အသက် ၂-နှစ်အရွယ်ကလေးငယ်တစ်ဦး
ပြည်ဘူတာရုံအနီးတွင် စွန့်ပစ်ခံရဟုဆို၍ သက်ဆိုင်ရာဌာနသို့ သွားရောက်ပို့ဆောင်
ပြည်၊ဧပြီ၊၂၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ပြည်ဘူတာရုံရှေ့ရှိ
ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် အသက် ၂-နှစ်အရွယ် ယောက်င်္ကျားလေးတစ်ဦးမှာ ဘေးနာတွင်အထုတ်တစ်ထုတ်ချထားကာ
ငိုနေသောကြောင့်
မီးရထားရဲတပ်ဖွဲ့နှင့်ရပ်ကွက်ကလေးသူငယ်ကာကွယ်စောင့်လျှောက်ရေးအဖွဲ့များမှ
ပူးပေါင်းကာ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးရုံးသို့
ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါကလေးငယ်သည် ဧပြီလ ၂၃-ရက်နေ့မှာ ပြည်ဘူတာရုံရှေ့
ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် အထုတ်ငယ်တစ်ထုတ်အားဘေးချကာ ငိုနေခြင်းဖြစ်သောကြောင့်
ကလေးငယ်၏ မိဘများမှ ကလေးငယ်အား စွန့်ပစ်သွားသည်ဟု ယူစကာ ယခုလို
သက်ဆိုင်ရာအဖွဲ့အစည်းတွေ နှင့် ဒေသခံများမှ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးရုံးသို့ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်းသိရသည်။
“မနက် (၉)နာရီလောက်က
ဘူတာရဲတပ်ဖွဲ့ကအကြောင်းကြားလို့ကျွန်တော်သွားကြည့်တာခလေးလေးကအထုပ်ကလေးတထုပ်နဲ့ငိုနေတာတွေ့လို့အခုတော့၊လူမှုဝန်ထမ်းအဖွဲ့ကိုဖုန်းဆက်အကြောင်းကြားတာသူတို့ကလက်ခံပါတယ်၊ပို့ပေးပါဆိုလို့အခုရဲတပ်ဖွဲ့နဲ့အတူသွားပို့မလို့ပါ”
ဟု ရပ်ကွက်ကလေးသူငယ်ကာကွယ်စောင့်လျှောက်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ကျော်ဦး ကပြောသည်။
အဆိုပါကလေးငယ်မှာ အသက်
၂-နှစ်ခန့်သာရှိနေသောကြောင့် သက်ဆိုင်ရာဌာနက ပြည်မြို့
အောင်ဆန်းပြည်သာယာရပ်ကွက်အတွင်းမှာ ဆရာလေးတစ်ပါးဖွင့်လှစ်ထားသည့် ရတနာမဉ္ဖူ
မိဘမဲ့ဂေဟာသို့ ပို့ဆောင်ရန် အစီစဉ်များရှိကြောင်းသိရသည်။
“ကလေးကိုလောလောဆယ်ရတနာ့မဉ္ဖူရီကိုပို့မယ်။
တိုင်းရုံးကိုလဲဖုန်းဆက်မယ်။ ကလေးသူငယ်ဖြစ်နေတာကြောင့်၊ညွှန်ချုပ်ဆီကိုလဲဖုန်းဆက်မယ်။
ညွှန်ချုပ်က အခုဒီမှာထားမလား၊ဒါမမဟုတ်ရုံးချုပ်ကိုပိုဆိုရင်လဲ ပို့မှာပါ။” ဟု
လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာန ဒု-ညွှန်မှူး
ဒေါ်သန်းသန်းဌေး ကပြောသည်။
ပြည်မြို့တွင် ၂၀၁၄-ခုနှစ်
ဒီဇင်ဘာလခန့်တွင် ၄-နှစ်အရွယ်အမျိုးသမီးကလေးငယ်လေး တစ်ဦးအား
အဆင့်ဆင့်ရောင်းချခြင်းခံရသည့် ဖြစ်စဉ်မျိုးရှိနေပြီး
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် ဒေသခံသတင်းထောက်များမှ ၄င်းကလေးမငယ်လေးအား
ယခုလို လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးရုံးသို့
သွားရောက်အပ်နှံခဲ့ကြကြောင်းသိရသည်။ယခုဖော်ပြပါ အသက်
၂-နှစ်အရွယ်ကလေးငယ်လေးနှင့်ပတ်သက်ပြီး ဆက်လက်စီစဉ်သွားမည်ဟု
သက်ဆိုင်ရာဌာနများမှသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)၀၉၂၅၃၃၁၁၀၁၉
0 comments:
Post a Comment