေ နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးနှင်.လုံခြုံရေး (ကာလုံ)အဖွဲ.နှင်.တိုင်ပင်ကာ လွှတ်တော်ကိုဖျက်သိမ်းခွင်.ပြုသည်.အာဏာကိုတပ်မတော်သားကိုယ်စားလှယ်များက ဖွဲ.စည်းပုံအခြေခံဥပဒေတွင်ထပ်ထည်.ဖို. ယခုအခါ တောင်းဆိုလာကြပေသည် ။ထိုအချက်မှာတိုင်းပြည်နောင်ရေးအတွက်ရင်လေးစရာ အာဏာချဲ.ထွင်မှုဖြစ်သည် ။ ၎င်းအချက်သာအောင်မြင်သွားလျင် လွှတ်တော်ကိုလည်းမည်သူကမျှဂရုစိုက်စရာလိုတော.မည်မဟုတ် ။ နောင်အခါတွင်တစ်ဆင်.တက်၍ တရားသူကြီးများကိုဖြုတ်ချခွင်. ၊ တပ်မတော်တရားသူကြီးများဖြင်.အစားထိုးခွင်. ၊ ရှေ.နေများကိုဖမ်းဆီးခွင်. ၊ သမ္မတကိုဖြုတ်ချခွင်. ၊ 007 ဂျိမ်းစဘွန်းလို License To Kill များတောင်းလာကြပါကမခက်ပါလားခင်ဗျာ ။
သရ၀ဏ်(ပြည်)
0 comments:
Post a Comment