နိုင်ငံခြားသားများထံမှ
ငွေတောင်းသည်ဟု လူမှုကွန်ယက်တွင်ဖော်ပြခြင်းကြောင့် ကာယကံရှင်များနှင့်တွေ့ဆုံရှင်းလင်း
ပြည် ဖော်ဖဝါရီ (၃)ရက်
လူမှုကွန်ယက်တွင်နိုင်ငံခြားသားများထံမှ
ငွေငါးသောင်းတောင်းသည်ဟုအကောင့်အတုဖြင့်
အောင်ဆန်းပြည်သာယာရပ်ကွက်-ပြည် ဆိုသော
Group တွင်ရေးသားဖော်ပြခံရခြင်းနှင့်ပတ်
သက်၍ ဖော်ဖဝါရီ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင်
ကာယကံရှင်များနှင့်တွေ့ဆုံရှင်းလင်း
ခဲ့ကြောင်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး
Aungaung Aungaung ဆိုသောအကောင့်မှ အောင်ဆန်းပြည်သာယာ-
ပြည် Groupတွင် ပြည်သာယာအုပ်ချုပ်ရေးမှူး
ဦးစိုးတင့်နှင့်သူ၏နောက်လိုက်ရာအိမ်မှူးများဖြစ်သည့်
မိုးမင်းဆွေ လှမောင်တို့နှင့်မနေ့က(၃၀)ရက်နေ့
ညပိုင်းတွင် အောင်ဆန်းအပိုင်းသပြေပင်အနီးတွင်
အိမ်ငှား ၍ဗီဇာဖြင့်လာရောက်တည်းခိုနေထိုင်သော
အိန္ဒိယနွယ်ဖွားလူမျိုး(၅)ဦးအား ဧည့်စာရင်းမတိုင် ဟုအကြောင်းပြကာ ရပ်ကွက်ရုံးသို့ခေါ်ဆောင်လာပြီး
ပိုက်ဆံ(၅၀၀၀၀ိ/)တောင်းယူသည်ဟုရေး သား
ဖော်ပြ ခဲ့ကြောင်း၊ ရာအိမ်မှူးမင်းဆွေမှအဆိုပါနိုင်ငံခြားသားများအား
နိုင်ထက်စီးနင်းပြောဆိုကြောင်း၊
အဆိုပါတောင်ယူခဲ့သောငွေအား ရပ်ကွက်အတွက်မည်သို့အသုံးချမည်နည်း၊ထိုသို့
တောင်းခွင့် ရှိပါသ
လား၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်အောင်ဖြေပါ
ဟုရေးသားဖော်ပြခဲ့ကြောင်း သိရသည်။
“ကျွန်တော်ရာအိမ်မှူးက အောင်ဆန်းပြည်သာယာလမ်းမတန်းလမ်းမှာ
နိုင်ငံခြားသား(၅)ယောက်
ရောက်နေတယ်ဆိုပြီးပြောတယ်၊ကျွန်တော်စုံးစမ်းတော့လဲဟုတ်တယ်၊ဒါကြောင့်မြို့နယ်အုပ်ချုပ်
ရေးမှူးထံဆင့်ကဲသတင်းပို့လိုက်တာပါ”ဟု
အောင်ဆန်းပြည်သယာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးတင့်
ကပြောသည်။
ထို့ကြောင့်မိမိတို့အုပ်ချုပ်ရေးအဖွဲ့နှင့်လူဝန်မှုကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ပြည်အမှတ်(၃)ရဲစခန်း
မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ခေါ်ယူပြီး၊၄င်းတို့လဝကရုံးသို့စာတင်ပြီးမှနေ
နေထိုင်ရန်ပြောခဲ့ပြီး မည်သူဆီကမှပိုက်ဆံမတောင်းကြောင်း
၎င်းအုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကဆက်လက်
ပြောကြားခဲ့သည်။
“အမှန်တကယ်သူတို့ကို နေထိုင်ခွင့်ပြုထားတာက
စက်ရုံ၊အလုပ်ရုံ၊သီးခြားရှိရင်နေခွင်ပြုလို့ရပါတယ်။ဒါပေမဲ့ ရပ်ကွက်ထဲမှာနေမယ်ဆိုရင်တော့
နိုင်ငံခြားသားကိုလုံခြုံမှုရှိတဲ့နေရာဖြစ်ရမယ်၊နိုင်ငံခြားသားကိုစောင့်ရှောက်
ဖို့တာဝန်ယူမှုရှိသူ ရှိရမယ်၊နောက်ပြီးအဆင့်မှီသောနေရာဖြစ်ရမယ်၊ဒီလိုမှမဟုတ်ဘူးဆိုရင်
ကျွန်တော်တို့ဆီကို
ရုံးပုံစံအတိုင်း အိမ်ရှင်ဖြစ်ဖြစ်၊အိမ်ငှားဖြစ်ဖြစ်၊အနီးကပ်ကြီးကြပ်နိုင်သူဖြစ်ဖြစ်
ခံဝန်ချုပ်နဲ့လျှောက်ရမှာပါ၊အဲဒီလို
ပဲနေထိုင်မဲ့နိုင်ငံခြားသားကလဲ ခံဝန်ချုပ်လုပ်ထားရမှာပါ။ဒါကလဲ
သူတို့နိုင်ငံကမလာခင်ထဲက ဒီစည်းကမ်းတွေ
သိပြီးသားပါ”ဟု ပြည်မြို့နယ်လူဝန်မှုကြီးကြပ်ရေးအဖွဲ့မှ
ဦးစီးမှူးဦးဇော်ဇော်ဦးကပြောသည်။
အဆိုပါရပ်ကွက်ထဲတွင်အိမ်ငှားနေထိုင်သော
MPT မှဘင်္ဂလားဒေ့စ်နိုင်ငံသား(၅)ဦးအား ၊အပြင်အခြားနိုင်ငံခြား
သာ(၂)ဦး၊စကားပြန်(၁)ဦးဖြစ်တဲ့ ဧည့်သည်အားလုံးကိုအုပ်ချုပ်ရေးရုံးသို့ခေါ်၍
ဗီဇာပါရှိသော်လည်း ဘီစီနက်ဘီ စာသည် ရပ်ကွက်ထဲတွင်နေထိုင်၍မရကြောင်း၊အကယ်၍ရပ်ကွက်ထဲတွင်နေထိုင်လိုပါက
ဆိုရှယ်ဘီစာဖြင့်သာ
နေထိုင်ခွင့်ရှိကြောင်း၎င်းက ဆက်လက်ပြော
ကြားသည။်
“၂၉ ရက်နေ့ ညခုနှစ်နာရီခွဲလောက်မှာလာခေါ်တယ်အရေးကြီးလို့ဆိုပြီး၊ညီလေးတို့နေထိုင်တာကိုအကြောင်း
ကြားမထားဘူး၊အိမ်ရှင်ကလဲမပြောထားဘူးအဲဓီအတွက်ရုံးကိုလာခဲ့ဖို့ခေါ်တယ်၊လဝကတွေလဲရောက်နေကြောင်းပြောတယ်။ရုံးရောက်တော့
လဝကအန်တီတစ်ယောက်ရယ်၊အကိုကြီး တစ်ယောက်ရယ်တွေ့တယ်၊ ဒီရပ် ကွက်ထဲမှာနေရင်စာရွက်စာတမ်းနဲ့လျှောက်ထားပြီးမှနေထိုင်ရမယ်၊အဲဒီအတွက်အခုလိုအပ်တဲ့စာရွက်စာတမ်း
တွေပြောတယ်၊လောလောဆယ်တော့နေလို့မရဘူး၊မင်းတို့နေလို့ရတဲ့ဟိုတယ်တစ်ခုခုမှာနေဖို့ပြောတဲ့အတွက်
ကျွန်တော်တို့ဟိုတယ်မှပြောင်းနေလိုက်တယ်။ပိုက်ဆံကတော့ ဘယ်သူမှမတောင်းပါဘူး၊ ပေးလဲမပေးရပါဘူး
”ဟု GTLကုပ္မဏီ(စူပါဗိုက်ဆာ) ကိုမျိုးဇော်ကပြောသည်။
အဲဒီနေ့ညက
ကျွန်တော်တို့တွေအားလုံးပြောင်းပြီး ဟိုတယ်မှာသွားနေကြောင်း၊နောက်နေ့ရုံးဖွင့်ရက်ကျမှစာရွက်
စာတမ်းနဲ့လဝကရုံးသို့သွားရောက်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်းနှင့်လာရောက်စစ်ဆေးသူအားလုံးကို
ကျွန် တော်တို့ပိုက်ဆ့တစ်ပါးမှမပေးရကြောင်း၊ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမသွားကြောင်း
၎င်းကဆက်လက်ပြောကြား ခဲ့သည်။
မှတ်ချက်။ ။အဆိုပါသတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး နိုင်ငံခြားသားများထံမှငွေတောင်းကြောင်း
တိတိကျကျသိပါက
လူကိုယ်တိုင်လာရောက်အင်တာဗျူးနိုင်ပါသည်။
ပြည့်သဲမောင်(ပြည်)09-4236
71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
0 comments:
Post a Comment