Sunday, January 3, 2016

အနောက်လက္ခုပင်အုပ်စု ဇရစ်ချောင်ကျေးရွာတွင် ရပ်မိရပ်ဖရွေးချယ်ရာ မဲစနစ်လက်ခံတဲ့ပြည်သူများရှိသလို မဲစနစ်အားလက်ခံသည့်ပြည်များရှိနေ

Leave a Comment

အနောက်လက္ခုပင်အုပ်စု ဇရစ်ချောင်ကျေးရွာတွင် ရပ်မိရပ်ဖရွေးချယ်ရာ
မဲစနစ်လက်ခံတဲ့ပြည်သူများရှိသလို မဲစနစ်အားလက်ခံသည့်ပြည်များရှိနေ
ပြည် ဒီဇင်ဘာ (၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် အနောက်လက္ခုပင်အုပ်စုတွင် 
အုပ်ချုပ်ရေးဆိုင်ရာကြီးကြပ်မှု အတွက် ရပ်မိရပ်ဖရွေးချယ်ရာ (၂)ကြိမ်တိုင်
တိုင် ရွေးချယ်ခဲ့သော်လည်း ရပ်မိရပ်ဖအတည်ပြုနိုင်ခြင်းမရှိ သေးကြောင်း 
သိရသည်။

အဆိုပါ အနောက်က္ခုပင်အုပ်စု ဇရစ်ချောင်တွင် ဒီဇင်ဘာ(၂၉) ရက်နေ့ နှင့် 
(၃၀)ရက်နေ့တွင် ဇရစ်ချောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းဓမ္မာရုံ၌ 
ရပ်မိရပ်ဖ ဦးပွားနှင့်ဦးဝင်းရွှေတို့အား ကျေးရွာမှပြည်သူအချို့ကတင်မြှောက် 
ခဲ့သော်လည်း အချို့သောပြည်သူများကကန့်ကွက်ခဲ့ပြီး ဦးကျော်ထွေး အား 
တင်မြှောက်ခဲ့ကြောင်းသိရသည်။

“ကျနော်တို့က မဲစနစ်နဲ့ရွေးချယ်မယ်ဆိုတော့လဲ ဦးမြင့်အောင်တို့ကလက်မခံ 
ဘူး။အမှန်တကယ် အများပြည်သူ ကြည်ညှိုလေးစား သူကိုသာတင်မြှောက်ဖို့
ဆွေးနွေးတော့လဲသူတို့ကလက်မခံဘူး။ကျေးရွာရဲ့အနာဂါတ်ကို ရှေ့ရှုပြီးကျေး
ရွာရှိပြည်သူများသဘောတူညီမှု့ကိုသာ မဲခွဲပြီး အနိုင်ရရှိသူကို သာရွေး ချယ်သင့်
တယ်”ဟုကျေးရွာ သားတစ်ဦးဖြစ်တဲ့ ကိုဖိုးရှိန်ကပြောသည်။

သူတို့အခုကန့်ကွက်နေတာ လူနည်းစုဖြစ်ပြီး အမှန်တကယ်ရပ်ရွာအတွက် သာရေးနာရေးများမှာစွမ်းစွမ်းတမံပါ ဝင်သော သူမျိုးကိုသာ ရပ်မိရပ်ဖဖြစ် 
သင့်ကြောင်း၊နိုင်ငံတော်ကလဲ မဲစနစ်နဲ့ရွေးချယ်ရမယ်ဆိုတာရှိကြောင်း၊အများ သဘောတူလက်ခံသောသူသာရပ်မိရပ်ဖဖြစ်သင့်ကြောင်း လည်းကောင်းက 
ဆက် လက်ပြောသည်။
ရပ်ကွက်ကျေးရွာအလိုက်ရပ်မိရပ်ဖများ အရင်ဆုံးရွေးချယ်ပြီး ၄င်းရပ်မိရပ်ဖ 
များက ဆယ်အိမ်မှူးများ ၊ရာအိမ်မှူး များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ကိုအဆင့်
ရွေးချယ်ပေးရမှာဖြစ်ပြီး၊ရပ်ကွက်/ကျေးရွာရပ်မိ/ရပ်ဖရွေးချယ်ရာတွင် လည်း နာယကဂုဏ်(၆)ပါးနှင့်ညီးသော ရပ်မိရပ်ဖများအား ဦးစားပေးရွေးချယ်ရမည်
ဖြစ်ကြောင်းသိရသည်။

“အဒီကတော့လူကို ကန့်ကွက်တာမဟုတ်ပါဘူး။ဒါပေမဲ့ အသက်အရွယ် ငယ် ရွယ်တဲ့ခေတ်ပညာတတ်တွေကို ပုခုံးပြောင်းတာဝန်ပေးချင်တယ်။ ဒါမှလဲ ရပ် ကွက်ကျေးရွာဖွံ့ဖြိုးတိုးတတ်မယ်။ဗိုလ်ဦးစီးစနစ်နဲ့ပြီးခဲ့တဲ့တာဝန်ထမ်းဆောင်ပြီး
သားတွေကို ပြန်ခန့်တာ၊သူတို့သတ်မှတ်ထားတဲ့သူနဲ့ရပ်မိရပ်ဖကိုရွေးတာဖြစ်တဲ့
အတွက်လုံးဝလက်မခံ နိုင်တာပါ”ဟု ဇရစ်ချောင်ကျေး ရွာနေပြည်သူ တစ် ဦးဖြစ်
တဲ့ ဦးမြင့်အောင်ကပြောသည်။

ရပ်မိရပ်ဖဆိုပေမဲ့ ဒီရပ်မိရပ်ဖတွေကပဲ ဆယ်အိမ်မှူးရာအိမ်မှူး အုပ်ချုပ်ရေးမှူး ဆိုပြီးအဆင့်ဆင့်ရွေးသွားမှာဖြစ် ကြောင်း။ဒါကြောင့်အစထဲက သူတို့ချုပ်ကိုင် 
လို့ရတဲ့သူတွေကို ရပ်မိရပ်ဖထားခြင်းဖြစ်ကြောင်း၊ အနောက်လက္ခု ပ္ပင် အရှေ့ 
ပိုင်းကတစ်ဦး အနောက်ပိုင်းကတစ်ဦး၊ဇရစ်ချောင်ကလဲ ဒီလိုပဲအရှေ့ပိုင်းတစ်ဦး 
အနောက်ပိုင်းတစ်ဦး ၊ရှမ်းစုကတစ်ဦးစုစုပေါင်းငါးဦးရွေးချယ်ရ မှာဖြစ်ေ ကြာင်း၊ ပထမတစ်ကြိမ်ကလဲရွေးပြီးအတည်ပြုပြီးတဲ့အတွက်အခုမဲစနစ်တင်မကဘူး 
ဘာစနစ်မှလက်မခံတော့ကြောင်းလည်းကောင်းကဆက်လက်ပြော
သည်။
၎င်း ရပ်မိရပ်ဖရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ 
တစ်ဦးအားမေးမြန်းရာ “အုပ်ချုပ်ရေး မှူးရွေးချယ်မှုကို လွှတ်တော်မှာရပ်နား ထားတယ်လို့သတင်းပြန်လာတယ်။နောက်အစိုးရသက်တမ်းအထိလက်ရှိ အုပ်ချုပ် ရေးရွေးချယ်တာကိုရပ်ဆိုင်းထားပြီး၊အစိုးရသက်တမ်း(၃၁)ရက်နေ့
နောက်ပိုင်းမှပြန်ရွေးမယ်လို့သတင်း ပြန်တက်လာတာတွေ့ရတယ်”ဟု ရပ် 
ကွက်အုပ်ချုပ်ရေး ရပ်မိ/ရပ်ဖရွေးချယ်ရေးအဖွဲ့တွင်ပါဝင်သူ အရာရှိတစ်ဦး
ကပြောသည်။

ဥပဒေအရဆိုရင် ရပ်ကွက်ထဲမှာသြဇာညောင်းသူ ၊သမာဓိရှိသူ ရပ်မိ / ရပ်ဖ ငါးဦးကို ပြည်သူပြည်သားတွေကရွေးရ မည်ဖြစ်ကြောင်း၊ရွေးချယ် ခံထားရ 
 တဲ့ရပ်မိရပ်ဖငါးဦးက ဆယ်အိမ်တစ်စု ဆယ်အိမ်မှူးတွေကိုရွေးရမယ်၊ဆယ် 
အိမ်မှူးတွေထဲကမှ ရပ်ကွက်ကျေးရွာနေ ပြည်သူများ ကရပ်ကွက်အုပ်ချုပ်ရေးမှူး
ကို မဲပေးရမှာဖြစ်ကြောင်း၊အဲဒီမဲ ရေအတွက်အများဆုံးသူကမှအုပ်ချုပ်ရေး မှူးဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page