"ရင်ချင်းဆက် စွယ်တော်ရွက်များ " (မင်းလူ)
"ဆရာဘုန်းနဲ့ ခရီးအတူသွားရင် ပညာတိုးတယ်၊ ဒါပေမယ့် တစ်ညလုံးတော့ အိပ်လိုက်ရမှာမဟုတ်ဘူး"
ဟု အကြောင်းသိတစ်ယောက်က ပြောသည်။ ဆိုလိုတာကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် စကားအလွန်ပြောချင်သူ။ လမ်းခရီးတစ်လျှောက်လုံး မရပ်မနားပြောသွားလိမ့်မည်။ အိပ်ဖို့အချိန်တောင် ရလိုက်မှာမဟုတ်။
ကျွန်တော်သည် ခရီးသွားလျှင် ကား၊ ရထားစသည်တို့ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်သူ မဟုတ်။ ထို့အတူ တစ်လမ်းလုံး စကားပြောပြီး နိုးနိုးကြားကြားရှိနေတတ်သူ
ရှုခင်းတွေငေးကြည့်ရင်း တွေးချင်ရာတွေးလိုက်၊ တစ်မှေးမှေးလိုက် လုပ်တတ်သူမျိုးသာဖြစ်၏။
ပြီးတော့ ကျွန်တော်က နားပူခံချင်သူမဟုတ်။ သူငယ်ချင်းတွေနှင့် ဝိုင်းဖွဲ့စကားပြောတာ ဝါသနာပါသော်လည်း တစ်ဖက်သတ် နားထောင်ရတာမျိုးတော့ အလွန်ငြီးငွေ့တတ်သည်။
သို့ရာတွင် ခုလို စကားပြောသော ဆရာတစ်ဦးနှင့်ခရီးအတူသွားရ
ဒီလိုဆရာကြီးမျိုးတွေနှင့် အတူသွားရသောအခါ မေးတတ်မြန်းတတ်လျှင် အသိပညာတွေ အများကြီး ရနိုင်သည်။ ဒါတင်မက နောင်တစ်ချိန် သူတို့အကြောင်း ပြန်ရေးသောအခါ အသုံးဝင်မယ့် အချက်အလက်တွေလည်း ရနိုင်သေးတယ်လေ။
* * *
တောင်ငူမြို့ စာပေဟောပြောပွဲသို့ သွားရမည်ဖြစ်၏။ ဆရာချစ်ဦးညို၊ ဆရာမောင်သစ်ဆင်း၊ ဆရာနီကိုရဲတို့လည်း ပါကြမည်။ သူတို့တွေနဲ့က အရင်ကတည်းက ခင်မင်ခဲ့ပြီးသားဖြစ်၏။ ဆရာဘုန်းနဲ့တော့ တစ်ခါမှမဆုံဖူးသေး။ အပြင်မှာလည်း တစ်ခါမှမမြင်ဖူးသေး။ မဂ္ဂဇင်းထဲမှာမြင်ဖူးတဲ့ ဓာတ်ပုံအရတော့ ပိန်ပိန်ပါးပါးပါပဲ။ သို့တိုင်အောင် နိုင်ငံကျော်ထိပ်သီးစာရေးဆရ
တောင်ငူမှ လာရောက်ကြိုဆိုသူများက ကျွန်တော်တို့ကို အရင်ဝင်ခေါ်သည်။ ထို့နောက် ဆရာဘုန်း၏ အိမ်ရှိရာ သန်လျင်သို့ဆက်သွားသည်။ ဆရာသည် ကျွန်တော်ထင်ထားသလို လူကုံထံရပ်ကွက်ထဲမှာ တိုက်နှင့်ကားနှင့် နေထိုင်သူမဟုတ်။ မြို့စွန်ပိုင်းရှိ အေးချမ်းဆိတ်ငြိမ်သောရပ်ကွက
ဆရာ့အိမ်ဧည့်ခန်းသည်လည်း ရှင်းရှင်းလင်းလင်းပင်ဖြစ်၏
ဆရာသည် တရှိုက်မက်မက်ဖတ်ရသော မေတ္တာဖွဲ့ဝတ္ထုကြီးတွေကိုရေး
ခိုင်နဲ့တူမလား။ မမိုးသူနဲ့တူမလား။ နွယ်နှင့်တူမလား။ အစောနဲ့တူမလား။ တပြည်သူမရွှေထားနဲ့ပဲ တူလေမလား။
အခုမြင်လိုက်ရတာကတော့ အဘွားကြီးတစ်ယောက်ပါပဲ။ ဒါပေါ့လေ၊ ဆရာတောင် အသက်ခုနှစ်ဆယ်ကျော်နေပြီပဲ။
ကျွန်တော်တို့ ရောက်သွားသောအချိန်တွင် ဆရာက အဆင်သင့်ပြင်ဆင်ထားပြီးသာြး
ထို့နောက် ဆရာသည် ဆရာချစ်ဦးညိုကို တစ်စုံတစ်ခုပြောနေသည်။ ဟိုအရင်တစ်ခေါက် တွေ့ခဲ့စဉ်က စကားမပြတ်သေးသော အကြောင်းအရာကို ပြန်ဆက်ပြောခြင်းဖြစ်ပုံရ၏။
ဆရာက ကျွန်တော့်ဘက်လှည့်ပြီး ပြောပြန်သည်။ ကျွန်တော့်ကဗျာစာအုပ်ကို ဖတ်ရကြောင်းပြောသည်။ သူက ကျွန်တော့်ကို မော်ဒန်အနွယ်ဝင်ဟု ထင်မှတ်ယူဆထားပုံရသည်။
"ဆရာက မော်ဒန်ကို ဆန့်ကျင်တဲ့သူတစ်ယောက်မဟုတ်
ဟု ဆိုသည်။ လူငယ်တွေအပေါ်နားလည်မှုရှိသော
စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ရောက်တော့ ကားထွက်ဖို့အချိန်လိုသေးသဖြ
ကားပေါ်မှာ နေရာယူကြတော့ ဆရာနီကိုရဲက ညားကာစဇနီးအသစ်စက်စက်ကလေးကိ
ကားစထွက်ပြီး မကြာခင်မှာပင် ဗွီဒီယိုကားတစ်ကား စပြသည်။ မြန်မာကားဖြစ်၏။ တော်တော်ညံ့သည်။ ကောင်းလျှင်လည်း ကြည့်ဖြစ်မည်မထင်။ ဆရာက စကားစပြောနေပြီ။ မင်္ဂလာဒုံတစ်ဝိုက်က တောင်ကုန်းကလေးတွေ လျှိုမြောင်တွေကိုကြည့်ပြီး
"ဟိုးတစ်ချိန်က ဒီနေရာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ဖူးတာပေါ
ဟု အစချီပြီး အင်းစိန်တိုက်ပွဲတုန်းက ဆရာတို့ တက္ကသိုလ်ကျောင်းသားတွေ ဗော်လံတီယာ တပ်သားအဖြစ် ဝင်ရောက်ကူညီခဲ့ကြပုံများကိ
"မင်း အသက်ဘယ်လောက်ရှိပြီလဲ"
ဟု မေးသည်။
"ဆယ့်ငါးနှစ်"
ဆိုတော့
"ငယ်သေးတယ်၊ စာသင်ဦး"
ဟု ပြောသဖြင့် တပ်ထဲမဝင်ဖြစ်ခဲ့ပုံကိုလည်း
* * *
ပျဉ်ပုံကြီးမှာ ညစာထမင်းစားကြသည်။ ဆရာက ငါးရံ့ခြောက်ဖုတ်မှာသည်။
"အိမ်မှာဆိုရင် သွေးတက်မှာစိုးလို့ဆိုပြီး ဆရာ့ကို ငါးခြောက်သိပ်မကျွေးကြဘူး"
ဟု ဆရာက ပြောပြီးရယ်နေသည်။ ရောဂါထွေထွေထူးထူး မရှိသော်လည်း အသက်ကြီးလာတော့ အစားအသောက်ဆင်ခြင်ရတယ်ဟု ဆိုပြန်သည်။ ( ပြောသာပြောတယ်၊ တောင်ငူရောက်လို့ ကောက်ညှင်းငချိတ်ပေါင်းနဲ့ ဘူးသီးကြော်၊ ငါးခြောက်ထောင်းကြော်တွေ ကျွေးတော့လည်း စားတာပါပဲ။) ကားပြန်ထွက်တော့ ဆယ်နာရီကျော်ပြီ။ ဆရာ ဘယ်အကြောင်းအရာကိုများဆက်ြေ
ထမင်းစားပြီး ဗိုက်လေးသွားလို့လား။ ကားစီးရတာ ခရီးပမ်းသွားလို့ပဲလား။ ကားပေါ်မှာပြနေသော နိုင်ငံခြားဇာတ်ကြမ်းကားကို
ကျွန်တော်ကတော့ အိမ်မှာဆိုလျှင် တော်တော်ညဥ့်နက်မှ အိပ်တတ်သောကြောင့် အကျင့်ပါပြီး အိပ်ချင်စိတ်မရှိသေး။ ဆရာ့ကိုမေးစရာတွေ ရှိနေသေးသည်။ ဆရာနှင့်ပက်သက်လျှင် အများစုက "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်"၊ "တစ်ပြည်သူမရွှေထား"၊ "သူ့ကျွန်မခံပြီ"စသော ဝတ္ထုကြီးတွေကိုသာ သတိရမိတတ်ကြသည်။ ကျွန်တော်ကတော့ ဆရာရေးသားပြီး ရေနံ့သာစိုးလှိုင် သီဆိုခဲ့သော "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်" သီချင်းကို စိတ်ဝင်စားမိ၏။
ထိုသီချင်းသည် ရုတ်တရက် နားထောင်ကြည့်လျှင် နွေဘွဲ့အလွမ်းသီချင်းဟု ထင်စရာရှိ၏။ အမှန်မှာမမြဲသော သင်္ခါရသဘောကို နိမိတ်ပုံများဖြင့် ဖွဲ့ဆိုထားခြင်းဖြစ်သည်ဟု ဆရာ့စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးသည်။ ထိုသီချင်းမှာ ကျွန်တော် အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်၏။ "နတ်သျှင်နောင်"သီချင်းဟု ဆိုလျှင် ပြည်လှဖေ ဆိုတာလောက် ဘယ်သူမှကောင်းအောင်မဆိုနိုင
ထိုသီချင်းအကြောင်း ဆရာ့ကိုမေးမည်ဟု စဉ်းစားထားခဲ့တာ။ အခုတော့ ဆရာက မျက်စိကိုမှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေပြီ။ ကျွန်တော်လည်း "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်" သီချင်းကို စိတ်ထဲကသာ ညည်းနေမိ၏။
* * *
ဆရာသည် အသက်ခုနစ်ဆယ်ကျော်ပြီဖြစ်သေ
ဘုရားက အပြန်လမ်းမှာ တက္ကသိုလ်ပါမောက္ခချုပ်ဘဝက အတွေ့အကြုံများကို ပြောပြသည်။ ပရိုဗီမင်ဆေးပြား ထုတ်လုပ်သည့် စပီရူလိုင်းနားခေါ် စိမ်းပြာရေညှိကို အဏ္ဏဝါဇီဝဗေဒဌာနမှ လေ့လာခဲ့ရာမှာ ပါဝင်ကူညီခဲ့ပုံများ၊ ယခုတောင်ကြီးတက္ကသိုလ် တည်ရှိရာ မြေနေရာကိုရွေးချယ်ခဲ့ပုံမျ
နေ့လယ်ဘက် လက်ဖက်ရည်သောက်ချိန်မှာတော
"မောင့်မူပိုင်ရှင်"ဇာတ်ကား
ညဘက် ဟောပြောပွဲစတင်ချိန်က နည်းနည်းနောက်ကျသွားသည်။ ဟောပြောမည့်စာရေးဆရာက ငါးယောက်တောင်။ ရာသီဥတုက အတော်အေးသဖြင့် ဆရာ့ကို သိပ်ညဥ့်နက်တဲ့အထိ မနေစေချင်။ သူ့ကိုစောစောပြောပြီး ပြန်အနားယူခိုင်းလို့မဖြစ်။
ဆရာသည် ပညာတတ်၊ ပညာရှိ စာရေးဆရာကြီးဖြစ်၏။ သို့ရာတွင် ဟောပြောရာမှာ ပညာရှင်ဆန်သော အမူအရာဟန်ပန်မရှိ။ စကားလုံးကြီးကြီးကျယ်ကျယ်တေ
* * *
အပြန်ခရီးမှာကျတော့ ဆရာသည် ခရီးပန်းသွားသောကြောင့်ထင်သ
စကားပြောလို့မရသောအခါ ဟိုဟိုဒီဒီတွေးနေလိုက်သည်။ နေမြင့်လာတော့ ဆရာ့မျက်နှာပေါ်ကို နေရောင်ထိုးကျလာသည်။ ထို့ကြောင့် ကားမှန်ပြတင်းက လိုက်ကာကို ဆွဲစေ့ပေးရင်း ဆရာ့ကို တစေ့တစောင်းကြည့်လိုက်မိ၏။ ကျွန်တော့်စိတ်ထဲ တစ်ယောက်ယောက်နှင့် တူသလိုလိုထင်မြင်လာမိသည်။
ဘဲမြီးဆန်ဆန် ခပ်ပါးပါးဆံပင်ပုံစံ၊ အသားညိုသယောင်ယောင်၊ ပိန်ပိန်သွယ်သွယ်၊ မျက်ခုံးကောင်းကောင်း ပေါ်လွင်ထင်ရှားသောနှာတံ၊ ပိရိသောနှုတ်ခမ်းများ။ ဟာ....အဖေနဲ့ တော်တော်ဆင်တာပါလား။ အထူးသဖြင့် ရှည်လျားကြံ့ခိုင်သော လက်ချောင်းများသည် ကျွန်တော်တို့အဖေ(ဦးသာဓု)၏
(ဆရာမြသန်းတင့်ကိုလည်း မျက်နှာကျပုံ၊ အနေအထား အဖေနှင့်ဆင်သည်ဟု ထင်ခဲ့ဖူးသည်။ အဖေမရှိတော့တဲ့နောက်ပိုင်း ညိုညိုပိန်ပိန်စာရေးဆရာကြီး
* * *
ဆရာက လူကြီးရယ်လို့ အခွင့်အရေးကို ပိုယူတတ်သူမဟုတ်။ သားတပည့်အရွယ်တွေဆိုပြီး အထက်စီးက ဆက်ဆံခြင်းမရှိ။ သူ့အယူအဆကိုပြောရမှာလည်း လက်ခံရမည်ဟု မတိုက်တွန်း။ ဆရာကတော့ ဒီလိုထင်တယ်ဟူ၍သာ ပြောတတ်သည်။
ကျွန်တော်သည် ဆရာနှင့် စကားပြောလို့ မဝသေး။ တောင်ငူဟောပြောပွဲကပြန်လာပြ
သို့ရာတွင် နီကိုရဲက မအားတာနဲ့၊ ကျွန်တော်က အဆင့်သင့်မဖြစ်တာနဲ့ပဲ တော်တော်နှင့်မသွားဖြစ်။ တကယ်သွားဖြစ်ပြီဆိုတော့ ဆရာ့အိမ်ကိုမဟုတ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး။
ဆရာဆေးရုံတက်နေသဖြင့် ကျွန်တော်ရောက်သွားသည်။ ဆရာ့ကို အထူးခန်းမှာ ထားပေးသဖြင့် ကျေနပ်မိသည်။ သို့ရာတွင် ဧည့်သည်တွေက များလွန်းသည်။ ဒီလိုအခန်းမျိုးမှာက လူနှစ်ယောက် သုံးယောက်ထက် ပိုမရှိသင့်။ သို့တိုင်အောင် ဆရာ့ကို တွေ့ချင်သူတွေကို အလှည့်ကျသာခွင့်ပြုမည်ဆိုလှ
ကျွန်တော်ရောက်သွားတော့ အခန်းထဲမှာ လူများနေသဖြင့် ရှင်းမှဝင်တော့မည်ဆိုပြီး မှန်တံခါးအပြင်ဘက်မှာပင် ရပ်နေလိုက်သည်။ စာပေသမားတစ်ယောက်က ကျွန်တော့်ကိုမြင်သွားပြီး လက်ယပ်ခေါ်သဖြင့် ဝင်သွားလိုက်သည်။ အခန်းထဲမှာ လူများလွန်းသဖြင့် လေအေးစက်တောင်မနိုင်တော့ဘဲ အိုက်စပ်စပ်ဖြစ်နေသည်။ ဆရာ့ကို ယပ်ခတ်ပေးနေရသည်။
ဆရာ့ကျောကုန်းကို နံ့သာဖြူလား၊ ကရမက်လားမသိ။ လိမ်းပေးနေတာတွေ့ရသည်။ ဆရာ့ကျောကုန်း ပိန်ပိန်လေးကလည်း အဖေနဲ့တူလိုက်တာဟု အရေးထဲမှာတွေးမိပြန်သည်။ ဆရာက စကားသိပ်မပြော။ မျက်စိမှိတ်ပြီး မှိန်းနေသည်။ ကျွန်တော်ကလည်း ဆရာ့ကို အနှောင့်အယှက်မပေးလိုသဖြင့်
ခုတင်ပေါ်မှာ လှဲနေသော ဆရာ့ကိုကြည့်ရင်း -
"အဖေနဲ့တူလိုက်တာ"
ဟု လွှတ်ခနဲပြောမိ၏။
ဆရာ့သားကိုကျော်ဇင်၏ ဇနီးဖြစ်သူ မဝိုင်းဝိုင်းက -
"ဆရာဦးသာဓုဆုံးတော့ အသက်ဘယ်လောက်ရှိပြီလဲ"
ဟုမေးသည်။
"ခုနစ်ဆယ့်သုံးနှစ်"
ကျွန်တော်ဖြေလိုက်တော့ သူခဏမျှငိုင်သွားသည်။ ပြီးမှ -
"ဖေဖေလည်း ခုနစ်ဆယ့်သုံးထဲမှာပဲ"
ဟု ခပ်တိုးတိုးပြောသည်။ စိုးရိမ်နေသော လေသံမှန်းသိသာ၏။
* * *
သိပ်မကြာခင်မှာပင် ဆရာဆုံးကြောင်း သတင်းကြားရသည်။ ဆရာ့ဈာပနသည် စည်ကားလှ၏။ အနုပညာနယ်ပယ်၊ ပညာရေးနယ်ပယ်စသော ဆရာကျင်လည်ခဲ့ရာ အသိုင်းအဝိုင်းမှ အားလုံးလိုလို လာရောက်ဂါရဝပြုကြသည်။ ပြီးတော့ သူပြုစုပျိုးထောင်ခဲ့သော ကံ့ကော်ပွင့်များ၊ စိန်ပန်းပြာများ၊ ချယ်ရီပန်းများ၊ မယ်ဇယ်ပွင့်များနှင့် စွယ်တော်ရွက်များငိုကြွေးကြ
ရက်လည်တဲ့နေ့ကျတော့ သန်လျင်က ဆရာ့အိမ်မှာ ကိုကျော်ဇင်နှင့်အချိန်အတော
ဆရာ၏နောက်ဆုံးအချိန်သည် ဆရာ့ဝတ္ထုဇာတ်သိမ်းခန်းတွေလု
"လွမ်းမောသီကရီ...မေ့မရလေပြ
မင်းလူ
--------------------------
(လွမ်းတေးကို သူပင်သီရော့မည်
အမှတ်တရ တက္ကသိုလ်ဘုန်းနိုင်၊
မေလ၊ ၂၀၀၃)
0 comments:
Post a Comment