Wednesday, September 17, 2014
နိုင်ငံရေးသီလ (သို.မဟုတ် ) လူသာပဓာန (ပြည်သတင်း/ဆောင်းပါး) သရ၀ဏ်(ပြည်)
နိုင်ငံရေးသီလ (သို.မဟုတ် ) လူသာပဓာန (ပြည်သတင်း/ဆောင်းပါး)
သရ၀ဏ်(ပြည်)
ယမန်နှစ်မိုးတွင်း၏တစ်ခုသောနေ.၀ယ် အမေ၇ိကန်သံရုံး ပြန်ကြားရေးဌာန လက်အောက်ရှိ အမေရိကန်စင်တာ ( American Center ) ဟုခေါ်သောတော်ဝင်လမ်းရှိ အမေရိကန်စာကြည်.တိုက်ဝယ် ကျွန်တော်နှင်.အခြား နှစ်ဦးကိုပင်.ဖိတ်၍ လူငယ်နှင်.ခရီးသွားခြင်း ( Youth and Travel ) ဟူသောခေါင်းစဉ်ဖြင်. အင်္ဂ လိပ်လိုဟောပြောဆွေးနွေးစေပါသည် ။ကျွန်တော်တို.ကအင်္ဂလိပ်လိုဟောပြောပြီးတက်ရောက်လာသော လူငယ်ကျောင်းသားမျာကလည်း အင်္ဂလိပ်လိုမေးခွန်းများမေးကြပါသည် ။ ထိုဟောပြောပွဲသို.လာရောက်နားထောင်သောလူငယ်အများစုမှာ အင်္ဂလိပ်စာကို ပြင်ပနာမည်ကြီး ပုဂ္ဂလိကကျောင်းကြီးမျာတွင် လေ.လာသင်ယူခဲ.သောကျောင်းသားကျောင်းသူများဖြစ်သည် ။ သူတို.ကိုဟောပြောပို.ချနေသောကျွန်တော်မှာ ဘယ်ဘိုကျောင်းကိုမှတက်ဖူးသူမဟုတ် ။ပြည်မြို. ဒေါ်ဘုမ မူကြိုမှထွက်ကာ အစိုးရကျောင်းမှဆယ်တန်းအောင်လာခဲ.သူဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်စဉ်းစားမိသည်မှာ ပညာဆိုသည်မှာ လက်မှတ်ကိုခေါ်တာမဟုတ်ပါ ။ ဥာဏ်ပညာနှင်. အသိကိုသာခေါ်တာပါလား ။ဤအသိရဖို.ဆိုလျင် ဘယ်ကျောင်းတက်မှ တတ်မည်ဟူသောဖော်မြူလာမရှိပါလားဟူ၍ဖြစ်သည် ။
ယနေ.အခါ ပိုက်ဆံတတ်နိုင်သောမြို.ပေါ်နေ မိဘများသည် အချို.ကသားသမီးအပေါ်စေတနာဖြင်. ၊အချို.ကကြွားဝါချင်၍ သူတို.၏သားသမီးများကို အကောင်းဆုံးပညာရေးကိုပေးအပ်ရန်ကြံရွယ်ချက်ဖြင်. နိုင်ငံတကာအဆင်.ဟုကျွေးကြော်ထားသော ကျောင်းများ ( အရပ်အခေါ်ဘိုကျောင်းများ ) သို.မိမိ သားသမီးများကိုပို.လွှတ်သင်ကြားစေတာတွေ.မြင်ရပေ၏ ။ ထိုကျောင်းများတွင်မတက်ပဲ နိုင်ငံတော်မှဖွင်.လှစ်ထားသည်. အခြေခံပညာမူလတန်း ၊အလယ်တန်း၊ အထက်တန်း ကျောင်း များတွင် တက်ရောက်ပညာသင်ပါက လူရာပဲမ၀င်တော.သလိုလို ၊ လူညွန်.ပဲတုန်းတော.မလိုပြောကြရေးကြတာကြားဖူးပေ၏ ။ ထိုဘိုကျောင်းများသည် ကျောင်းဝင်ကြေးပိုက်ဆံသောက်သောက်လဲယူထားသဖြင်. ကျောင်းဝင်းအဆင်အပြင် ၊စာသင်ခန်းအနေအထား ၊ ကစားကွင်း ၊ သိပ္ဖံလက်တွေ.စမ်းသပ်ခန်း ၊ အားကစားခန်းမ ၊ ပြင်ပဗဟုသုတလေ.လာရေးစသည်တို.တွင် အစိုးရကျောင်းများထက်အဘက်ဘက်ကမယှဉ်နိုင်အောင်သာသည်မှာမှန်ပါသည် ။ သို.သော် ဤကိစ္စများသည် လူတစ်ယောက်ပညာသင်ကြားရေး၌ ကောင်းမွန်သော အခြေခံအဆောက်အဦများဖြစ်သော်လည်း ထိုရုပ်ဝတ္တုပစ္စည်းများးရှိနေရုံမျှနှင်.လည်း စစ်မှန်သောပညာတတ်တစ်ယောက်ဖြစ်လာမည်ဟုအာမံနိုင်သည်ကားမဟုတ်ပေ ။ နက်ကတိုင်နှင်. ဘွတ်ဖိနပ်ကိုစီးကာ ကြော.နေအောင်ဝတ်စားပြီးကိုယ်.သားသမီးကျောင်းသွားသည်ကို မိဘတိုင်းကြည်.ချင်ပေလိမ်.မည် ။ သို.သော် ဤသည်မှာ စက်ရုံထဲသို.၀င်သွားသောကုန်ကြမ်းပစ္စည်းများ နှင်.တူပေသည် ဟုကျွန်တော်ထင်သည် ။ ထိုကုန်ကြမ်းပစ္စည်းများကိုအဆင်.ဆင်.ထုပ်ပိုး ပြင်ဆင်ပြီးသောအခါ အသုံးပြုနိုင်သောကုန်ချောများထွက်လာပေမည် ။ ကျွန်တော်တို.သည် စက်ရုံထဲသို.ဘယ်လိုဝင်သွားသလဲဆိုတာသာစိတ်ဝင်စားကြသည် ။ စက်ရုံထဲမှဘယ်လိုပြန်ထွက်လာကြသလဲဆိုတာဆန်းစစ်မကြည်.ကြပေ ။ကုန်ကြမ်းဘယ်လိုကောင်းသော်လည်းကုန်ချောဖြစ်မလာပဲ သုံးမရ၍ပစ်လိုက်ရသည်.ဖြစ်စဉ်များလဲရှိမည်။ နိုင်ငံကျော်အဆိုတော်တစ်ဦး၏ သားမှာ ထိုကဲ.သို.သော ဘိုကျောင်းတွင်သွားထားရာ စာမလိုက်နိုင်ပဲမကြာခနကျနေသဖြင်. ယခုအခါ နိုင်ငံခြားတွင်ကျောင်းဆက်တက်ချင်၍လည်းမရ ၊အစိုးရကျောင်းတွင်ပြန်တက်ဖို.ကလည်း လူကကြီးကာအတန်းကငယ်နေသဖြင်. အရှက်ကွဲရမည်.အပေါက်ဖြစ်ကာ စကောစကဖြင်.ပညာရေးတပိုင်းတစဘ၀ဖြင်.ရပ်တန်.သွားလေသည် ။ အချို.ကျောင်းသားကျောင်းသူအချို.မှာလည်း မြန်မာပြည်မှာနေ မြန်မာမိဘနှစ်ပါးကမွေးလာပါလျက် မြန်မာလိုတောင် ဌာန်ကရိုဏ်းကျအောင်မပြောတတ် ၊မရေးတတ်တော.တာဝမ်းနည်းဖွယ်ဖြစ်ပေသည် ။ ပညာသင်ကြားသောရည်ရွယ်ချက်မှာ မိမိဘာသာအကောင်းအဆိုးဝေဖန်သုံးသပ်နိုင်သော လောကအလင်းရောင် ဟုခေါ်တွင်အပ်သောဥာဏ်ပညာကိုရရန်ဖြစ်သည် ။ ဘွဲ.ရခြင်းနှင်. ပညာဥာဏ်ရလာခြင်းသည်မတူပေ ၊ ဘယ်ကျောင်းကိုတက်ခဲ.သည်ဆိုသည်ထက် မည်ကဲ.သို.သောအသိဥာဏ်မျိုးကိုရခဲ.သည်ဆိုခြင်းကပို၍ ပဓာနကျပေသည် ။ ဤသို.ပြောခြင်းဖြင်. အင်္ဂလိပ်နာမည်အမျိုးမျိုးဖြင်.ဖွင်.လှစ်နေသောမြန်မာပြည်မှပုဂ္ဂလိက ဘိုကျောင်းများကို နှိမ်လိုရင်းမဟုတ် ၊ ထိုကျောင်းများလည်းကောင်းပါသည် ၊သို.သော် မြန်မာနိုင်ငံသားအများစုမီခိုနေထိုင်ရသောကျောင်းများမှာလည်း သုံးတတ်လျင် သူ.အတိုင်းအတာနှင်.အသုံးဝင်ပါသည် ဟုဆိုလိုရင်းဖြစ်သည် ။ ကျောင်းနေရင်း၏အဓိကအချက်မှာ ဥာဏ်အလင်းဓါတ်ရဖို.ဖြစ်သည် ဆိုခြင်းကို မိဘများရောကျောင်းသားများပါမမေ.ကြဖို.ထောက်ပြလိုခြင်းဖြစ်သည် ။ ငါဘယ်ကျောင်းမှာတက်နေသည်ဆိုခြင်းထက် ငါသည် အသိပညာဥာဏ်အလင်းနှင်.ဆင်ခြင်တုံတရားမည်မျှရှိနေပြီဆိုခြင်း က ပို၍အရေးကြီးသဖြင်. မိမိကိုယ်ကိုအမှန်အတိုင်းမေးကြည်.ကြစေလိုပါသည် ။
ကျွန်တော်သည်ပြည်မြို. ပန်းပဲတန်းမူလတန်းကျောင်းမှအခြေံပညာကိုရှိခဲ.ပြီး အ.ထ.က (၁) ပြည်မြို.မှအထက်တန်းအောင်မြင်ခဲ.သည်ဖြစ်ရာ မည်သည်.နိုင်ငံတကာအဆင်.ကျောင်းသို.မျှမတက်ခဲ.ဖူးပါ ။သို.သော် အထက်တန်းတက်နေစဉ်ကပင်နေ.စဉ် ကျောင်းစာကြည်.တိုက်သို.သွားကာအချိန်ရသမျှ ပြင်ပစာများဖတ်ရှုလေ.လာခြင်း၊ ရန်ကုန်တက္ကသိုလ်စာကြည်.တိုက် ၊ ကုလသမဂ္ဂစာကြည်.တိုက် ၊ British Council စာကြည်.တိုက် ၊ American Center စာကြည်.တိုက်စသည်ဖြင်. စာကြည်.တိုက်ပေါင်းစုံသို.မကြာမကြာသွားကာပညာဆည်းပူးခြင်းဖြင်. ဥာဏ်အလင်းရောင်ပို၍ ကျယ်ဝန်းအောင်ဖြည်.ဆည်းနိုင်ခဲ.ပါသည် ။ငါကဘိုကျောင်းတွင်မတက်နိုင်ဘူး သူတို.ရသောပညာများငါတော.ရမှာမဟုတ်ပါဘူးဟုစိတ်မထားအပ်ပေ ။ လူတစ်ယောက်၏အရည်အချင်းမှာ သူသည်ဘယ်ကျောင်းတွင်တက်ခဲ.သည်ဆိုခြင်းနှင်.ဆုံးဖြတ်၍ မရပဲ သူသည် ဘယ်လောက်အထိ လေ.လာသင်ယူခဲ.သည် ၊ဘယ်လိုကြိုးစားခဲ.သည်ဆိုတာနှင်.ပဲတိုင်းတာ၍ရကောင်းပါသည် ။သမ္မတလင်ကွန်းသည် သစ်ခုတ်သမားတစ်ယောက်ဘ၀မှပညာတတ် သမ္မတကြီးဖြစ်လာခြင်းမှာ ကျောင်းကောင်းကောင်းတွင်နေရ၍မဟုတ် ၊ မဖြစ်မနေကြိုးစားချင်သောစိတ်ဆန္ဒကြောင်.ဖြစ်သည် ။
ယခုလိုနိဒါန်းချီနေရသည်မှာ မြန်မာနိုင်ငံတွင် စတင်အမြစ်တွယ်စပြုနေသော လူမှုရေး၊ နိုင်ငံရေး နယ်ပါယ်များ၌ နိုင်ငံတကာမှဖွင်.လှစ်သော ဘွဲ.များ ၊ဒီပလိုမာများ ၊ဆာတီဖီကိတ်များ၊သင်တန်းဆင်းလက်မှတ်ရှိသူများသာ ဟုတ်ဟုတ်မဟုတ်ဟုတ် လူတွင်ကျယ် အဖြစ် နေရာယူ နေရာပေးနေကြခြင်းကိုမြင်နေရသောကြောင်.ဖြစ်သည် ။ ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်ကြီးမှ ဘာဘွဲ.ကြီးရလာသော ဖွဲ.စည်းပုံဥပဒေပညာရှင် ဟုတစ်မျိုး ၊ ဘယ်နိုင်ငံဘယ်တက္ကသိုလ်ကြီးတွင် တွဲဖက်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေသောသမိုင်းပညာရှင်ဟူ၌တစ်ဖုံ ၊ ကုလသမဂ္ဂ၏ဘယ်အဖွဲ.ကြီးတွင်ဘာတာဝန်ထမ်းဆောင်ခဲ.သော ပညာရှင် ဘယ်သူကပြောသည်ဟူ၍တနည်း ဥာဏ်ပညာနှင်.စေတနာထက် ဘွဲ.နှင်.ကျောင်းကို ခေါင်းပေါင်းပေါင်းလာကြသောကိစ္စများကိုသာတွေ.လာရသောကြောင်.ဖြစ်သည် ။
စေတနာသည်ကံဖြစ်သည်ဟု ဗုဒ္စဘုရားရှင်ကဟောပါသည် ။ သင်သည်မည်မျှပညာတတ်သည်ဖြစ်စေ စေတနာမကောင်းပါက ကံကောင်းနိုင်မည်မဟုတ် ။ ကုသိုလ်ရေးလုပ်ရာတွင် ကံငါးပါးဟုခေါ်သော အခြေခံ သီလခိုင်လုံဖို.လိုသလို ၊ နိုင်ငံရေးလုပ်ရာတွင် နိုင်ငံရေးသီလမကျိုးပေါက် ဖို.လိုပေလိမ်.မည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုန်းတော်ကြီး ဦးသောဘိတကျောင်းထွက်ဖြစ်သည် ။ ရေနံချောင်းအမျိုးသားကျောင်း မှ အထက်တန်းအောင်ခဲ.သူဖြစ်သည် ။ သူသည် ILBC ကိုလည်းမတက်ဖူးခဲ. ၊ Horizon ကိုလည်းမတက်ဖူးခဲ. ၊ International School သို.လည်းအနားပင်မသီဖူးခဲ. ၊ B.C တို. အမေရိကန်စင်တာတို.လည်းရောက်ဖူးသူမဟုတ် ၊ ဒဂုန်(၁) ထွက်လည်းမဟုတ် ၊ TTC ကျောင်းထွက်လည်းမဟုတ် ၊ နန်ယန် ကျောင်းတွင်လည်း ကျောင်းတက်ခဲ.သူမဟုတ် ။ ထူးချွန်မည်.သူသည်ထူးချွန်မည်ဖြစ်သည် ။ ကျောင်းကအဓိကမဟုတ် လူကအဓိကဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းသည် တောကျောင်းမှ အထက်တန်းအောင်သော်လည်း အင်္ဂလိပ်စာတွင်ညံ.သူမဟုတ်ကြောင်း သူအင်္ဂလိပ်လိုရေးခဲ.ပြောခဲ.သောမိန်.ခွန်းများကသက်သေခံနေသည် ။ ဗိုလ်ချုပ်ပြတိုက်ဖွင်.လှစ်ထားသော ရန်ကုန်မြို. တာဝါလိန်းလမ်း နေအိမ်အပေါ်ထပ်စာကြည်.ခန်းထဲတွင်ပြသထားသော ဗိုလ်ချုပ်အောင်ဆန်းဖတ်ခဲ.သည်.အင်္ဂလိပ်စာအုပ်များကသက်သေခံနေပါသည် ။ ဗိုလ်ချုပ်အောင်ဆန်းသည်ရန်ကုန်တက္ကသိုလ်သို.စရောက်ကာစက အင်္ဂလိပ်စာတော်သည်မဟုတ်ပေ ။သူပြောသောအင်္ဂလိပ်စာမှာသိပ်ပြီးအစပ်အဟပ်မတည်.သဖြင်. ဘိုကျောင်းထွက်ကောလိပ်ကျောင်းသားများ၏၀ိုင်းဝန်းလှောင်ပြောင်မှုကိုခံခဲ.ရသူဖြစ်သည် ။သို.သော် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဘာကိုပဲလုပ်လုပ် ဖိဖိစီးစီးဇွဲကြီးမဲကြီး လုပ်ကိုင်လေ.ရှိသောအောင်ဆန်းသည် နှစ်အနည်းငယ်အတွင်းအင်္ဂလိပ်လိုဂျောင်းဂျောင်ပြေးအောင်ပြောနိုင်သည်ကို ဘိုကျောင်းထွက်များကပင်ငေးယူရသည်.အခြေအနေသို.ရောက်အောင် ကြိုးစားပြနိုင်ခဲ.သည် ။ လူတော်တစ်ယောက်သည် ကိန်းဘရစ်ဂ်ျ တက္ကသိုလ်မှာပဲတက်တက် ၊ နတ်မောက်အထက်တန်းကျောင်းမှာပဲနေနေ တော်မည်.သူကတော်မည်သာဖြစ်သည် ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရာထူးကိုသက်တမ်းနှစ်ကြိမ်အောင်မြင်စွာထမ်းရွက်နိုင်ခဲ.သော မြန်မာ.ဂုဏ်ဆောင်ဦးသန်.သည် ILBC လည်းမတက်ဘူးပါ ။ YES မှာလည်းအင်္ဂလိပ်စာမသင်ဖူးပါ ။ ဗြိတိသျှသံရုံးမှာလည်းအင်္ဂလိပ်စာမလေ.လာဖူးပါ ။ အမေရိကန်စင်တာမှာလည်း မင်ဘာမဟုတ်ပါ ။တော်မည်.သူကတော်သည်သာဖြစ်သည် ။ ဦးသန်. အသက်(၆)နှစ်သားတွင် မြန်မာနိုင်ငံ ၊ဧရာဝတီတိုင်း ၊ပန်းတနော်မြို. ဆရာကြီးဦးဘဟန်၏ မြန်မာကျောင်းတွင်စတင်ပညာသင်ကြားသည် ။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကိုအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို.တက်ရောက်ပညာဆည်းပူးသည် ။ တကောင်းကျောင်းဆောင် ၊ပုဂံကျောင်းဆောင် များတွင်နေထိုင်ခဲ.ကာ အသက် (၁၉)နှစ်တွင် ဥပစာတန်း (IA ) အောင်မြင်ခဲ.သည် ။ဦးသန်.ကိုဖခင်ဖြစ်သူဦးဘိုးနှစ်က အိမ်တွင်အင်္ဂလိပ်စာသင်ပေးသည် ။ ၀ါသနာပါ၍လေ.လာသဖြင်. မောင်သန်.သည် အသက် (၁၂)နှစ်အရွယ်ကပင် ရှိတ်စပီးယား စာအုပ်များနှင်.ဆာအာသာကိုနင်ဒွိုင်းစာအုပ်များကိုအင်္ဂလိပ်လိုဖတ်နိုင်နေပြီဟုဆို၏။ အရင်းအမြစ်စစ်လိုက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းရော ၊ဦးသန်.ရော ၊ဦးနုရော အင်္ဂလိပ်စာတော်ခြင်းမှာ အင်္ဂလိပ် စာအဓိကသင်သောကျောင်းကောင်းကောင်းမှာနေရ၍မဟုတ် မိမိဘာသာဝါသနာပါသဖြင်.လေ.လာသောကြောင်.ဖြစ်သည် ။သူတို.သုံးယောက်လုံးတွင်တူညီသာအချက်မှာ အင်္ဂလိပ်စာကောင်းစွာတတ်သော်လည်း မြန်မာစာတွင်မညံ.ကြခြင်းဖြစ်သည် ။မညံ.သည်.အပြင် အလွန်ကောင်းမွန်သောစာပေလက်ရာများကိုပင်ပြုစုနိုင်ခဲ.သည် ။ ယခုခေတ်အင်္ဂလိပ်စာလေးအနည်းငယ်သင်မိသည်နှင်.” မြန်မာလိုဘယ်လိုခေါ်ရမလဲဆိုတော. “ ဟူသော စကားကိုအရသာခံပြောတတ်သော ကျီးမဟုတ်ကြက်မဟုတ်သူများနှင်.မူအတော်ကြီးကွာခြားလှသည် ။
ဖ.ဆ.ပ.လ အဖွဲ.ကြီး၏ခေါင်းဆောင် ၊နိုင်ငံတော်ဝန်ကြီးချုပ်ဦနု သည်လည်းငယ်စဉ်က ၀ါးခယ်မမြို.ရှိ အင်္ဂလိပ် မြန်မာအလယ်တန်းကျောင်းတွင် ပညာဆည်းပူးခဲ.သူဖြစ်သည် ။ ထိုမှတဆင်.ရန်ကုန်တက္ကသိုလ်သို.ရောက်ရှိလာသူဖြစ်သည် ။ ထို.နောက်နိုင်ငံလှုပ်ရှားမှုထဲတွင်ဆက်တိုက်ပါဝင်လာပြီး လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ်နှင်.ကမ္ဘာသိထင်ရှားသူဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းရော ၊ဦးသန်.ရော ၊ဦးနု ပါ တောကျောင်းထွက်များဖြစ်သော်လည်း အင်္ဂလိပ်စကားကို စကားပြန်မလိုပဲကျွမ်းကျင်စွာပြောနိုင်သည် ။ အင်္ဂလိပ်လိုကောင်းကောင်းရေးနိုင် ဖတ်နိုင်သည် ။ သူတို.၏ပညာရေးကို အောက်စဖို.ဒ် ၊ယေးလ် ၊ ကိန်းဘရစ် စသောကမ္ဘာကျော်တက္ကသိုလ်မှကျောင်းပြီးခဲ.သူများကအထင်မသေးရဲကြပေ ။ ဦးသန်.ကိုကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးအဖြစ် အမည်စာရင်းတင်သွင်းထားသောအခါ မလိုသူများက ဦးသန်.သည် ဘီအေဘွဲ.ရရှိခဲ.သူမဟုတ်ဟူသောအကြောင်းပြချက်ဖြင်.ကန်.ကွက်ခဲ.ကြသည် ။ သို.သော် ဦးသန်.သည် ရန်ကုန်တက္ကသိုလ်တွင် အိုင်အေတန်းကိုအောင်မြင်ခဲ.ပြီးဖြစ်သည် ။သူ.ဘာသာဆက်မတက်ချင်ပဲ အမျိုးသားကျောင်းတွင်ကျောင်းအုပ်ဆရာဝင်လုပ်သောကြောင်.သာ ဘွဲ.မရခြင်းဖြစ်ကြောင်း အားလုံးသိကြသဖြင်. ဘီအေဘွဲ.ရခြင်း မရခြင်းကိုမည်သူကမျှ အရေးတယူပြောမနေတော.ပဲ တော်သည်နှင်.အညီ U.N အတွင်းရေးမှူးတင်မြှောက်ခဲ.ကြခြင်းဖြစ်သည် ။
ဗိုလ်ချုပ်အေင်ဆန်း ၊ ဦးသန်.၊ ဦးနုတို.၏နိုင်ငံရေးလမ်းစဉ်ကို ကြိုက်သူများလည်းရှိမည် ၊အချို. သူများကမကြိုက်သည်လည်းရှိမည် ။နိုင်ငံရေးလမ်းစဉ်ခြင်း အယူဝါဒခြင်းကွဲပြား၍ ဝေဖန်ပြစ်တင်သူများပင်ရှိမည် ။ သို.သော် မည်သို.ပင်အယူအဆမတူ၍ ကွဲပြားကြစေကာမူ သူတို.သုံးဦးနှင်.ပါတ်သက်လာလျင် ရန်သူရော မိတ်ဆွေရော အားလုံးက တညီတညာတည်းသတ်မှတ်ဝန်ခံကြသည်မှာ သူတို.သည် မိမိကိုယ်ကျိုးအတွက် တိုင်းပြည် ဥစ္စာဘဏ္ဍာကိုတစိုးတစေ.မှထိခဲ.ကြသူများမဟုတ် ။ မိမိကိုယ်ကျိုးအတွက်တိုင်းပြည်ကိုရောင်းစားဖို.နေနေသာသာ ရာထူးအာဏာကို ကိုယ်ကျိုးအတွက် ဘယ်သောအခါမျှ အသုံးမချခဲ.ကြောင်း အားလုံးက၀န်ခံကြခြင်းဖြစ်သည် ။ဤသည် ကိုယ်ကျင်.တရားဖြစ်သည် ။ နိုင်ငံရေးသီလဟူသည် ရှိသေး၏ ။ နိုင်ငံရေးတွင်ကိုယ်ကျင်.တရားသည်အရေးကြီးသလို နိုင်ငံရေးသီလသည် ထပ်တူအရေးကြီးပေ၏ ။ နိုင်ငံရေးသီလဟူသည်မှာ မိမိအကျိုးနှင်. အများအကျိုးယှဉ်လာလျင် အများအကျိုးကို ဦးစားပေးခြင်း ၊ အများအကျိုးနှင်. နိုင်ငံအကျိုးယှဉ်လာလျင်တစ်နိုငံလုံးအကျိုးကိုဦးစားပေးခြင်းတို.ဖြစ်သည် ။ထိုသို.မဟုတ်ပါပဲ မိမိ နှင်.မိမိပါတီ၊မိမိအဖွဲ.အစည်း အသာစီးရဖို. မတရားသောအဖွဲ.တစ်ဖွဲ.ကိုမတရားမှန်းသိပါလျက် ထောက်ခံခြင်း ၊ပူးပေါင်းခြင်း၊လိမ်လည်ခြင်း၊ပြည်သူကိုသစ္စာဖောက်ခြင်းများသည် နိုင်ငံရေးသီလကျိုးပေါက်ခြင်းဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းတို. ၊ ဦးနုတို. ၊ဦးသန်.တို.ကိုယခုအချိန်အထိကြည်ငြိုသူပေါသည်မှာ ကိုယ်ကျင်.တရားကောင်းသလို နိုင်ငံရေးသီလလည်းမြဲသောကြောင်.ဖြစ်သည် ။
ယနေ.ခေတ်အခါတွင်နိုင်ငံ.အရေးကိုဆောင်ရွက်ကြပါသည်ဟူသော နိုင်ငံရေးသမားများစွာပေါ်ပေါက်နေကြသည် ။အချို.သည် အစိုးရနှင်.ကင်းကင်းနေကာအတိုက်အခံနိုင်ငံရေးသမား အဖြစ် တောက်လျောက်လုပ်ကိုင်လာကြ၏ ။ အချို.မှာ ထင်ပေါ်သဖြင်.စင်တော်ကောက်သည်ဟုပဲပြောပြော ပုလင်းတူဗူးဆို.ပူးပေါင်းမိကြသည်ပဲဆိုဆို အာဏာရ အသိုင်းအ၀ိုင်း၏ ခေါ်ယူအသုံးချခြင်းကိုကြေကြေနပ်နပ်ခံယူ၍ နိုင်ငံရေးဖြစ်စဉ်တွင် လူမြင်သာသောကဏ္ဍမှ ပါဝင်ကပြကြလေသည် ။အချို.လူများသည် လူတော်တွေဖြစ်ကြကုန်၏ ။ နိုင်ငံခြားတက္ကသိုလ်များမှပေးသောဘွဲထူးဂုဏ် ထူး တသီကြီးကိုရထားသူများလည်းပါသည် ။ သူတို.သည် ပညာတတ်များပီပီ ဘိုလိုတွေမှုတ်လျက် ရှင်းနေသောအကြောင်းအရာတစ်ခုကိုပင် လူတွေနားမလည်အောင် ရှုပ်သွားအောင် အလွန်ကြီးမားသော အင်္ဂလိပ်စာလုံး ခန်.ခန်.ထယ်ထယ်ကြီးတွေကိုသုံးကာဟောပြောနိုင်ကြပေ၏ ။ လက်တွေ.တွင် တစ်ခါမှ ပြည်သူလူထုနှင်.ထိတွေ.ဆက်ဆံမှုမရှိပဲ သဘောတရားရေးရာများ သီအိုရီများ ဖော်မြူလာများကို နှုတ်တက်ရွရွ ရွတ်ဆိုနိုင်ကြပေကုန်၏ ။Moderate နဲ. Radical တို. Reform တို. ၊ Hard Liner တို. ၊ No Trust တို. Political Opening တို. ၊ Reality တို. ၊ Win Win Theory တို. ၊ Constitutional Crisis တို. Power Sharing တို. ဘိဇနက်တို. Oppositopn တို. Awarness တို. Third World တို. စသည်ဖြင်.ပြောမဆုံးအောင် ရွတ်ပြကြပေလိမ်.မည် ။ သို.သော်တစ်ခုရှိသည်မှာ ထိုဘိုကျောင်းထွက်တွေ ၊နိုင်ငံခြားပြန်တွေကို ပြည်သူတွေကမယုံ ။ဤလူတွေသည် အစိုးရနှင်.ပေါင်းကာ လူကြားကောင်းအောင်စကားကြီးစကားကျယ်တွေပြောနေကြသည်မှတပါး ပြည်သူလူထု၏ရင်ထဲအသည်းထဲအထိ ရောက်မလာနိုင်ကြခြင်းမှာ နိုင်ငံရေး၏အသည်းနှလုံးဟုခေါ်ဆိုအပ်သော ကိုယ်ကျင်.တရားနှင်. နိုင်ငံရေးသီလ မစင်ကြယ်ခြင်းကြောင်းဖြစ်သည် ။ ဆိုဖာပေါ်မှာထိုင်၍ နိုင်ငံရေးစကားတွေ ပြောနေသော်လည်း ပြည်သူလူထု၏ မျက်ရည်ကို ကိုယ်တိုင်ခံစားမကြည်.နိုင်သောအခါ ထိုလူတွေ၏ပြောစကားကို မည်သူမျှနားလည်မည်မဟုတ်ချေ ။ဗိုလ်ချုပ်အောင်ဆန်းသည် တခါတရံအပြောဆိုးသော်လည်း လူတွေကချစ်ကြသည်မှာ သူ.နှလုံးသားသည်ပြည်သူတွေနှင်.တသားတည်းဖြစ်နေသောကြောင်.ပင်တည်း ။ထိုသို.မဟုတ်ပဲ အပြောတမျိုး အလုပ်တမျိုးဖြစ်ကာပြည်သူကိုမိဘနှင်.နှိုင်းပြီး စကားလုံးချိုချိုကလေးများဖြင်. လစဉ် လေလှိုင်းမှသြ၀ါဒကထာမြွက်ကြားနေလည်းပြည်သူကဂရုစိုက်မည်မဟုတ်ချေ ။ စကားလုံးများထက်စေတနာသည် အရေးကြီး၏ ။ မြေမဲ.ယာမဲ.ဒုက္ခ ၊ လယ်သမားများထောင်ချခံရသောဒုက္ခ ၊ပြည်တွင်းစစ်မရပ်စဲနိုင်သေးသည်.ကစ္စ ၊ ဥပဒေစိုးမိုးမှုမရှိသောကိစ္စ စသည်တို.ကို စကားလုံးလှလှလေးတွေသည်လာမကယ်နိုင်။ပြည်တွင်း ပြည်ပမှဘွဲထူးဂုဏ်ထူးတွေအမြီးအမောက်တွေထက်ကိုယ်ကျင်.တရားနှင်.နိုင်ငံရေးသီလသည် ပို၍အရေးကြီး၏ ။အချုပ်အားဖြင်.ပြောရလျင် သင်ဘယ်ကျောင်းမှာစာသင်ခဲ.သည်ဆိုခြင်းသည် အရေးမကြီးပါ ။သင်ဘာစာတွေသင်ခဲ.သည် ၊သင်ဘာတွေလုပ်နိုင်သည် ၊ ၊ သင် ဘာတွေလုပ်နေသည် ဆိုခြင်းက ပို၍ အရေးကြီးပါသည် ။
ဟစ်တလာ ၊ပိုပေါ.၊အိုစမာ ဘင်လာဒင် နှင်.မြန်မာပြည်မှ ဟိုပုဂ္ဂိုလ်ကြီးတို.သည် တက်ရောက်ခဲ.သောကျောင်းမတူသော်လည်း သင်ယူခဲ.သောဘာသာတွဲခြင်းတူညီပုံရလေသည် ။ ထို.ကြောင်.မည်သည်.ခေတ်တွင်မဆို
တောကျောင်းမှာပဲနေနေ
မြို.ကျောင်းမှာပဲတက်တက်
ဘိုကျောင်းကပဲထွက်ထွက်
တော်မည်.သူသည် တော်ကိုတော်မည် ။ ညံ.မည်.သူသည်ညံ.ကိုညံ.မည် ။လိမ်မည်.သူသည်လိမ်ကိုလိမ်မည် ၊ ယုတ်မာမည်.သူသည် ယုတ်ကိုယုတ်မာမည်ဖြစ်သည် ကျောင်းသည် သာမည ၊ လူသည် အဓိကဖြစ်ပါကြောင်းတင်ပြလိုက်ရပေသည်။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၆.၉.၂၀၁၄
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment