သြဂုတ် ၁၈
စွမ်းရည် ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်
မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်လျက် စစ်ကိုင်းတိုင်း
ဒေသကြီး မုံရွာမြို့
အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း
အားကစားကွင်း၌ မြို့နယ်အဆင့် လူရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲက
ကျင်းပရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး
ဦးကျော်ဌေး၊ အခြေခံပညာ အထက်တန်းကျောင်း (မုံရွေး) ကျောင်းအုပ်ကြီး
ဦးချစ်ပေါ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့မှ ကာယဆရာ၊ ဆရာမများ၊
ပြိုင်ပွဲ အသီးသီးတွင် ဝင်ရောက် ရွေးချယ်ခံမည့် ကျောင်းသား၊ ကျောင်းသူများ
တက်ရောက် ခဲ့ကြသည်။
အဆိုပါ လူရွေးချယ်ပွဲတွင် ဘောလုံး၊
ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင် တင်းနစ်၊
ဘတ်စကက်ဘော၊ စစ်တုရင်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ အသက် ၁ဝ နှစ်အောက်
ဘောလုံးစသော အားကစားများကို ယနေ့မှစ၍ သြဂုတ် ၂၄ ရက်အထိ ပြိုင်ပွဲ အသီးသီး
ကျင်းပကာ လူရွေးချယ်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ လူရွေးချယ်ပွဲ များမှ သက်ဆိုင်ရာ
ဆန်ခါတင် အားကစား သမားများကို စနစ်တကျ စုဖွဲ့ လေ့ကျင့်စေပြီး စက်တင်ဘာလ
အတွင်း ကျင်းပမည့် မုံရွာခရိုင် ပညာရေးမှူး ဖလား အားကစားပြိုင်ပွဲ များသို့
ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment