မသမာသော ပုဒ်မများ သရ၀ဏ် (ပြည်)
မသမာသော ပုဒ်မများ
သရ၀ဏ် (ပြည်)
ယခုအခါ တစ်နိုင်ငံလုံးအုံးအုံးကျက်ကျက်ဖြင်. ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဆောင်ရွက်နေတာကြားသိရပေသည် ။ ကျွန်တော်အပါအ၀င် မြန်မာ.ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်းမှလူ (၁၀၀) သည်ပင် ၃၁.၅.၂၀၁၄ နေ.က ရန်ကုန်မြို. မဟာဗန္ဒုလပန်းခြံအနီးတွင်ဆန္ဒပြခဲ.ပါသေးသည် ။တော်တော်များများကထောက်ခံကြသော်လည်း အချို.လူနည်းစု ကပ်ဖဲ.အချို.ကလူများသည်ဒေါ်အောင်ဆန်းစုကြည်အာဏာရရေးကိစ္စတွင်ဘာမှမသိပဲရောယောင်လုပ်ဆောင် နေသည် ဟုဝေဖန်ကြသည် ။ ဆိုဗီယက်ပြည်ထောင်စုတွင် ဂေါ်ဗာချော.ကြောင်. ဆိုဗီယက်ပြည်ထောင်စု ကြီးပြိုကွဲသွားသလိုမြန်မာနိုင်ငံတွင်လည်းဒေါ်အောင်ဆန်းစုကြည်အာဏာရလာလျင် ပြည်ထောင်စုကြီးပြိုကွဲသွားလိမ်.မည်ဟု ရမယ်ရှာကာအကြောင်းပြကြသည် ။ အာဏာ ရှင်များ ၊အာဏာရှင်တို.၏စကားကိုနားယောင်နေသူတို.အမြင်တွင်
ဆိုဗီယက်ခေါင်းဆောင်ဟောင်းဂေါ်ဗာချော.သည် လူဆိုးကြီးသဖွယ်ဖြစ်နေပေသည် ။
သူ.ကြောင်.ပဲ အင်မတန်စည်ပင်ဝပြောနေသောပြည်ထောင်စုကြီးပြိုကွဲခဲ.သယောင်ပြောနေရေးနေကြသည်ကို အချို.ကအဟုတ်မှတ်ကာ သံယောင်လိုက်ကြပေသည် ။
ဒီမိုကရေစီဘက်တော်သားတို.အမြင်တွင်မူကား
ဂေါ်ဗာချော.သည် သူရဲကောင်းဖြစ်သည် ။ဂေါ်ဗာချော.ကြောင်. အာဖဂန်နစ္စတန်တွင်
၁၉၈၀ ပြည်.လွန်နှစ်များက ဆိုဗီယက်တပ်သားများတစ်နှစ်လျင် (၃၀၀၀
)ခန်.ကျဆုံးနေရခြင်းကိုရပ်တန်.နိုင်ခဲ.သည်။ သူ.ကြောင်.ပင်တစ်ချိန်က အာဏာရှင်လက်အောက်တွင်တုပ်တုပ်မှမလှုပ်ဝံ.သော အခြေအနေမှ ယနေ.အခါ ရုရှားအပါအ၀င် ယခင်ဆိုဗီယက်ယူနီယံမှခွဲထွက်လာသော နိုင်ငံအတော်တော်များများသည် ဒီမိုကရေစီနှင်.လူ.အခွင်.အရေးကို ခံစားခွင်.ရှိလာကြသည် ၊ဥရောပနှင်.တန်းတူလူနေမှုအဆင်.အတန်းများ
မြင်.လာကြသည် ၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင်. ပြောဆိုခွင်.များရလာကြသည် ။
မီခေးဂေါ်ဗာချော.ကြီးစတင်ခဲ.သော ဂလပ်စ်နော. (Glasnost) နှင်.
ပယ်ရီစတွိုက်ကာ( Perestroika )ကျေးဇူးကြောင်.ယခုအခါ
ကွန်မြူနစ်အာဏာရှင်လက်အောက်မှ သန်းပေါင်းများစွာသော
လူများလွတ်မြောက်လာရလေပြီ ။ ဂေါ်ဗာချော.သာမကယ်ခဲ.လျင် ဆိုဗီယက်သည်
ယနေ.တိုင် အာဏာရှင်ဘရက်ဇညက် (Brezhnev) ၊ အန်ဒရိုပေါ.
(Andropov)တို.လိုလူမျိုးအောက်တွင်ဆက်၍ အမှောင်ခေတ်သက်တမ်းရှည်နေပေလိမ်.မည် ။ ကွန်မြူနစ်အာဏာရှင်မြောက်ကိုရီးယားလို စစ်အင်အားကြီးသလောက် ပြည်သူတွေငတ်မွတ်နေပေလိမ်.မည် ။ ယခုပင်လျင် ရုရှားသမ္မတပူတင်သည်ယူကရိန်းတွင်မစားရသည်.အမဲသဲနှင်.ပက်နေသဖြင်. ခရိုင်းမီးယားဒေသတွင်ပြည်တွင်းစစ်.ဖြစ်နေရသည်မဟုတ်ပါလော ။စစ်အင်အားဖြင်.မတရားစုစည်းထားသော ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲသွားခြင်း၌ ဂေါ်ဗာချော.တစ်ယောက်တည်းကိုသာလက်ညှိုးထိုးအပြစ်ဖို.၍တရားမည်မဟုတ် ၊ နဂိုထဲကကွန်မြူနစ်အာဏာရှင်စနစ်လက်အောက်ဝယ် အကြောက်တရားဖြင်.မတရားစုစည်းခဲ.သော အင်ပါယာကြီးကိုလည်းကိုယ်.အပြစ်ကို ကိုယ် ပြန်မြင်ဖို.လိုပေလိမ်.မည် ။ ဆိုဗီယက်တွင်ဖြစ်ခဲ.သောကိစ္စအ၀၀အတွက်ဂေါ်ဗာချော. တစ်ဦးတည်းအားလက်ညှိုးထိုးအပြစ်တင်နေခြင်းသည် မမှန်ကန်နိုင်သလို မြန်မာနိုင်ငံ ဒီမိုကရေစီနှင်.လူ.အခွင်.အရေးတိုက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အာဏာရပါက တိုင်းပြည်ပြိုကွဲသွားလိမ်.မည်ဆိုသည်မှာလည်းအခြေအမြစ်မရှိသောဖြီးလုံးဖြန်းလုံးများဖြစ်နေပါသည်
။ အကယ်၍ မြန်မာနိုင်ငံသည် တိုင်းနှင်.ပြည်နယ် (၁၄ )ခု မှ နိုင်ငံ (၁၄
)နိုင်ငံအဖြစ် ပြိုကွဲခဲ.မည်ဆိုလျင်လည်း အောင်ဆန်းစုကြည်ကြောင်.ပြိုကွဲခြင်းမဟုတ်ပဲတိုင်းရင်းသားများအပေါ် တရားမျှတမှုမရှိသော ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ၊ အာဏာခွဲဝေပုံစနစ်ကြောင်.သာ ပြည်တွင်းစစ်ဖြစ်ကာပြိုကွဲမည်ဖြစ်ကြောင်း စဉ်းစားဥာဏ်အနည်းငယ်ရှိလျင်ပင်သိနိုင်ပါသည် ။
တိုင်းရင်းသား လူမျိုးများ၏ရင်ထဲအသည်းထဲတွင် နှစ်ပေါင်းများစွာ
စွဲဝင်နေခဲ.ပြီဖြစ်သော မမျှတမှု ဆူးကြီးများသည် ဒေါ
်အောင်ဆန်းစုကြည်ကြောင်.ပေါ်ပေါက်လာခဲ.ခြင်းမဟုတ်ပေ ။ ၁၉၆၂ ခုနှစ်မှစတင်ကာ
တာဝန်ယူအုပ်ချုပ်ခဲ.သော စစ်အာဏာရှင်အဆက်ဆက်၏ မမျှတမှု
၊သဘောထားမကြီးနိုင်မှု ၊ လူမျိုးကြီးဝါဒကျင်.သုံးမှု ၊
အာဏာဆာလောင်မှုများကြောင်.သာဖြစ်သည် ။ အကယ်၍ ဤကမ္ဘာလောကကြီးဝယ် အောင်ဆန်းစုကြည်ဆိုသော လူသားတစ်ယောက်မွေးဖွားမလာခဲ.ဘူး
ဆိုလျင်တောင်မြန်မာပြည်မှ ဤ တိုင်းရင်းသားပြသနာများသည်
ယခုထက်လျော.ပါးသွားမည်မဟုတ်ချေ ။အဘယ်.ကြောင်.နည်း ဟူသော် ခေတ်အဆက်ဆက် က
အမိန်.များ ၊ ဥပဒေများ ၊ ဖွဲ.စည်းပုံအခြေခံဥပဒေများတွင်
ထည်းသွင်းရေးဆွဲခဲ.သော မမျှတမှုများကြောင်.ဖြစ်သည် ။
၂၀၀၈
အခြေခံဥပဒေ၏ ပထမဆုံးမမျှတမှုမှာ ပြည်နယ် များ တိုင်းဒေသကြီးများသည်
ကိုယ်.ပြည် နယ် ၊ ကိုယ်. တိုင်းဒေသကိုအုပ်ချုပ်မည်. ပြည်နယ်ဝန်ကြီးချုပ်ကို
ကိုယ်.ဘာသာရွေးချယ်ခွင်.မရှိ ။ အပေါ်ကကျလာသော
လူကိုကြိုက်ကြိုက်မကြိုက်ကြိုက်လက်ခံရသည်
။ အပေါ်မှကျလာသူဆိုသည် မှာ သမ္မတကခန်.လိုက်သောလူဖြစ်သည် ။
သမ္မတကခန်.လိုက်သော ပြည်နယ်နှင်.တိုင်း ၀န်ကြီးချုပ်များမှာလည်း စစ်တပ်မှ
အငြိမ်းစားယူလိုက်သော ယခင်တိုင်းမှူးဖြစ်ခဲ.သည်. တပ်မတော်အရာရှိ
ဗိုလ်ချုပ်များ ၊ဖြစ်နေတတ်သည် ။ စစ်တိုင်းမှူးရာထူးမှ လူဝတ်လဲကာ
ပြည်နယ်ဝန်ကြီးချုပ်ဖြစ်နေသူများပင်ရှိသည် ။ထိုလူများသည် ဒေသခံတိုင်းရင်းသားများကရွေးကောက်တင်မြှောက်လိုက်သူများမဟုတ်သဖြင်. ဒေသခံတိုင်းရင်းသားတို.က သဘောကျလက်ခံနိုင်မည်မဟုတ် ၊မိုးကျရွှေကိုယ်ဝန်ကြီးချုပ်များမှာလည်း
တိုင်းရင်းသားများအရေးထက် ၊သူ.ကိုရာထူးခန်.လိုက်သော သမ္မတကြီးအကြိုက်ကိုသာ
ဆောင်ရွက်မည်ဖြစ်သည် ။ ထိုသို.သောသူမျိုးအုပ်ချုပ်မင်းလုပ်သည်ကိုတိုင်းရင်းသားတို.ကနှစ်သက်လက်ခံမည်မဟုတ် ၊တတ်နိုင်သမျှပုန်ကန်ထကြွကြမည်ဖြစ်သည် ။ ထိုသို.ပုန်ကန်ထကြွမှုသည် ။အောင်ဆန်းစုကြည်နှင်.လားလားမျှဆိုင်သည်မဟုတ် ၊ဒေါ်အောင်ဆန်းစုကြည် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မတရားမှုရှိနေသရွေ. ပုန်ကန်မှုများ ဆန်.ကျင်မှုများရှိနေလိမ်.မည်ဖြစ်သည် ။အဓိကတရားခံမှာ တရားမျှတမှုမရှိသော ၂၀၀၈ အခြေခံဥပဒေဖြစ်သည် ။
ပြည်နယ်ဝန်ကြီးချုပ်ရွေးချယ်ခြင်းသည်
သမာသမတ်မကျသော ဥပဒေများထဲမှ ဥပမာလေးတစ်ခုသာရှိသေးသည် ။ မသမာသော မမျှတသော
ဥပဒေများကားများစွာကျန်သေးသည် ။ ဥပမာပြည်နယ်များမှ
သယံဇာတများရရှိထုတ်လုပ်သည်ဆိုပါစို.
၊ မူလသယံဇာတပိုင်ရှင်ဖြစ်သော ပြည်နယ်သည် သယံဇာတထုတ်လုပ်မှု ၊ မထုတ်လုပ်မှု
ကိုဘာအဆုံးအဖြတ်မှမပေးနိုင် ၊ ရခိုင်က ကမ်းလွန်ရေနံနှင်.သဘာဝဓါတ်ငွေ.တူးခြင်း
မတူးခြင်းအမိန်.ကို နေပြည်တော်မှ ဆုးံဖြတ်သည် ၊ သဘာဝဓါတ်ငွေ.မှ
ဝင်ငွေသည်လည်း နေပြည်တော်သို.သာရောက်သွားသည် ။ကချင်တွင် မြစ်ဆုံဆည်
တည်ဆောက်မည်မတည်ဆောက်မည်ကို နေပြည်တော်မှ လူကြီးများပဲ တရုတ်ပြည်သို.သွား၍
လက်မှတ်များထိုးခဲ.ကြသည် ။ မွန်ပြည်နယ် သံလွင်မြစ်ပေါ်တွင်ရေကာတာများဆောက်မည်.ကိစ္စကိုလည်းမွန်တို.တွင်ဆုံးဖြတ်ခွင်.မရှိ ၊နေပြည်တော်ကသာဆုံးဖြတ်သည် ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းဆူးလေဘုရားလမ်းပေါ
်ရှိ အများသုံးသန်.စင်ခန်းနှင်. ပန်းခြံကိုဖျက်သိမ်းကာ Traders ဟိုတယ် (
ယခု Sule Shangrila ) တိုးချဲ.တည်ဆောက်သည်ကို
ရန်ကုန်သူရန်ကုန်သားများဆုံးဖြတ်ခွင်.မရှိ ၊နေပြည်တော်မှပင် ဆုံးဖြတ်သည် ။ မွန်၊ဗမာ၊ရခိုင်၊ရှမ်း၊ချင်း၊ကချင် ၊ကရင် ၊ကယား ၊ တိုင်းရင်းသားများသည် ဟန်ပြပြည်နယ်များပေးထားသည်မှတစ်ပါး ဘာမှပြောရေးဆိုခွင်.မရှိချေ ။
ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ (ဇယား ၁ ) အရ ပြည်ထောင်စုဥပဒေပြုစာရင်း
(နေပြည်တော်ကသာဆုံးဖြတ်ခွင်. ) တွင် စွမ်းအင် ၊ လျှပ်စစ် ၊သစ်တော ကဏ္ဍများကို
ဗဟိုကသာချုပ်ကိုင်ခွင်.ပြုထားသည်
။၎င်းအပြင် ပုလဲ ၊ကျောက်မျက်ထုတ်လုပ်ခွင်. ၊ ပြည်တွင်းရေကြောင်းသယ်ယူခွင်.၊
လေကြောင်းသယ်ယူပို.ဆောင်ရေး ၊မီးရထား ၊ ကုန်းလမ်းသယ်ယူပို.ဆောင်ရေး၊
မြေယာစီမံခန်.ခွဲမှု ၊ မြေလွတ်မြေရိုင်းဖော်ထုတ်ခြင်း၊ ပင်လယ်ငါးလုပ်ငန်း၊ စက်မှုလယ်ယာ ၊အကောက်ခွန် ၊၊ ပြည်တွင်းပြည်ပမှငွေချေးယူခြင်း
၊အရင်းအနှီးငွေကြေးဈေးကွက် ၊ အာမံလုပ်ငန်း၊၀င်ငွေခွန်၊
ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန် ၊အကောက်ခွန် ၊
အောင်ဘာလေထီ၊ခရီးသွားလုပ်ငန်း ၊ဟိုတယ်နှင်.တည်းခိုခန်း ၊သမ၀ါယမ၊
ကူးသန်းရောင်းဝယ်ရေး ၊ စသည်.လုပ်ပိုင်ခွင်.အားလုံးကိုနေပြည်တော်မှယူထားသည်
။ပြည်နယ်များ၏လုပ်ပိုင်ခွင်. မှာ ကျေးရွာထင်းစိုက်ခင်း ၊
ဆားနှင်.ဆားထွက်ပစ္စည်း ၊ ကျောက်မျက်ရတနာဖြတ်တောက်ခြင်း ၊သွေးခြင်း၊
တိရိစ္ဆာန်ဥယျာဉ် ၊ရုက္ခဗေဒဥယျာဉ်များ စသော တိုလီမုတ်စလုပ်ငန်းများသာပါဝင်သည် ။
ဤကဲ.သို.မတရား အသာစီးရယူထားသောဖွဲ.စည်းပုံအခြေခံဥပဒေဖြင်. တိုင်းရင်းသားတို.ကြေနပ်အောင် ၊ပြည်တွင်းငြိမ်းချမ်းရေးကိုမည်သို. ဖော်ဆောင်နိုင်မည်နည်း ။ ထို.ကြောင်. ဦးနှောက်ရှိသူတိုင်း ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြင်ဆင်ရန်အကြံပြုတင်ပြနေခြင်းဖြစ်သည် ။ ဤဖွဲ.စည်းပုံအခြေခံဥပဒေဖြင်. နိုင်ငံသားတို.၏အခွင်.အရေးများသာတူညီမျှဖြစ်နိုင်မည်မဟုတ် ၊ ဥပမာ ကျွန်တော်တို.ကိုအုပ်ချုပ်နေသော တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုကျွန်တော်တို.မဲပေးရွေးချယ်ခဲ.ခြင်းမဟုတ် ။ ကိုယ်မရွေးသောသူကကိုယ်.ကိုအုပ်ချုပ်ခြင်းအား ပြည်သူအပေါင်းခံနေရခြင်းဖြစ်သည် ။ မြို.တော်ဝန်ဆိုလျင်လည်း ဒီမိုကရေစီနိုင်ငံအသီးသီးတွင်ရွေးကောက်ပွဲဖြင်.မဲပေးရွေးချယ်ရစမြဲဖြစ်သော်လည်း မြန်မာပြည်မြို.ကြီးများ၏မြို.တော်ဝန်များအားလုံးမှာ မိုးကျရွှေကိုယ်များသာဖြစ်သည် ။
။ပြည်ထောင်စုလွှတ်တော်မှာသာမက ပြည်နယ်လွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော်များတွင် ရွေးကောက်ခံမဟုတ်သော စစ်သားများသည် လွှတ်တော်ထဲတွင်ဝင်ထိုင်နေကြပေသည်
။ အစိုးရအဖွဲ.ထဲတွင် ယူနီဖောင်းမချွတ်ပဲ ပါဝင်နေကြဆဲဖြစ်သည်
။ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ (ခ) အရ ပြည်သူ.လွှတ်တော်တွင်တပ်မတော်သား ၁၁၀ ဦး ၊ ပုဒ်မ ၁၄၁ (ခ)အရ အမျိုးသားလွှတ်တော်တွင်တပ်မတော်သား ၅၆ ဦး ၊ ပုဒ်မ ၁၆၁(ဃ) အရ တိုင်းဒေသကြီးလွှတ်တော် နှင်.ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏သုံးပုံ တစ်ပုံနှင်.ညီမျှသော တပ်မတော်သားကိုယ်စားလှယ်များသည် ရွေးကောက်ပွဲဝင်စရာမလိုပဲ လွှတ်တော်ထဲဝင်ထိုင်နိုင်ခွင်.ရှိသည် ။
တဖန်နိုင်ငံတော်သမ္မတသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင်နိုင်ငံသားအားလုံး၏်အထွတ်အထိပ် နေရာရရှိသည် ဟု ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၅၈ )တွင်ပါရှိပေ၏ ။သို.သော်တစ်နိုင်ငံလုံး၏အထွတ်အထိပ်ဆိုသော သမ္မတကြီးသည် ၀န်ကြီးသုံးပါးကိုခန်.အပ်ပိုင်ခွင်.မရှိပေ ၊ ဖြုတ်ချပိုင်ခွင်.လည်းမရှိပေ။ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်းတင်သွင်းသူကိုသာသဘောတူခန်.အပ်ရ သည် ( အမှန်မှာကာကွယ်ရေးဦးစီးချုပ်ကခန်.ခြင်းဖြစ်သည်
) ။ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ခ) ၂ တွင် ကာကွယ်ရေးဝန်ကြီးဌာန ၊
ပြည်ထဲရေးဝန်ကြီးဌာနနှင်. ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင်.လျှော်သည်.တပ်မတော်သားများ၏အမည်စာရင်းကိုရယူရမည် ဟု အခိုင်အမာရေးသားထားပေရာ လွှတ်တော်ကရွေးကောက်တင်မြှောက်သောသမ္မတထက်
ရွေးကောက်တင်မြှောက်ခံမဟုတ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
အာဏာကပိုပြီးကြီးမားနေပေသည် ။ ဤကားဒီမိုကရေစီမကျဆုံးလွဲချော်မှုကြီးပေတည်း ။
ထိုဝန်ကြီး(၃)ပါးသည် သမ္မတကခန်.အပ်သူများမဟုတ်သဖြင်. သမ္မတ ကြိုက်ဖို.ထက်သူတို.၏အလုပ်ရှင်ဖြစ်သောကာကွယ်ရေးဦးစီးချုပ်အကြိုက်ကိုသာဆောင်ရွက်တော.မည်ဖြစ် သည် ။ စင်စစ် နိုင်ငံကိုအုပ်ချုပ်သူမှာပြည်ထဲရေးဝန်ကြီးဌာနဖြစ်သည် ။ အုပ်ချုပ်ရေး ယန္တယား ၏ပင်မအစိတ်အပိုင်းဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ် ) သည် ပြည်ထဲရေးဝန်ကြီးလက်အောက်တွင်ရှိပါသည် ။ ၎င်းအပြင် ရပ်ကွက် ၊ကျေးရွာ ၊မြို.နယ်၊ပြည်နယ်၊တိုင်းအသီးသီးကိုငြိမ်ဝပ်ပိပြားအောင်တာဝန်ယူအုပ်ချုပ်ရသော ရဲဝန်ထမ်းများမှာလည်းပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိပါသည် ။ နိုင်ငံတော်ကိုအုပ်ချုပ်နေသူမှာ ပြည်ထဲရေးဝန်ကြီး ဌာနဖြစ်ပြီး ထိုဌာန၏အကြီးးဆုံးပုဂ္ဂိုလ်ဝန်ကြီးကို သမ္မတကခန်.အပ်ပိုင်ခွင်.မရှိခြင်းမှာ
အကြီးဆုံးသော ချွတ်ယွင်းမှုကြီးဖြစ်ပါသည် ။ ကာကွယ်ရေးဝန်ကြီးကို
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကခန်.သည်ဆိုခြင်းမှာ (
မူအရလက်မခံနိုင်သည်.တိုင် ) ယုတ္တိ ယုတ္တာ ရှိ၍ လူကြားကောင်းပါသေးသည်
။ရဲဌာန၏အကြီးအကဲ ပြည်ထဲရေးဝန်ကြီးကိုပါ စစ်တပ်မှခန်.မည်ဆိုခြင်းမှာ
ကြီးမားသော ဒီမိုကရေစီ ဘောင်ကျော်မှုကြီးဖြစ်ပါသည် ။ ထို.ကြောင်.၂၀၀၈
ဖွဲ.စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီမကျ ၊အာဏာရှင်မကျ
ကမ္ဘာမှာဘယ်နိုင်ငံတွင်မှမရှိသော ကမောက်ကမဥပဒေကြီးဖြစ်၍ ပြင်ဆင်ရန်ကြိုးပန်းနေကြခြင်းဖြစ်ပါသည် ။
ပြင်ဆင်လိုသူတို.သည်ကျိုးကြောင်းခိုင်မာသော အကြောင်းပြချက်မျာရှိပြီး မပြင်ချင်သောသူများမှာ ဘာမှမယ်မယ်ရရ ဆွေးနွေးပြောဆိုနိုင်ခြင်းမရှိပဲ ဒီအတိုင်းကောင်းနေသားပဲ ဟူသော မြင်းထိန်းငတာ၏မှတ်ချက်လိုအနှစ်မဲ.သော
စကားကိုသာပြောနေကြခြင်းဖြစ်သည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆ )
ကိုမပြင်လိုသူများဘက်မှ တရားဝင်ထုတ်မပြောသော်လည်း
မပြင်ချင်သောအဓိကလျှို.၀ှက်ချက်တစ်ခုရှိသည် ။၎င်းမှာ အခန်း ၁၄ ၊ ပုဒ်မ(၄၄၅)ဖြင်.ပြဌာန်းထားသော “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ.နှင်. နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီအဖွဲ.၀င်တစ်ဦးဦး (သို.မဟုတ်)အစိုးရအဖွဲ.၀င်တစ်ဦးဦး၏တာဝန်အရဆောင်ရွက်ချက်များအပေါ်အကြောင်းပြုလျက် ယင်းတို.အား တရားစွဲဆိုခြင်း၊အရေးယူခြင်းမရှိစေရ “ ဆိုသည်.အချက်ဖြစ်သည် ။ အတိတ်ကမတရားမှုများကိုအရေးယူခံရမှာကြောက်စိတ်နှင်. ထမင်းရည်ပူလျှာလွဲလုပ်ကာ ပုဒ်မ (၄၃၆ )ပြင်လျင် တိုင်းပြည်ပဲပျက်တော.မလိုလို ၊ အစိုးရအိမ်တော်တွင်အနောက်တိုင်းသားတွေပဲတက်နေတော.မလိုလို၊၊တစ်နိုင်ငံလုံး ဗလီတွေပဲ ဆောက်တော.မလိုလို ၊ ဗုဒ္စဘာသာပဲပျောက်ကွယ်တော.မလိုလိုပြောနေကြခြင်းဖြစ်သည် ။ တကယ်.စိတ်ခံစားချက်အစစ်အမှန်ကားထိုအရာများမဟုတ်၊ပုဒ်မ(၄၄၅)ကိုပုဂ္ဂိုလ်ရေးအရကာ ကွယ်လိုခြင်းဖြစ်သည်။
တပ်မတော်ကအသာစီးယူထားးသောနောက်တစ်ချက်မှာ မည်သည်.၀န်ကြီးမဆို နိုင်ငံ.၀န်ထမ်းယခင်ကဖြစ်ခဲ.လျင်
ဝန်ကြီးဖြစ်သည်.နေ.မှစကာ ထိုဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ပြီး
၊အငြိမ်းစားယူပြီးဖြစ်ရမည် ဟု ပြဌာန်းထားပြီး ( ပုဒ်မ ၂၃၂ (ည) - ၁ ) ၊
တပ်မတော်မှခန်.သောဝန်ကြီးသုံးပါးအတွက်မူ “ ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်ထဲရေးဝန်ကြီးဌာနနှင်. ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများးအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန်.အပ်ထားခြင်းခံရသောတပ်မတော်သားများသည်
တပ်မတော်မှအငြိမ်းစားယူရန် (သို.မဟုတ် ) နုတ်ထွက်ရန်မလို “ ဟု
အသာစီးယူကာရေးသားထားလေသည် ( ဖွဲ.ခြေ ၊ ပုဒ်မ ၂၃၂ (ည) ၂ ) ။
၎င်းအပြင်လွှတ်တော်အမတ်များသည် လွှတ်တော်တွင်ဝင်လိုက်ထွက်လိုက်လုပ်၍မရသော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ကာကွယ်ရေးဦးစီးချုပ်သဘောဖြင်. မကြိုက်တိုင်း ၀င်လိုက်ထွက်လိုက်ဖြင်.တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအလဲအလှယ်အ၀င်အထွက်လုပ်ကြပုံမှာ လွှတ်တော်လိပ်ခေါင်းသဖွယ် ရှိပါပေသည် ။
သမ္မတကြီးဦးသိန်းစိန်က ၃၁.၅.၂၀၁၄ တွင်ပြောကြားခဲ.သော သူ၏
နိုင်ငံတော်အခြေပြအသံလွှင်. မိန်.ခွန်းတွင် “ မည်သည်.နိုင်ငံသား ၊
တိုင်းရင်းသားတစ်ဦးကိုမျှမြန်မာနိုင်ငံကို နိုင်ငံရေးအရဦးဆောင်နိုင်ခွင်.အား ကန်.သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုသည်.နိုင်ငံရေးစေတနာရှိသလို တစ်ဖက်တွင်လည်း မိမိတို.အမျိုးသားအကျိုးစီးပွား နှင်. နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ.ခိုင်မြဲရေးကိုမထိပါးစေမည်. သင်.တင်.လျောက်ပတ်သော အကာအကွယ်ပေးနိုင်သည်.အခြေခံများရှိရန်လိုအပ်ကြောင်းပြောကြားလိုပါတယ် “ ဟုမိန်.ကြားသွားပေသည် ။ တကယ်တော.သမ္မတကြီးသည် ထမင်းရေပူလျှာလွဲစကားကိုပြောခြင်းဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုမကန်.ကွက်လိုသော်လည်း
၊ အများတောင်းဆိုနေသော ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိုမထောက်ခံနိုင်ပါ ဟု
စကားအလင်္ကာဖြင်. ဟိုဘက်လိုလို သည်ဘက်လိုလို ဆိုလိုခြင်းဖြစ်သည် ။
ယခင်ကလည်းဤစကားကိုပြောခဲ.ပြီးဖြစ်သည်။သမ္မတတစ်ဦးအနေဖြင်.ယခုထက်ပြတ်သားရဲရင်.သောမိန်.ခွန်းမျိုးကိုပြောသင်.ပေသည်(ဗိုလ်ချုပ်အောင်ဆန်းမိန်.ခွန်းများကိုလွမ်းမိပါသည် ) ။ ဤကန်.သန်.ချက်မျိုးကိုသာပြဌာန်းထားလျင် အိုဘားမားပင်အမေရိကန်နိုင်ငံ၌်သမ္မတဖြစ်နိုင်မည်မဟုတ်ချေ။
နောက်ဆုံးအဖြစ်မြန်မာပြည်တွင်ယခုအခါအကျော်ကြားဆုံးဖြစ်နေသည်.
ပုဒ်မ ၄၃၆ ကိုပြောလိုပါသည် ။ အိမ်ထဲမှာလည်း ၄၃၆ ၊လမ်းပေါ်မှာလည်း ၄၃၆ ၊
ဈေးထဲမှာလည်း ၄၃၆ ၊ ရုံးပေါ်မှာလည်း ၄၃၆ ၊ ဘုရားပေါ်လည်း ၄၃၆ ၊
တစ်နိုင်ငံလုံးတွင် ၄၃၆ အသံဘ၀ဂ်သို.ညံနေပေသည် ။ အနှီ ၄၃၆
ကားအဘယ်သို.သောသဘောရှိသနည်းဟု လေ.လာစုံစမ်းသောအခါ
အများကပြစ်တင်ဝေဖန်ရှုတ်ချနေကြသော ၂၀၀၈ နာဂစ်ဖွဲ.စည်းပုံအခြေခံဥပဒေကြီးကိုပြင်ဆင်ခွင်.ပေးထားသောအခန်း (၁၂) မှ ပုဒ်မဖြစ်ပေသည် ။ ကောင်းသားပဲ ပြင်ဆင်ခွင်.ကို အခန်းတစ်ခုအနေနဲ.ခွင်.ပြုထားတာပဲ ။ သို.သော် သေသေချာချာဖတ်ကြည်.သောအခါမျောက်မင်း စွန်းဝူခုန်းပါဝင်သော အနောက်အရပ်သို.ခရီးသွားခြင်း ( Journey to the West ) ဇာတ်ကားထဲက တောအထပ်ထပ်တောင်အသွယ်သွယ်ဖြတ်ကာ ဗုဒ္စကျမ်းစာသွား ယူရတာထက်ပင်ခက်ခဲသော ၊ ကမ္ဘာပေါ်တွင်ပြင်ဆင်ရအခက်ဆုံးဖွဲ.စည်းပုံအခြေခံဥပဒေဟုဆိုရလောက်အောင် ခက်ခဲသော အပိုင်းများစွာကိုတွေ.ရ၏ ။ဖွဲ.စည်းပုံအခြေခံဥပဒေထဲမှအရေးပါသော ပုဒ်မများကိုပြင်ဆင်လိုလျင်
(၁) လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း က ပြင်ဆင်ရေးအဆိုအဖြစ်လက်မှတ်ထိုးကာ လွှတ်တော်တွင် ဥပဒေမူကြမ်းတင်သွင်းရမည် ( ဤအဆင်.သည်မဆိုးလှသေး )
(၂) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ကပြင်ဆင်ရန်သဘောတူ လက်ခံရမည် ( ဤအချက်ကားသက်သက်ညစ်ထားသလိုဖြစ်နေသည် ၊ တပ်မတော်အနေဖြင်. ၂၅ ရာခိုင်နှုန်းယူမထားခဲ.လျင် ဤကန်.သတ်ချက်မှာစေတနာသန်.သန်.ဖြင်.ပြဌာန်းခဲ.သည်ဟုယူဆနိုင်သော်လည်း
ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း (
ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်အမတ်ပေါင်း ၆၆၄ ဦးတွင် တပ်မတော်သား ၁၆၆
ဦးရှိသည် ) ယူထားသဖြင်. သဘောရိုးဖြင်.ပြဌာန်းထားသည်ဟုမယူဆနိုင်တော.ပေ ။ ငါမပါလျင်ကစားပွဲပျက်ဟူသော ကလေးများစိတ်ကောက်ရန်ဖြစ်သလိုမိမိ၏အရေးပါအရာရောက်လိုမှုကိုလွန်လွန်ကဲကဲထည်.ဆွဲထားခြင်းဖြစ်ပေသည် ။ လွတ်တော်တွင် မဲခွဲရာ၌ ရွေးကောက်ခံအမတ်အားလုံးကထောက်ခံမဲပေးသည်.တိုင် တပ်မတော်သား ၁၆၆ ယောက်ထဲ မှ အနည်းဆုံးတစ်ယောက်ကမျှသဘောမတူခဲ.လျင် မပြင်နိုင်ရန်လုပ်ထားခြင်းဖြစ်သည် ။ ဒီမိုကရေစီနည်းအရပြည်သူကရွေးချယ်လိုက်သော လွှတ်တော်ကိုယ်စားလှယ်အားလုံးသဘောတူသည်.တိုင် ရွေးကောက်ခံမဟုတ်သောတပ်မတော်ကသဘောမတူလျင် ထိုအဆိုကိုလက်မခံပါယ်ချမည်ဆိုသည်မှာ လွှတ်တော်ထက် တပ်မတော်ကမြင်.နေသည်.သဘောဖြစ်သည် ။ လွှတ်တော်အထက်တွင် တပ်မတော်ရှိနေခြင်းလည်းဖြစ်ပါသည် ။ တပ်မတော်သားအမတ်များမှာ လွတ်လပ်စွာမဲပေးနိုင်သူများမဟုတ်ပဲ
ကာကွယ်ေ၇းဦးစီးချုပ်က အမိန်.ပေးသည်.အတိုင်း လိုက်နာရသည်ဖြစ်ရာ
လွှတ်တော်အားနိုင်ဖဲကို (၀ါ) ဗီတိုအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ကိုင်ထားခြင်းဖြစ်သည် ။လွှတ်တော်ထဲတွင်လည်း အရပ်သား၇၅ ရာခိုင်နှုန်းအပြည်.
အမြဲရှိသည်မဟုတ်ပေ ။သေဆုံး ၊ ပြောင်းရွှေ. ၊၀န်ကြီးဖြစ်
သွားသူများလဲအမြဲရှိနေသည် ။ ထို.ကြောင်. ၇၅ ရာခိုင်နှုန်းကျော်ဆိုသည်မှာတမင်ညစ်ထားသလိုဖြစ်နေပေသည်။
(၃) အဆင်. (၂) ကိုကျော်ခဲ.လျင်ပင် ၊ပို၌ခက်ခဲသော အဆင်. (၃) ကျန်ရှိပေသေး၏
။အဆင်. (၃)မှာ လွှတ်တော်က ၇၅ ရာခိုင်နှုန်းကျော်ဖြင်.ပြင်ဆင်ရန်သဘောတူပြီးပါက ပြည်သူဆန္ဒခံယူပွဲကျင်းပရမည် ။ ဆန္ဒမဲပေးပိုင်ခွင်.ရှိသူ အားလုံး၏ထက်ဝက်ကျော်ဖြင်.သာပြင်ရမည်ဟုဖော်ပြပါရှိပေ၏။ ထိုအခါ မဲပေးပိုင်ခွင်.ရှိသူတို.အကြောင်းကြောင်းကြောင်.မဲရုံသို.ရောက်မလာခဲ.လျင် ၊ ထောက်ခံမဲ ၅၀ မကျော်ဟုဆိုကာညစ်နိုင်သောအခွင်.ရှိပေသည် ။
သို.သော်မည်မျှညစ်ထားပစေ ပြည်သူကိုယုံသည် ။ပြည်သူလူထုသည်
ညစ်ကွက်ကိုကျော်နိုင်မည် ဟုယူဆပေသည် ။ ယနေ.မြန်မာနိုင်ငံတွင်
တောင်းပွဲတိုက်ပွဲတွေ ဘာကြောင်.ဖြစ်နေသလဲ ၊ ပြည်တွင်းငြိမ်းချမ်းရေးဘာကြောင်.မရသေးလဲဆိုတာအဖြေရှာကြည်.လျင် နိုင်ငံရေးပါတီကြီးတစ်ခုနှင်.လည်းမဆိုင် ၊ ဒေါ်အောင်ဆန်းစုကြည်နှင်.လည်းမဆိုင် ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင်.လည်းမဆိုင် ၊ စာရေးဆရာများနှင်.လည်းမဆိုင် ၊ဂျာနယ်လစ်များနှင်.လည်းမဆိုင် ၊ နိုင်ငံရေးသမားများနှင်.လည်းမဆိုင် ၊ပြည်ပနှင်.လည်းမဆိုင် ၊ တိုင်းရင်းသားများနှင်.လည်းမဆိုင် ၊ တစ်ခုတည်းသော ပြသနာမှာ..
ဖွဲ.စည်းပုံအခြေခံဥပဒေတွင်ထည်.သွင်းရေးသားထားသည်. မသမာ သော
ပုဒ်မများကြောင်.သာဖြစ်ပါကြောင်း ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ( ၁၇.၆.၂၀၁၄ )
0 comments:
Post a Comment