Saturday, June 18, 2016

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)ပြည်ခရိုင်ဆိုင်းဘုတ်တင်ပွဲ နှင့် ရုံးခန်းဖွင့်ပွဲကျင်းပပြုလုပ်

Leave a Comment



နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)ပြည်ခရိုင်ဆိုင်းဘုတ်တင်ပွဲ နှင့် ရုံးခန်းဖွင့်ပွဲကျင်းပပြုလုပ်

 

ပြည်၊ဇွန်၊၁၇

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ဆံတော်ရပ်၊ဗိုလ်ချုပ်လမ်း၊တင်မြင့်-အပ်ချုပ်ဆိုင်ဆိုင် ဇွန်လ-၁၇ ရက်နေ့ ၂၀၁၆-ခု နံနက် ၉-နာရီအချိန်ခန့်မှစတင်ကာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)ပြည်ခရိုင် ဆိုင်းဘုတ်တင်ပွဲ နှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ နိုင်ငံရေးအကျဉ်းဟောင်းများအဖွဲ့(FPPS)ပြည်ခရိုင်ဆိုင်းဘုတ်တင်ပွဲ နှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)-ရန်ကုန်မြို့မှ တာဝန်ရှိလူကြီးများ၊ရှေ့နေ-ဦးရောဘတ်ဆန်းအောင်(ရန်ကုန်)၊ပြည်မြို့-ကံသာကျောင်းတိုက်ဆရာတော်၊ပြည်ခရိုင်-နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအင်အား ၄၀-ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဆိုင်းဘုတ်တင်ပွဲ နှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်-နိုင်/ကျဉ်းဟောင်းများအဖွဲ့ တာဝန်ရှိသူများက အမှတ်တရစကားပြောကြားခြင်း-အပြန်အလှန်မိတ်ဆက်ခြင်းများပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များကို သက်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများအား အဟာရဒါနဖြင့်ဧည့်ခံ၍ အခမ်းအနားကို ထိုနေ့ နံနက်၁၁-နာရီအချိန်ခန့်တွင် အောင်မြင်စွာပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)








0 comments:

Post a Comment

Facebook Like Page