Friday, August 16, 2013

အစ္စရေးတို့နှင့် ပါလက်စတိုင်းတို့သည် ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည် စတင်ရန်(ဘာသာပြန်ဆောင်းပါး)

Leave a Comment

အစ္စရေးတို့နှင့် ပါလက်စတိုင်းတို့သည် ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည် စတင်ရန်  ဆုံးဖြတ်ချက် မချမီ PLO အရာရှိများကို ပါလက်စတိုင်း အာဏာပိုင် အဘတ်စ်က  အမေရိကန် ပြည်ထောင်စု၏
အဆိုပြုချက်များကို ရှင်းပြခဲ့ကြောင်း လန်ဒန်အခြေစိုက် အလ်ဟယတ် သတင်း အဆိုအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြန်လည် ကျင်းပတော့မည် ဖြစ်ကြောင်း အမ်မန်မှ မထွက်ခွာမီ အမေရိကန် နိုင်ငံခြား ဝန်ကြီးက ကြေညာခဲ့သည်။
အမ်မန်ရှိ ပါလက်စတိုင်း သံရုံး၏ ကြေညာချက် သတင်းအရ ကယ်ရီနှင့် ပါလက်စတိုင်း အာဏာပိုင် မာမွတ် အဘတ်စ်တို့အကြား အရေးပါသော လုပ်ငန်းစဉ် တစ်ရပ်မှာ ခရီးပေါက် သွားပြီဟု ဖော်ပြထားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အစ္စရေးတို့ကို ၂ဝဝ၂ ခုနှစ် အာရပ်အဖွဲ့ချုပ်၏ ငြိမ်းချမ်းရေး ကနဦး အဆိုပြုချက်များ အတွက်   သေချာစွာ စဉ်းစားကြရန် တိုက်တွန်းလိုက်ကြောင်း ယင်းကနဦး အဆိုပြုချက်သည်  အစ္စရေးနှင့် ပါလက်စတိုင်း  ညှိနှိုင်းဆွေး နွေးပွဲ  ပြန်လည်စတင် ကျင်းပနိုင်ရန် အတွက်  ရည်ညွှန်း ကိုးကားချက်၏ စည်းကမ်း အစိတ်အပိုင်း ဖြစ်လာမည့်  ကြိုတင် အရိပ်လက္ခဏာ ပြခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ အစ္စရေးတို့ အနေဖြင့် အဆိုပါကနဦး အဆိုပြုချက်ကို အလေးအနက် ဆင်ခြင်သင့်ကြောင်း၊ အကြောင်းမှာ ယင်းကနဦး အဆိုပြုချက်တွင်  အစ္စရေးကို အာရပ် ၂၂ နိုင်ငံနှင့် မွတ်စလင် ၃၅ နိုင်ငံပေါင်း ၅၇ နိုင်ငံ၏  ငြိမ်းချမ်းရေး အတွက် ကတိကဝတ်များ ပါရှိပြီး အားလုံးက အစ္စရေးနှင့် ငြိမ်းချမ်းရေး ပြုလုပ်ကြရန် ဖြစ်နိုင်ဖွယ်ရှိရာ  အလားအလာများ အတွက် ရပ်၍ စောင့်နေကြခြင်း ဖြစ်ကြောင်း ကယ်ရီက အာရပ် အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များ နှင့် အက်ဘတ်စ် တို့ကို အမ်မန်၌ တွေ့ဆုံစဉ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကနဦး အဆိုပြုချက်ကို ၂ဝဝ၂ ခုနှစ် ဘေရွတ်မြို့၌  ကျင်းပခဲ့သော အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်း အဝေး၌ ဆော်ဒီ အာရေဗျက တင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အဆိုပြုချက်တွင် အစ္စရေးကို အပြည့်အဝ အသိ အမှတ်ပြုထားသော်လည်း ၁၉၆၇ ခုနှစ် ဇွန် ၄ ရက်က နယ်နိမိတ် သတ်မှတ်ချက် မျဉ်းများ အတိုင်း အပြည့်အဝပြန်လည် ပေးအပ်မှသာလျှင် ယင်းသို့ လုံးဝအသိ အမှတ်ပြုမည် ဖြစ်သည်ဟု ဆိုသည်။ ယင်း နယ်နိမိတ် သတ်မှတ်ချက်ဟု ဆိုရာ၌ ဂိုလန်ကုန်းမြင့် ဒေသနှင့်  အရှေ့ဂျေရု ဆလင်တို့ ပါဝင်ရမည့်အပြင် ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များ အတွက်  ဖြေရှင်းချက်တစ်ရပ်လည်း ဖြစ်ရန်လိုပေ သည်။
ယင်းကနဦး အဆိုပြုချက်ကို လွန်ခဲ့သော သုံးလက ဖြေလျှော့မှုများ ပြုလုပ်ကာ ကာတာမှ ထိပ်တန်း အရာရှိက အနာဂတ် အစ္စရေးနှင့် ပါလက်စတိုင်း တို့၏ နယ်နိမိတ်များ သတ်မှတ်ရာ တွင် မြေချင်းလဲလှယ်မှု ဖြစ်နိုင်ဖွယ် အလားအလာများကို တင်ပြထားခဲ့သည်။ အာရပ် အဖွဲ့ချုပ် အနေဖြင့် ကယ်ရီ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဂျော်ဒန် သတင်း အေဂျင်စီ က ကြေညာချက် တစ်စောင်ထုတ်ပြန်၍ ပြောကြားရာ၌ နှစ်နိုင်ငံ တည်ထောင်ရေးကို အသိအမှတ်ပြုရေး ဖြေရှင်းချက်ကို ဦးတည်သွားနိုင်ကြောင်း မျှော်လင့်ရသည်ဟု ဆိုသည်။ အာရပ် အဖွဲ့ချုပ် ကိုယ်စားလှယ်က အမ်မန်မြို့တော်တွင် အတည်ပြု ပြောကြားရာ၌  ပါလက်စတိုင်းနှင့် အစ္စရေးတို့ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် အသက်ဝင်စေရန် ကယ်ရီ၏ အကြီးအကျယ် ကြိုးပမ်း အားထုတ်မှုများကို ထောက်ခံကြောင်းနှင့်  ညှိနှိုင်းဆွေး  နွေးမှုများ စတင်ရန်အတွက် မြေနေရာ အခင်းအကျင်းနှင့် သင့်လျော်ကောင်းမွန်သော ပတ်ဝန်းကျင် အခြေအနေ ကို စီမံပေးမည်ဟု ကယ်ရီက  ကော်မတီ ရှေ့မှောက်တွင် အကြံဥာဏ်များ တင်ပြခြင်းကို ထောက်ပြ ပြောဆိုသွားခဲ့သည်။ အထူးသဖြင့် သစ်လွင်၍ အရေးပါသော နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး အခြေအနေများကို ညှိနှိုင်း ဆွေးနွေးပွဲ ပြန်လည် ပြုလုပ်နိုင်ရေးကို ဆိုလိုသည်။
အာရပ်အဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်မှာ ဒေသကို ကောင်းချီးပေးမည့် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ကြီးပွား တိုးတက်ရေးတို့ကို ပေးစွမ်းနိုင်သော ပါလက်စတိုင်းနှင့် အစ္စရေးတို့ အကြား မျှတ၍ ပြီးပြည့်စုံသော ငြိမ်းချမ်းရေးကြီး တစ်ရပ် အောင်မြင်စွာ ရရှိပြီး  ပြဿနာကို လုံးဝ အပြီးသတ် ရပ်စဲသွားစေရန်  နောက်ဆုံး အခြေအနေ၊ အရေးအရာများနှင့် သက်ဆိုင်သော အရေးကြီးသည့် ညှိနှိုင်း ဆွေးနွေးမှုများ စတင်နိုင်ရေးကို ဦးတည် သွားမည်ဟု မျှော်လင့်ထားပါကြောင်း ထုတ်ဖော် ပြောကြားသွားသည်။ အာရပ် အဖွဲ့နှင့် ပတ်သက်၍ မည်သည့် အနာဂတ် သဘောတူညီချက်မဆို နိုင်ငံတည်ထောင် ဖြေရှင်းချက်များ အပေါ်တွင် အခြေခံရမည့် အပြင် ၁၉၆၇ ခုနှစ် ဇွန် ၄ ရက်က ရှိခဲ့သော  နယ်နိမိတ်မျဉ်း ကြောင်းများအပေါ် လွတ်လပ်သော ပါလက်စတိုင်း နိုင်ငံတစ်ရပ် တည် ထောင်ရမည် ဖြစ်ပြီး တန်ဖိုးတူအရွယ် ပမာဏကန့်သတ်ချက်ရှိ နယ်မြေလဲ လှယ်မှုတစ်ရပ်နှင့် အတူ တည်ထောင်ရ မည်ဟု ဖော်ပြထားသည်။ အာရပ်အဖွဲ့ချုပ် ကိုယ်စားလှယ် အရာရှိများက သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့၏ ငြိမ်းချမ်းရေး အောင်မြင်မှု ရရှိစေရန် ကြိုးစား အားထုတ်မှုများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ ကို ကျေးဇူးတင် ချီးကျူးပါကြောင်းနှင့် အမေရိကန် ပြည်ထောင်စုနှင့် သက်ဆိုင်သော အဖွဲ့ အစည်းများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် အရှေ့အလယ်ပိုင်း ဒေသမျှတ၍ ပြီးပြည့်စုံသော ငြိမ်းချမ်းရေးကြီး တစ်ရပ် ဖြစ်ပေါ်အောင်မြင်မှု အတွက် ၎င်းတို့၏ လုပ်ဆောင်ချက်များ ကိုလည်း ချီးကျူး၍ ကျေးဇူးတင်ရှိပါကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီတွင် အမေရိ ကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် အချိန်မှစ၍  အရှေ့အလယ်ပိုင်း ဒေသသို့ (၆) ကြိမ်မြောက် ချစ်ကြည်ရေး အလည် အပတ်ခရီး ရောက်ရှိလာသော ကယ်ရီ နှင့် အက်ဘတ်စ်တို့ အကြား ဆွေးနွေးချက် အသေးစိတ်များနှင့် ပတ်သက်၍ အမေရိကန်ဖြစ်စေ၊ ပါလက်စတိုင်း အရာရှိများက ဖြစ်စေ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။
အစ္စရေး အရာရှိများကလည်း PLO ခေါင်းဆောင်များက ၎င်းတို့၏ဆုံးဖြတ် ချက်ချမှတ် ပြီးနောက်မှသာ အဆိုပါကိစ္စ အပေါ် သဘောထားများကို ပြောနိုင်မည်ဖြစ်ရာ ယခု ပြောဆိုခြင်း မပြုနိုင် သေးဟုဆိုသည်။ အစ္စရေးဝန်ကြီးချုပ် တန်ရာဟုက ပါလက်စတိုင်းတို့နှင့် ဆွေးနွေးပွဲ ပြန်လည်ကျင်းပနိုင်ရေးကို တောင်းဆိုလိုက်ပြီး ဆွေးနွေးပွဲသည် အစ္စရေးတို့အတွက် အသက်သွေးကြော ပမာ အရေးကြီး၍ မဟာဗျူဟာမြောက် အကျိုးစီးပွား ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သူက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကို  ဆွေးနွေးပွဲ ကျင်းပရန် ကြိုးပမ်း အားထုတ်မှုများအတွက် ကျေးဇူးတင်ကြောင်းနှင့် ပါလက်စတိုင်း တို့အနေဖြင့် အရေးတကြီး တာဝန်ရှိ သည့်အနေဖြင့် ကျင်းပသွားမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသွားသည်။ ဆွေးနွေးပွဲ မတိုင်မီ ပါလက်စတိုင်း အကျဉ်းသား တချို့ကို ပြန်လွှတ်ပေးသွားမည်ဟု အစ္စရေးတို့က ပြောကြားခဲ့သည်။ ပထမ ဆွေးနွေးပွဲများကို  ဝါရှင်တန်၌ အရှေ့တစ်ပတ်လောက်တွင် ကျင်းပရန်ရှိကြောင်း သိရသည်။ ကယ်ရီအနေဖြင့်  လေးရက်ကြာ လွန်းပျံသံ တမန်လုပ်ငန်းကို အပြေးအလွှား ဆောင်ရွက်ခဲ့ပြီးနောက် ယင်းသို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်စတင် ကျင်းပတော့ မည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ယူမော် စတိန်းနစ်ဇ်က အစိုးရရေဒီယိုမှ အစ္စရေး ပြည်သူတို့အား ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု ချမှတ်ထားသည့် အခြေခံ မူများအရ  ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ကျင်းပတော့မည် ဖြစ်ကြောင်း ကြေညာသွားသည်။   ပါလက်စတိုင်း အကျဉ်းသားများကို အဆင့်လိုက် လွှတ်ပေးမည်ဖြစ်ရာ အရေအတွက် အတိအကျကို မကြေညာသွားသော်လည်း အစ္စရေး အရာရှိတစ်ဦး အဆိုအရ ယင်းကိစ္စ ဆွေးနွေးပြီးဖြစ်ရာ လပိုင်းအတွင်း ပါလက်စတိုင်း အကျဉ်းသား ၃၅ဝ လွှတ်ပေးရန် ဖြစ်ပြီး ယင်းတို့အထဲတွင် ၁၉၉၃ ခုနှစ် မတိုင်မီကတည်းက အကျဉ်းကျခံနေရသူ ၁ဝဝ ခန့်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အစ္စရေး လူ့အခွင့်အရေး အုပ်စု၏ အဆိုအရ အစ္စရေး အကျဉ်းထောင်များတွင် ပါလက်စတိုင်း အကျဉ်းသားပေါင်း ၄၈၁၇ ဦး ရှိသည်ဆို၏။
သူတို့အပိုင်း အနေဖြင့် ပါလက်စတိုင်း တို့က အရေးကြီးသော ညှိနှိုင်း ဆွေးနွေးမှုများကို အနည်းဆုံး ကိုးလကြာ ကျင်းပမည်ဟု ဝန်ကြီးချုပ်၏ လီကွပ်ပါတီဝင် မစ္စတာ စတိန်းနက်ဇ် က  ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ယခုတစ်ကြိမ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး  ဂျွန်ကယ်ရီမဖြစ် ဖြစ်အောင် ကြိုစား အားထုတ်ခဲ့သည့် အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ  ပြန်လည်စတင်ရေး ကိစ္စ၏ အောင်မြင်မှုများ မည်သို့ရှိလာ နိုင်သည်ကို သိရှိနိုင်ပါရန်  ရေးသား လိုက်ရပါသည်။    
ကိုကိုဟန်

0 comments:

Post a Comment

Facebook Like Page