Friday, August 16, 2013

အနောက်နိုင်ငံများသည် ကာကွယ်ရေး အသုံးစရိတ် အခြေအနေအရ ၂ဝ၁၃ ခုနှစ်၌ (ဘာသာပြန်ဆောင်းပါး)

Leave a Comment

အနောက်နိုင်ငံများသည် ကာကွယ်ရေး အသုံးစရိတ် အခြေအနေအရ ၂ဝ၁၃ ခုနှစ်၌ ၎င်းတို့ လေတပ်ဖွဲ့များ၏ အစီအစဉ်အချို့ ကို ရွှေ့ဆိုင်းခြင်း၊ ဖြတ်တောက်ခြင်း
တို့ ပြုလုပ် ခဲ့ရသည်။ သို့သော် အာရှ- ပစိဖိတ်ဒေသ၌မူ လေတပ်ဖွဲ့များ ၏ အဆင့်ဆင့် မြှင့်တင် မှု၊ ခေတ်မီရေး ပြုပြင်ပြောင်း လဲမှုတို့သည် အနောက်နိုင်ငံတို့ ၏ လေတပ်ဆိုင်ရာ အသုံးစရိတ် လျော့နည်းသွားမှုကြောင့် အနည်းငယ် ရိုက်ခတ်ခဲ့သည်မှ အပ ဆက်လက် ဆောင်ရွက်လျက် ရှိကြပေသည်။ တရုတ်တို့က ၎င်းတို့၏ ကိုယ်ပျောက်လေယာဉ်အား ထုတ်ဖော်ပြသခဲ့ပြီး နောက် ၎င်းထက် အဆင့်ပိုမြင့်သော J-31 တိုက်ခိုက်ရေး လေယာဉ်နှင့် Y-20 မဟာဗျူဟာ သယ်ယူ ပို့ဆောင်ရေး လေယာဉ်အား ထုတ်လုပ်လျက်ရှိသည်။ အိန္ဒိယသည် ၎င်းတို့ လေယာဉ် တိုးတက်ရေး အတွက် ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိ အခြေအနေ၌ နည်းဗျူဟာမြောက် အလတ်စား သယ်ယူ ပို့ဆောင်ရေး လေယာဉ်နှင့် တိုက်ခိုက်ရေး လေယာဉ်များ ထုတ်လုပ်ရန် ဆောင်ရွက်နေသည်။ အမေရိကန်တို့၏ F-35 လေယာဉ်များ လွှဲပြောင်းပေးရန်နှင့် နှောင့်နှေးနေမှုကြောင့် ဂျပန်တို့၏ JSF (Joint Strike Fighter ) တိုက်ခိုက်ရေး လေယာဉ်အပေါ် ပိုမိုအာရုံစိုက် လာကြပြီး တောင်ကိုရီးယားတို့ ကလည်း Fx-3 တိုက်ခိုက်ရေး လေယာဉ်များအား ၂ဝ၁၃ ခုနှစ်အပြီး ရယူပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်လာခဲ့သည်။ သြစတြေးလျ လေတပ်ကလည်း ၎င်းတို့၏ ရှိပြီး F/A 18F လေယာဉ်များအား ထပ်မံအင်အားဖြည့်တင်းရန် ဆောင်ရွက်လျက် ရှိသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား တို့ကလည်း ၎င်းတို့၏ လေတပ်များအား အဆင့်မြှင့်တင် လျက်ရှိကြသည့် အပြင် ဒေသတွင်း နိုင်ငံငယ်ဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်ပင် ၎င်းတို့၏ လေကြောင်းစွမ်းအား တိုးချဲ့နိုင်ရေး အဆက်မပြတ် ကြိုးပမ်းလျက်ရှိပြီး ခေတ်မီ ရဟတ်ယာဉ် အမျိုးအစားဖြစ်သော ယူရိုကော်ပတာ AS365 နှစ်စင်းအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက လွှဲပြောင်း ရယူနိုင်ခဲ့သည်။
ကမ္ဘာ၌ လေကြောင်းစွမ်းအားသည် စစ်ရေး၏အဆုံး အဖြတ်ဖြစ်ကြောင်းနှင့်  လေကြောင်း စွမ်းအားဖြင့် စစ်ရေး၏ အဆင့်တစ်ဆင့်ကို အောင်မြင် ပြီးမြောက်အောင်ဆောင် ရွက်နိုင်ကြောင်းကို ၂ဝ၁၃ ခုနှစ် ''ကန္တာရ မုန်တိုင်းစစ်ဆင်ရေး'' က မှတ်ကျောက် တင်နိုင်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့၏ လေကြောင်းစွမ်း အားနှင့် လေကြောင်းရန် ကာကွယ်ရေး စွမ်းအားကို မြှင့်တင်နိုင်ရေး အာရုံစိုက်လာကြသည်။ တိုက်ခိုက်ရေး လေယာဉ်၊  သယ်ယူ ပို့ဆောင်ရေး လေယာဉ်တို့ သာမက ကြိုတင်သတိပေးစနစ်၊ ထောက်လှမ်းရေးလေ ယာဉ်နှင့်  အခြားအခြေခံ အဆောက်အအုံတို့ကိုပါ တိုးချဲ့ လာခဲ့ကြပေသည်။ ယခုဆောင်းပါး၌ အာရှ- ပစိဖိတ်ဒေသရှိ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများမှ လေတပ် အင်အားကြီး  တရုတ်နှင့် အိန္ဒိယတို့ကို ချန်လှပ်၍ ပတ်ဝန်းကျင် နိုင်ငံလေးနိုင်ငံ ၏ လေတပ်အင်အားနှင့် အနာဂတ် မျှော်မှန်းချက်များအား လက်လှမ်း မီသရွေ့ တင်ပြသွားမည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်းတို့၏ လေတပ်အင်အား ကို ဘင်္ဂလားဒေ့ရှ် လေတပ်၊ ကြည်းတပ်ဆိုင်ရာ လေတပ်၊ ရေတပ်ဆိုင်ရာ လေတပ်ဟူ၍ သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ ဘင်္ဂလားဒေ့ရှ် လေတပ်၏ လက်ရှိအင်အားမှာ တရုတ်လုပ် A-5C မြေပြင် တိုက်ခိုက်ရေး လေယာဉ် ရှစ်စင်း၊ F-7M ကြားဖြတ် တိုက်လေယာဉ် ၂၃ စင်း၊ F-7BG ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ် ၁၆ စင်း၊ AN-32 ပို့ဆောင်ရေး လေယာဉ်သုံးစင်း၊ အမေရိကန်လုပ် C-130 လေယာဉ် လေးစင်းရှိပြီး နောက်ထပ်လေးစင်းအား ဝယ်ယူနိုင်ရေး ဒေါ်လာ ၁၆ဝ မီလီယံ ငွေရှင်းပြီးဖြစ်သည်။ ရဟတ်ယာဉ် နှင့် အမောင်းသင် လေယာဉ်များ အနေဖြင့်  ရုရှားလုပ် Mi- 17 အလတ်စား ပို့ဆောင်ရေး လေယာဉ် ၁၉ စင်း၊ အမေရိကန်လုပ် UH 1 N/ Bell 212 ပို့ဆောင်ရေး လေယာဉ် ၁၆ စင်း၊ Bell 206 L  လေးစင်း၊ တရုတ်လုပ် FT-6 အမောင်း သင်လေယာဉ် ခြောက်စင်းနှင့် အမေရိကန်လုပ် T-37B အမောင်းသင် တိုက်ခိုက်ရေး လေယာဉ် ၁၁ စင်းတို့ဖြစ်ကြသည်။
ကမ္ဘောဒီးယား လေတပ်ဖွဲ့ အနေဖြင့် လက်ရှိအခြေအနေ ၌ AN-24 RV လေယာဉ်တစ်စင်း၊ Mi-8 ရဟတ်ယာဉ်လေးစင်း၊ Mi-17 ရဟတ်ယာဉ် လေးစင်း၊ AS355 ရဟတ်ယာဉ် တစ်စင်း၊ UH-1H ရဟတ်ယာဉ်တစ်စင်း၊ Y-12 ပို့ဆောင်ရေး လေယာဉ်တစ်စင်း၊ MA 60 ပို့ဆောင်ရေး လေယာဉ်နှစ်စင်း တို့ရှိပြီး တရုတ်လုပ် Z-9 အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၂ စင်းအား မှာယူထားရာ ၂ဝ၁၃ ဧပြီလအတွင်းက ပထမဦးဆုံးတစ်စင်း စတင် လက်ခံရရှိခဲ့သည်။ တရုတ်နိုင်ငံ က ကမ္ဘောဒီးယားအား တရုတ်လုပ် Z-9 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဝယ်ယူရန်အတွက် ဒေါ်လာ ၁၉၅ မီလီယံ ထောက်ပံ့ချေးငှားပြီး ၎င်းရဟတ်ယာဉ်များအား ရုရှားလုပ် Mi-8 ၊ Mi-17 ရဟတ်ယာဉ်များ နေရာ၌ အစားထိုးသွားရန် စီမံထားကြောင်း သိရသည်။
လာအိုနိုင်ငံ လေတပ်အနေဖြင့် iG-21 PFM/U ကြားဖြတ်တိုက် လေယာဉ် ၂၅ စင်းအား အမာခံထားတည် ဆောက်ဖွဲ့စည်းထားပြီး An-26၊An-2 ပို့ဆောင်ရေး လေယာဉ် ၁၁ စင်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ဝ စင်းနှင့် ပို့ဆောင်ရေး ရဟတ်ယာဉ် ၁၈ စင်း ရှိသည်။ လေယာဉ်အများစုမှာ သက်တမ်းကြာမြင့်ပြီး ဖြစ်သဖြင့် စစ်ဆင်ရေးတာဝန် ထမ်းဆောင် နိုင်မှုမှာ အကန့်အသတ် ရှိသည်။
ထိုင်းနိုင်ငံ အနေဖြင့် ၎င်းတို့ လေတပ်စွမ်းအားကို ဘုရင့် လေတပ်မတော်၊ ကြည်းတပ်ဆိုင်ရာ လေတပ်ဖွဲ့၊ ရေတပ် ဆိုင်ရာ လေတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။ ထိုင်းဘုရင့် လေတပ်မတော်သည် အစဉ်အလာအားဖြင့် အမေရိကန် လေယာဉ်အများစုဖြင့် ဖွဲ့စည်းထားပြီး F-5 တိုက်လေယာဉ် ၅၃ စင်း၊ F-၆ တိုက်လေယာဉ် ၅၃ စင်းအား အမာခံထား ဖွဲ့စည်းထားသည်။ နောက်ဆုံးပေါ် ဂရစ်ဖင်တိုက်လေယာဉ်  ခြောက်စင်းရှိပြီး ခြောက်စင်း ထပ်မံမှာယူထားကာ F-5 တိုက်လေယာဉ်များနှင့် အသုတ်လိုက် လဲလှယ်သွားမည် ဖြစ်သည်။ ပထမအသုတ်သည် ထိုင်းလေ တပ်မတော်၏အမှတ် (၇)လေတပ်၌ ယခုနှစ် ဇူလိုင်လ ၈ ရက်က တာဝန်စတင် ထမ်းဆောင်ခဲ့သည်။ Saab အမျိုးအစား ဝေဟင်ကြိုတင် သတိပေး လေယာဉ် နှစ်စင်းရှိပြီး၊ ဘိုးရင်း ၇၄၇ နှစ်စင်း၊ ၇၃၇ နှစ်စင်းအပါအဝင် သယ်ယူ ပို့ဆောင်ရေးနှင့် စစ်ဆင်ရေး အထောက်အကူပြု လေယာဉ် ၆၂ စင်းရှိသည်။ တိုက်ခိုက် ရေးရဟတ်ယာဉ် ၁၇ စင်း၊ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် ၁၂ စင်းရှိပြီး အမောင်းသင် လေယာဉ်မျိုးစုံ အစင်း ၉ဝ ရှိသည်။
ထိုင်းကြည်းတပ်ဆိုင်ရာ လေတပ်၌ AH- 1F တိုက်ခိုက်ရေး ရဟတ်ယာဉ် ခုနစ်စင်း၊ UH-60M စင်း၊ UH-1H အပေါ့စား တိုက်ခိုက်ရေး ရဟတ်ယာဉ်အစင်း ၈ဝ တို့ဖြင့် ဖွဲ့စည်းထားပြီး ပို့ဆောင်ရေး ရဟတ်ယာဉ် ၇၇ စင်းခန့် ရှိသည်။ TH-300 C လေယာဉ်အစင်း ၂ဝ နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်ခြောက်စင်းရှိပြီး အပေါ့စား အမောင်းသင် ရဟတ်ယာဉ် ၁၆ စင်းရှိသည်။
ထိုင်းရေတပ်ဆိုင်ရာ လေတပ်ဖွဲ့၌ F-27 ပင်လယ်ပြင် ကင်းလှည့်နှင့် အထွေထွေ လေယာဉ်သုံးစင်း အပါအဝင် လေယာဉ်၊ ရဟတ်ယာဉ် ၃၇ စင်းဖြင့် ဖွဲ့စည်းထားသည်။ ထိုင်းလေတပ် အနေဖြင့် ဂရစ်ဖင်အဆင့်မြင့် တိုက်လေယာဉ် နောက်ထပ်ခြောက်စင်း မှာယူထားပြီး Saab 390 ဝေဟင် ကြိုတင် သတိပေးလေ ယာဉ် နောက်တစ်စင်းအားလည်း ၂ဝ၁၃ ခုနှစ်အတွင်း လက်ခံရရှိမည် ဖြစ်သည်။
မြန်မာ့တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက်တွင် ကျင်းပပြုလုပ်သော တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌  မြန်မာ့တပ်မတော် (လေ)၏ အနာဂတ်နှင့် ပတ်သက်၍ ''လေတပ်ဟာ irst Line AirPlane အဖျင်းဆုံး ၅ဝဝ ရှိရမယ်၊ စစ်တိုက်တဲ့ အချိန်မျိုးမှာ  လူတစ်သန်း  စစ်အင်အားရှိရမယ်၊ ဟိုနေရာက မထိတထိစတာ၊ ဒီနေရာက မထိတထိစတာကိုလည်း ပြန်ပြီး လုပ်ရဲရမယ်၊ လုပ်နိုင်ရမယ်''ဟု အနာဂတ် အရေးကြို တင် မျှော်တွေး မိန့်ကြားခဲ့သည်။ လေကြောင်းစွမ်းအားသည် ယခုခေတ်ကာလ၌ နိုင်ငံတော် ကာကွယ်ရေးအတွက် အရေးကြီးသော စွမ်းအားတစ်ရပ် ဖြစ်လာ သည်နှင့် အညီ  အင်အား တောင့်တင်း၍ စွမ်းရည်ထက်မြက်သော ခေတ်မီ လေတပ်မတော် တည်ဆောက် နိုင်ရေးသည် မျိုးချစ်စိတ်ရှိသော မြန်မာနိုင်ငံသား အားလုံး၏ တာဝန်ဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။    

0 comments:

Post a Comment

Facebook Like Page