ကျေးရွာမီးလင်းရေးဆောင်ရွက်ကြရာ ငွေစာရင်းရှင်းလင်းခြင်းမရှိပဲ အလှူငွေများကောက်ခံနေမှုကြောင့် ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်ခဲ့
ပြည် ဇန်န၀ါရီ ၁၇
အနောက်လက်က္ခုပ္ပင်ကျေးရွာတွင် ကျေးရွာမီးလင်းရေးဆောင်ရွက်ကြရာ လျှပ်စစ်မီးပေးမှုမမျှတမှုတွေကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ ဇန်န၀ါရီ ၁၇ ရက်နေ့ နံနက် ၉-နာရီချိန်ခန့်က ဒုတိယအကြိမ်ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာတွင် ကိုယ်ထူကိုယ်ထကျေးရွာမီးလင်းရေးဆောင်ရွက်ခဲ့ကြစဉ်က ကျေးရွာအတွင်းမီးလင်းရန် အလှူငွေများအား ကျေးရွာမီးလင်းရေးကော်မတီမှကောက်ခံခဲ့ကြပြီး အမှန်တကယ်မီးရလာသည့်အခါ အလှူငွေထည့်ဝင်ထားသည့်နေအိမ်များ၊ငွေစာရင်းရှင်းလင်းခြင်းမမရှိမှုများ နှင့် အလှူငွေများထပ်မံကောက်ခံနေမှုများကြောင့် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပထမအကြိမ် မြို့နယ်လျှပ်စစ်ရုံးရှေ့တွင်းဆန္ဒထုတ်ဖော်ခဲ့ပြီး ထူးခြားမှုမရှိသောကြောင့် ဒုတိယအကြိမ် အနောက်လက်က္ခုပ္ပင်ကျေးရွာမှဒေသခံတစ်ချို့က ယခုလိုဆန္ဒထပ်မံထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။
“မီးလင်းရေးကော်မတီဥက္ကဌက ရွာမှာကောက်ထားတဲ့မီးလင်းရေးအလှူငွေတွေအခုထိ စာရင်းမရှင်းသေးဘူး။ ၂၀၀၇ ခုနှစ်ကတည်းက ငွေတွေကောက်ခံနေတာ။ အခုထိမပြည့်သေးဘူးဆိုပြီးကောက်ခံနေပါတယ်။ တိုင် တာလဲဘာမှလုပ်မပေးဘူး။ တကယ်ဆိုသူတို့ဆီမှာကျွန်တော်တို့ငွေတွေပိုနေပြီ။ အဲဒါတွေကိုတရားဥပဒေအတိုင်းဆောင်ရွက်ပေးပါ။ကျွန်တော့ကို ဗိုလ်ချုပ်ကျောက်ရုပ်မျာပဲ ဆန္ဒပြဖို့တားမြစ်ကြတယ်။ ဗိုလ်ချုပ်က မီးလင်းရေးပိုက်ဆံတွေခိုးထားတာမဟုတ်ဘူး။ဒါ့ကြောင့် မီးရုံးရှေ့မှာဆန္ဒထုတ်ဖော်တာ။ကြိုက်တဲ့ပုဒ်မနဲ့ ကြိုက်သလိုတရားစွဲနိုင်တယ်။” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူ ကိုမျိုးခိုင် ကပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို လွန်ခဲ့သည့်ငါးရက်မှ မြို့နယ်ရဲမှူးထံသို့ ခွင့်ပြုမိန့်တင်ပြခဲ့ရာ ခွင့်မပြုခဲ့ကြောင်းသိရပြီး ပထမအကြိမ်ဆန္ဒထုတ်ဖော်ခဲ့စဉ်က ခွင့်ပြုစာတင်ရန် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေကတားမြစ်ခဲ့၍ ဆန္ဒထုတ်ဖော်မှုရပ်တံ့ခဲ့ရပြီး ယခုအကြိမ်တွင် ခွင့်ပြုမိန့််တင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း သိရသည်။
“သူကခွင့်ပြုမိန့်တင်ပေမဲ့ ဒေသန္တရတားမြစ်ချက် အရ ဋ္ဌာနဆိုင်ရာရုံးတွေရှေ့မှာခွင့်မပြုပါဘူး။ ဒါကြောင့်သူ့ကိုအရေး ယူသွားမှာပါ။” ဟု ပြည်မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်ဇင်မင်းဦးကပြောသည်။
အဆိုပါအနောက်လက်က္ခုပ္ပင်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကစတင်ပြီး ကျေးရွာမီးလင်းရန်အတွက်ဟုဆိုကာ ကျေးရွာမီးလင်းရေးကော်မတီ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က မြေနုကျွန်များအား အကွက်ရိုက်ကာ မြေကွက်ပေါင်း ၁၀၂၈-ကွက်အား အကွက်ရိုက်ရောင်းချခဲ့ကြပြီး ကျေးရွာအတွင်းမီးလင်းရေးအလှူကောက်ခံ ရရှိထားသည့် ၆၇၅၀၀၀၀ိ(ခြောက်ဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်)အား စာရင်းရှင်းလင်းခြင်းမရှိသေးမှုများကြောင့်ယခုလိုဆန္ဒထုတ်ဖော်နေရခြင်းများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆-ရက်နေ့တွင်ကျေးရွာအတွင်းမီးများစတင်လင်းခဲ့ပြီး အိမ်ခြေပေါင်း ၂၈၀-ခန့်ရှိသည့်ကျေးရွာတွင် အိမ်ခြေပေါင်း ၃၀-ခန့်သာမီးလင်းနေခြင်းများကြောင့် ဆန္ဒထုတ်ဖော်ခဲ့ရတာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှသိရသည်။
K3(pyay) ဒီမိုကရေစီတူဒေးသတင်းစာ
0 comments:
Post a Comment