နေပြည်တော် သြဂုတ် ၁၈
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်
တံခွန်စိုက်ဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင်
ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားပြိုင်ကွင်း ပေါင်းလောင်း အားကစား
ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊
ရဲချုပ် ဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးသည်။
ရှေးဦးစွာ ရဲချုပ် တံခွန်စိုက်ဒိုင်း
(အမျိုးသား၊ အမျိုးသမီး) ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင် ကစားကြရာ အမျိုးသမီး
ဘော်လီ ဘော ဗိုလ်လုပွဲစဉ်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့အသင်းက မကွေးတိုင်း
ဒေသကြီး ရဲတပ်ဖွဲ့ အသင်းအား သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသား
ဘော်လီဘော ဗိုလ်လုပွဲစဉ်တွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့(က) အသင်းက မန္တလေးတိုင်း
ဒေသ ကြီး ရဲတပ်ဖွဲ့ အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း
အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနား
ကိုကျင်းပရာ ပြိုင်ပွဲပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး
ပင့်ထောင်ဆု၊ ရိုက်ခုတ်ဆု၊ ပိတ်ဆို့ဆုရ အားကစား သမားများနှင့် ပူးတွဲ တတိယ
ဆုရ အမျိုးသား အသင်းဖြစ်သည့် အမှတ်(၂) ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့
မှူးရုံးနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ (ခ)အသင်း၊ ပူးတွဲ တတိယ ဆုရ အမျိုးသမီး
အသင်းများ ဖြစ်ကြသည့် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အသင်းနှင့်
ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အသင်းတို့အား လည်းကောင်း၊ ဒုတိယဆု
ရရှိကြသည့် မန္တလေးတိုင်း ဒေသကြီး (အမျိုးသား) အသင်းနှင့် မကွေး
တိုင်းဒေသကြီး ရဲတပ်ဖွဲ့ (အမျိုးသမီး) အသင်းတို့အား မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ တာဝန်ရှိ သူများက တစ်ဦးချင်း ဆုများနှင့် ငွေသားဆုများ ပေးအပ်
ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းက ပထမဆုရ ယာဉ်ထိန်း ရဲတပ်ဖွဲ့ (အမျိုးသမီး)
အသင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ (က) (အမျိုးသား) အသင်းတို့အား
တံခွန်စိုက်ဒိုင်း ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ
(၄၁)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း ဘော်လီ ဘောပြိုင်ပွဲကို သြဂုတ်
၈ရက်မှ ၁၈ရက် အထိ ကျင်းပခဲ့ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့
အသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၇ သင်းနှင့် အမျိုးသမီး အသင်း
ခုနစ် သင်းတို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment