Sunday, October 13, 2013

PQC ၀န်ထမ်းမိသားစုများမှ (၁၇)ကြိမ်မြောက် စာရေးကရိယာ၊စားဖွယ်ပစ္စည်းများလှုဒါန်း

Leave a Comment


PQC ၀န်ထမ်းမိသားစုများမှ (၁၇)ကြိမ်မြောက် စာရေးကရိယာ၊စားဖွယ်ပစ္စည်းများလှုဒါန်း
********************************************************

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့ အမှတ်(၁) ချည်မျှင် နှင့် အထည်အချောကိုင်စက်ရုံ(PQC) ကုန်ထုတ်စဉ်၊စစ်ဆေးရေးဌာန ၀န်ထမ်းမိသားစုများမှ (၁၇)ကြိမ်မြောက်အဖြစ် နှစ်စဉ်လှုဒါန်းခဲ့ကြရာ
၁၃.၁၀.၂၀၁၃ ရက်နေ့ မနက်(၁၀း၀၀)အချိန်ခန့်တွင် ပြည်မြို့ န၀ဒေး ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးရှိ (မြသိင်္ဂီ...ကြံခင်းပရဟိတ သီလရှင်သင်ပညာရေးကျောင်း) သို့ တန်ဖိုးငွေ(၈၀၀၀၀ိ/)ခန့်ရှိသော စာရေး
ကရိယာများ၊စားဖွယ်ပစ္စည်းများကို သွားရောက်လှုဒါန်းခဲ့ကြောင်းသတင်းရရှိခဲ့သည်။

အဆိုပါ ပရဟိတကျောင်းမှာ မှုလတန်းသင် ပညာရေးကျောင်းဖြစ်ပြီး ကျောင်းသား/သူ (၄၅)ဦးခန့်ရှိရာ ဆရာမ(၄)ဦးမှ အခမဲ့ ပညာသင်ကြားပေးလျှက်ရှိပြီး အဆိုပါကလေးများမှာ မိဘမဲ့ နှင့် မိဘရှိသော်လည်း ဆင်းရဲချို့တဲ့သည့်
ကလေးသူငယ်များ ဖြစ်ကြောင်း သိရှိရသည်။ ဆရာလေး ဒေါ်ဇယ၀တီ ဦးစီးသော (မြသိင်္ဂီ...ကြံခင်းပရဟိတ သီလရှင်သင်ပညာရေးကျောင်း) တွင် ရွှေတောင်မြို့ အမှတ်(၁) ချည်မျှင် နှင့် အထည်အချောကိုင်စက်ရုံ(PQC) ကုန်ထုတ်စဉ်၊
စစ်ဆေးရေးဌာန ၀န်ထမ်းမိသားစုများမှ လာရောက်လှုဒါန်းသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ကျောင်းတွင်အလှုငွေ နှင့် အခြားသော ကျောင်းသုံးပစ္စည်းများ လိုအပ်လျှက်ရှိနေသေးကြောင်း ပြည်သတင်းသို့ ပြောကြားခဲ့သည်။

အဆိုပါ(PQC)မိသားစုများမှ အခြားနေရာများတွင်လည်း အဘိဓမ္မာ တရားပွဲများပြုလုပ်ပေးခြင်း၊မိဘမဲ့ဂေဟာများသို့လှုဒါန်းခြင်း နှင့် ဘိုးဘွားရိပ်သာများသို့ လှုဒါန်းမှုများအား နှစ်စဉ်မပျက် လှုဒါန်းဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။ပြည်သတင်း...

0 comments:

Post a Comment

Facebook Like Page