Wednesday, September 25, 2013

Audio CD ခွေမှ သီချင်းတွေကို ကွန်ပျူတာထဲ ကူးယူနည်း

Leave a Comment
 Audio CD သီချင်းတွေကို ကို ကွန်ပျူတာထဲသိမ်းတဲ့နည်းကို တစ်ချို့လူတွေက မလုပ်တတ်ကြပါဘူး။ Audio  CD ကူတတ်သလားဆိုရင် မကူးတတ်တဲ့လူတွေအများကြီးရှိပါတယ်။ ဒါကလည်း ကိုယ်နဲ့မရင်းနှီး တာတို့ ကိုယ်နဲ့မသတ်ဆိုင်လို့မလေ့လာတာ တွေလည်းပါပါတယ်။ CD Drive ထဲမှာရှိတယ် သီချင်းဖိုင်တွေကို Copy တို့  Send To တို့ လုပ်လို့မရပါဘူး။ ဒါကိုဘယ်လိုကူးမှာ လည်းလေ့လာ ကြည့်ကြရအောင်။

- CD/DVD Drive ထဲကို Audio CD ခွေထည့်ပါ။
- Autorun နဲ့တက်လာရင် Play Audio CD ကိုနှိပ်လိုက်ပါ။




- Windows Media Plyaer နဲ့ ပွင့်လာပါလိမ်မယ်။ပြီးရင် Ctrl + 1 ကို နှိပ်ပါ။
- ကိုယ်ကူးချင်တဲ့ သီချင်းလေးတွေကို အမှန်ခြစ်ပေးပါ။

 - ပြီးရင် Rip CD ကိုနှိပ်ပါ သီချင်းလေးတွေကူးနေတာကိုမြင်ရပါလိမ်မယ်။



  - အဲဒီသီချင်းလေးတွေကို Libraries အောက်က Music ဆိုတဲ့ Folder ထဲမှာ Unknown artist ဆိုတဲ့ folder လေးတစ်ခုနဲ့ သီချင်းလေးတွေရောက်နေပါလိမ်မယ်။


တစ်ခြား Software တွေနဲ့လည်း ကူးလို့ရပါတယ် ကျွန်တော်က ကိုယ်စက်ထဲမှာရှိတဲ့ Player နဲ့ ကူးတဲ့ နည်းကိုပြောပြပေးတာပါ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ဆုတောင်းလိုက်ပါတယ်။  
 
 
မူရင်း   >>>  မျိုးကိုဝင်း (ပင်လည်ဘူး)



0 comments:

Post a Comment

Facebook Like Page