---- ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ---
@@@@@@@@@@@@@@@@
အပိုင်း ၎
ဦးဘအေး = မိမြ နင့်သားခုထက်ထိ အိပ်ယာ မထသေးပါလား ဒီကလေးနယ် တညလုံး လျှောက်လယ် ထမင်းကြော်စားရအောင်နိုးလိုက်တော့ဟေ့ မိမြ အော် မိမြ သားလေးအတွက် ကြော်လျှော်ပြီးပလား သေသေခြာခြာလုပ်ဟေ့ ငါသားက ပညာတတ်ကြီးဖြစ်
မှာဆိုတော့ ငါတို့ သားလေးအတွက် ဂရုစိုက်ဟေ့
ဒေါ်မြ = တော့နယ်တော် ကျုပ်က ၀မ်းနဲ့ လွယ်မွေးထားရတဲ့ အမေပါတော် ကျုပ်သားအတွက်ဆို ဘယ်လောက်ပင်ပန်းပါစေ တစ်ညလုံး တစ်လလုံး မအိပ်ရလည်းအကြောင်းလားတော် ပြီးပ ပြီးပ အ
ကုန်ကြော်လျှော်ပြီးလို့  ဘူးတွေထဲတောင်ထဲ့ပြီးပါပြီးတော်
ဦးဘအေး = ဟော သားနိုးလာပြီးလား လာလာ ထမင်းကြော်စားရအောင် မသွားခင်အဖေနဲ့ အတူတူစားကြတာပေါ့သားရယ် ငါ့်သား ဟိုရောက်ရင် စာကြိုးစားနော် လိမ်လိမ်
မာမာနေပါ သားပညးတတ်ကြီးဖြစ်ပြီးပြန်လာမဲ့ရက်ကို အဖေတို့ စောင့်နေမှာနော်သား
ဒေါ်မြ = တော့မလည်း မှာလို့ ကိုမပြီးနိုင်ဘူး တော်ပါတော့ တော် ကျုပ်သားကလိမ်မာပြီးသားပါ
ဟဲ့သားစားကွဲ့ 
သက်မောင်ဦး = ဟုတ်ကဲ့ပါ သားလည်းစာနေတာ ညကထမင်း မ၀ဘူး သူငယ်ချင်းတွေနဲ့  အပျော်လွန်သွားလို့ လေ
ဦးဘအေး = အင်းသား အဖေ ဥပမာတခုပြောပြမယ်သား လူဆိုတာ မကောင်းသူ ကောင်းသူ
ရွေးပေါင်းတတ်ရတယ်သား အတုအရောင်မိတ်ဆွေရယ် စေတနာမှန်တဲ့မိတ်ဆွေရယ် ကြည့်
ပေါင်းပါသား အဖေပြောပြမဲ့ ဥပမာက ဒီလိုသားရဲ့  ဥပမာ ပုံပြင်လေးက သိပ့်စိတ်ဝင်စားစရာကောင်းတယ်သား ပုံပြင်လေးရဲ့ အမည်က ကျီး ယောင်ဆောင်သော ဒေါင်း
သားတို့ ငယ်ငယ်က သင်ခဲ့တဲ့ ဒေါင်းယောင် ဆောင်သော ကျီး မဟုတ်ဘူးနော်သား
သက်မောင်ဦး = ဟာအဖေကလည်း ဒေါင်း ယောင်ဆောင်သော ကျီး ပါအဖေရ သားငယ်ငယ်က သင်ခဲ့ရတာလေ
ဦးဘအေး = သားကိုအဖေပြောပြီး ပြီဘဲ သားတို့ ငယ်ငယ်က ကျောင်းမှာသင်ခဲ့ရတာက ဒေါင်း
ယောင်ဆောင်သော ကျီး အခုအဖေပြောပြမှာက ကျီ ယောင်ဆောင်သော ဒေါင်း
သက်မောင်ဦး = ဟာ အဖေ သားတောင်စိတ်ဝင်စားလာပြီ တခါမှ မကြားဖူး ဖူး ပြောပါဦး အဖေရ
ဦးဘအေး = တခါတုံးက ဒေါင်း တကောင်ဟာ ကျီး တွေကိုသဘောကြတယ်တဲ့ကွယ် ဘာကြောင်လည်းဆိုတော့ ကျီး ဟာ သူသွားလိုရာ နေရာကို အလွယ်တကူခြင်းကပ်နိုင်တာကိုသဘောကြသတဲ့  ကျီး ရဲ့ အရောင်ဟာ အနက် ရောင်ဆိုတော့ အတော်အတန်မမြင်နိုင်ဘူးပေါ့ နောက်ပြီး ဒီ ဒေါင်းဟာ သူများနဲ့ မတူ တမူထူးခြားတာကတကြောင်းပေါ့ကွယ် ဒါနဲ့ ဘဲ အဲ့ဒီ ဒေါင်း ဟာ ကျီး ရဲ့ အမွှေးတွေကိုယူပြီး သူ
ရဲ့ ကိုယ်မှာ တတ်လိုက်သတဲ့ ဒေါင်း ဟာကျီးရဲ့ အမွှေးတွေတတ်ပြီး ကျီး တို့ ရှိရာ တောအုပ်သွားပြီး
ကျီး တို့ နှင့်ရောပြီးနေထိုင်သတဲ့ကွယ် အဲ့ဒီ မှာ ဒေါင်း ဟာသူကိုယ်သူ အထင်ကြီးပြီး သူကိုဘယ်သူမှမသိဘူး သူအယောင်ဆောင်တာပိရိတယ်လို့ တွေးနေသတဲ့
သက်မောင်ဦး = ဟာ ဒီ ကျီး အုပ်ကလည်း အ လှကြီးလားအဖေရာ ကိုယ့် ကျီး အုပ်ထည်ကို ဒေါင်း
တကောင်အယောင်ဆောင်ဝင်တာကိုမသိဘူးဆိုတော့ ကျွန်တော်သာဆို တန်းပြီးသိမှာအဖေရ
ဦးဘအေး = နားထောင်ပါဦးသားရယ် လိုရင်းမရောက်သေးဘူးကွဲ့ 
ဒေါ်မြ = ကဲဒီသားအဖ ပြောလည်းပြော စားလည်းစား အကုန် ယင်တွေနားကုန်မယ်
သက်မောင်ဦး = နေပါအမေရ ကောင်းခန်းရောက်နေပြီး အဖေဆက်ပြောပါဦး
ဦးဘအေး = ဒါပေမဲ့ သူမသိရှာတာက သနားစရာသား သူလိုဘဲ ကျီး တွေအားလုံးဟာ ဒေါင်းတွေ
က ကျီး ယောင်ဆောင်ပြီး ကျီး ရဲ့ အမွှေးတွေတတ်ထားတယ်ဆိုတာဘဲသားရယ်
သက်မောင်ဦး = ဘာဘာ ဘယ်လိုအဖေရ သားနားရှုပ်သွားပြီး ပြန်ပြောပြပါဦး
ဦးဘအေး = ဒီလိုသား ကျီး မွှေးတွေတတ်ပြီး သူကိုသူဟုတ်လှပြီထင်ကာ ကျီး အုပ်ထဲသွားနေပေမဲ့
သူသွားရာ ကျီး အုပ်ဟာ သူလိုဘဲ ဒေါင်း တွေက ကျီး မွှေးယူပြီး အတုတတ်အရောင်ဆောင်ထားတာသူမသိရှာတာဘဲသား ကျီး အုပ်ကြီးတအုပ်လုံးဟာ ကျီး ယောင်
ဆောင်ထားတဲ့ ဒေါင်း တွေပေါ့သားရယ်
သက်မောင်ဦး = အဖေဘာကိုဆိုလိုတာလည်းနားမလည်းဖူးအဖေရ ရှင်းပြပါဦး
ဦးဘအေး = အဖေပြောခြင်တာကသား လောကမှာ ကိုယ်ကျင်လည်ရာ ကိုယ်ရရှိရာ ဘ၀ကိုကျေနပ်ရမယ်သား အတုအယောင်ဆိုတာ အမှန်မဟုတ်တဲ့အတွက် အတုဟာအတုဘဲသား
ဘယ်တော့မှအစစ်ဖြစ်မလားဘူးသား သားကိုအဖေပြောခြင်တာက ကိုယ်မှာရှိတာ လေးနဲ့ သင့်တင့်လျှောက်ပါတ်စွနေနိုင်အောင်နေပါသား မြို့ ကိုရောက်ရင် တိုးတက်ဖွင့်ဖြိုးလာတဲ့ခေတ်နှင့်အညီ လိုက်မှီနိုင်တဲ့အရာတွေကိုသား ဥပက္ခာပြုသင့်ရင်ပြုလိုက်ပါသား ကိုယ်မှာမရှိဘဲ ၀မရှိဘဲ ၀ိမလုပ်ပါနဲ့ သား မရှိတာကိုအရှိလုပ်
ရင် ရှိတာတွေ ပြုတ်ပြီး ဘ၀ ပျက်တတ်တယ်သား ခေတ်မှီတယ်တိုးတက်တယ်ဆိုတာ အသိတရား
နဲ့ ပညာကလွှဲလို့  အတုမယူသင့် မလိုက်စားသင့်တာတွေကိုတော့ရှောင်ပါသားရယ်--
သက်မောင်ဦး = ဟုတ်ကဲ့ပါအဖေ သားက မမိုက်ပါဘူး အဖေအမေဖြစ်စေခြင်တဲ့အတိုင်း ဖြစ်အောင်
ကြိုးစားမှာပါ
ခင်စပယ် = ဟေ့ သက်မောင်ဦး ရေ ဟေ့ ခေါ်နေတာမကြားဘူးလား အိပ်ရာမထသေးဘူးလာဟင်
ဒေါ်မြ = ဟဲ့ ငါ့တူမကြီး ရှိပနိုးနေပြီဟေ့ သားအဖတွေစကားကောင်းနေကြတာ ဒေါင်း တွေကော ကျီး တွေကောစုံလို့ ဘဲ ကိုယ့်ဘာသာမေးကြည့်တော့
ဦးဘအေး = ဟဲ့သမီး မိစပယ် အောက်ကနေအော်မနေနဲ့ အိမ်ပေါ်တက်ခဲ့ လာ တခါတည်းစားသွားပါလား
သက်မောင်ဦး = ဒီမှာဟေ့အဖေကငါ့ကိုပညာကောင်းကောင်းသင်ဖို့  လိမ်မာဖို့ မှာနေတာဟေ့
အဖေ ကျွန်တော်ဘယ်လောက်စာကြိုးစားတယ်ဆိုတာ ခင့်စပယ် မေးကြည့်ပါအဖေရာ သားကလူလိမ်မာလေးပါနော် ခင်စပယ် အဖေ့ကိုပြောပြလိုက်--
ခင်စပယ် = (မျက်စောင်းတချက်ဖြင့်ကြည့်လျှက်) တော်ပါတယ်ကြိုးစားပါတယ် ညဆိုအိပ်လည်မအိပ် စားလည်းမစား အင်းမိုးလင်းလု့ နည်းပါဘဲ
ဦးဘအေး = ဘယ်လိုလည်းသမီးရ သမီးစကားကဘယ်လိုကြီးလည်းဟင် သားကမိုးလင်း ညမအိပ် စားလည်းမစား ဆိုတော့ဘာတွေလုပ်နေတာလည်း အဘ ကိုပြောပြစမ်း--
သက်မောင်ဦး = နင်နော် လေသံက အနောင့်မလွှတ် အသွားမလွှတ်လေသံနဲ့ ငါပိတ်ထုလိုက်ရ
သေသေခြာခြာပြောပါ အဖေနဲ့ အမေ စိတ်ပူနေမယ်ဟ(သက်မောင်ဦးပြောရင်းမျက်နှာတချက်ပျက်သွားလေ၏)
ခင်စပယ် = စာတွေကြိုးစားလွန်းလို့ မအိပ်နိုင်မစားနိုင်ဖြစ်နေတာကိုပြောတာပါ အဘ ရဲ့  အော် ဒါနဲ့နင်အသင့်ဖြစ်ပြီးလားဟင်
ဒေါ်မြ = ဖြစ်ပြီဟေ့ ဖြစ်ပြီ သူတို့ သားအဖက စကားတပြောပြောနဲ့  ငါကဘဲ မီးခိုးတလူလူနဲ့ မျက်ခမ်းတောင်စပ်တော့မယ် အော်ဒါနဲ့ သမီးကောအသင်ံဖြစ်ပြီးလားကွဲ့ 
ခင်စပယ် = အားလုံးအသင့်ဖြစ်ပြီ အဒေါ်ရေ့  အမေက တညလုံးမအိပ်ဘူး ခုတောင် အမေ ပဲ
ကြီးခင်းထဲသွားလို့ ခဏ ထွက်လာတာ ပြန်တော့မယ် အမေပြန်လာတော့မယ် အဘ အမေကြီး
ပြန်မယ်နော်
သက်မောင်ဦး = အောင်မာနင်က ငါကြနှုတ်မဆက်ဖူးပေါ့ဟုတ်လား
ခင်စပယ် = နင်ကနှုတ်ဆက်စရာလားဟ ငါ့တို့ နဲ့ အတူတူသွားမဲ့ဟာကို
ဦးဘအေး = ဟုတ်ပ သားကလည်း ဂျီကြစရာမရှိ ဂျီကြနေပြန်ပြီ
ခင်စပယ် = အဲ့ဒီအတိုင်းဘဲ အဘ ရေ့ ဟိုရောက်ရင်လည်းသူ့ စိတ် ဘုရားသွားလည်းသူစိတ်ပါမှ
ဘုရားမှာဆုတောင်းတော့လည်း သူပြောတဲ့အတိုင်းပြောမှ ဟုပြောကာပြေးထွက်သွားလေ၏
သက်မောင်ဦး = ဟေ့ ခင်စပယ် ရွှေဆံတော်ဘုရြးမှာ ဒို့ ဆုတောင်းထားတာမမေ့နဲ့ နော်
( ငါလိုယောင်္ကျားပြဿဒါးမရှိ )
အပိုင်း ၅ အားဆက်လက်ဖေါ်ပြပါမည်

0 comments:
Post a Comment