[Zawgyi]
၁) mVoter 2015
==========
၂) Mae
=====
၃) MaePaySohKoeKoe
=================
၎) Doh Sanda
=========
-အမေးအဖြေများ
-မဲစာရင်းစစ်ခြင်း
၅) Mae Pay Mal
=============
၆) မဲစာရင်း app
============
=====================
========================
[Unicode]
၁) mVoter 2015
==========
ယခု နောက်ဆုံးထွက်ရှိလာတာကတော့ ဖန်တီးရာ MaePaySoh မဲပေးစို့ Hackathon ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ Popstack ( http://www.fb.com/mvoter2015 ) အဖွဲ ့ရဲ ့ mVoter 2015 app ပဲဖြစ်ပါတယ်။ မဲပေးမဲ့သူတွေ အတွက်လိုအပ်တဲ့ အချက်အလက်များကို တစ်နေရာတည်းပြပေးတဲ့ app ဖြစ်ပါတယ်။ လူပဲကြည့်ကြည့်၊ ပါတီကိုပဲကြည့်ကြည့် mvoter နဲ့ကြည့်လို့ဆိုထားပါတယ်။
- သင်မဲပေးရမယ့် ကိုယ်စားလှယ်လောင်းတွေကို တိတိကျကျ သိနုင်မယ်
- ရွေးကောက်ပွဲမှာ ပါဝင်တဲ့ ပါတီတွေရဲ့အချက်အလက်တွေ
- ကိုယ်စားလှယ်လောင်းနဲ့ ပါတီတွေကို ရှာလို့ရမယ်
- မဲပေးရမဲ့သူစာရင်း စစ်နိုင်မယ်
- ဘယ်လိုမဲပေးရမယ်ဆိုတာ တစ်ဆင့်ချင်း အချက်ကျကျ ရှင်းပြထားတယ်
- ရွေးကောက်ပွဲ ဘယ်လို အလုပ်လုပ်တယ်ဆိုတဲ့ မေးခွန်းတွေကို ဖြေထားတယ်
- ပဲမဲ၊ ခိုင်လုံမဲ ဥပမာတွေကို ကြည့်နိုင်မယ်
အောက်ပါ လင့်များကနေ download လုပ်ယူနိုင်ပါတယ်။ iOS အတွက်လဲမကြာခင်ထွက်ရှိလာမည်လို့ဆိုပါတယ်။
Play Store: http://bit.ly/1Oc7sBm
Play Store မရှိသူများအတွက် Direct download: http://bit.ly/mvoter-apk
၂) Mae
=====
နောက် app တစ်ခုကတော့ ၄င်း Hackathon ပြိုင်ပွဲမှာပဲ ဒုတိယဆုရရှိခဲ့တဲ့ SSYGM အဖွဲ ့က ရေးသားတဲ့ Mae App ပဲဖြစ်ပါတယ်။ ၂၀၁၅အထွေထွေရွေးကောက်ပွဲအတွက် ပြီးပြည့်စုံသော လမ်းညွှန်။ ပါတီများအား လေ့လာနိုင်ခြင်း၊ ကိုယ်စားလှယ်လောင်းများအား နှိုင်းယှဉ်နိုင်ခြင်း နှင့် မဲဆန္ဒရှင်များ သိသင့်သိထိုက်သည်များ အားလုံးပါဝင်တယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ အကြိုက်ဆုံး feature ကတော့ တံဆိပ်တုံးအစမ်းထုကြည့်လို့ရခြင်းပဲဖြစ်ပါတယ်။
- မဲစာရင်းတွင် ပါမပါ စစ်ဆေးခြင်း၊
- မဲပေးရမည့် နေ့ရက်နှင့်အချိန်အား သတိပေးခြင်း
- မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်သည့် ကိုယ်စားလှယ်လောင်းများအား လေ့လာနိုင်ခြင်း
- အမတ်ဖြစ်ဖူးခဲ့ပါက ယခင် သက်တမ်းလုပ်ဆောင်ချက်များကို ကြည့်ရှုနိုင်ခြင်း
- ကိုယ်စားလှယ်လောင်းများအား နှိင်းယှဉ်နိုင်ခြင်း
- မဲပေးရာတွင် လုပ်ဆောင်ရမည့်အဆင့်ဆင့် နှင့် တံဆိပ်တုံနှိပ် မဲပေးခြင်းအား လေ့ကျင့်နိုင်ခြင်း
- မဲပေးပြီ:ပါက လူမှုကွန်ရက်များတွင် မိမိပေးခဲ့သော ပါတီနှင့် ကိုယ်စားလှယ်လောင်းအား မျှဝေနိုင်ခြင်း
အောက်ပါ လင့်ကနေ download လုပ်ယူနိုင်ပါတယ်။
Play Store: https://play.google.com/store/apps/details?id=org.mmaug.mae
၃) MaePaySohKoeKoe
=================
တတိယဆုရရှိတဲ့ MaePaySohKoeKoe app ကတော့ Play Store ကို မရောက်လာသေးပါဘူး။ ရောက်လာတာနဲ့ကျွန်တော်တို့ တင်ပေးသွားမှာဖြစ်ပါတယ်။
၄) Doh Sanda
=========
အားလုံးထက်အရင် Play Store ရောက်ရှိလာတာက အရင်က ကျွန်တော်တို့ Page မှာတင်ဖူးတဲ့ ကိုမျိုးဇော်ဦး နဲ့ ကိုအာကာအောင် ရေးသားထားတဲ့ ဒို့ဆန္ဒ Doh Sanda App ပဲဖြစ်ပါတယ်။ အောက်ပါ တို့ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
-ရွေးကောက်ပွဲနေ့ရောက်ရန် ရက် သတိပေးမှူ
-မဲဆန္ဒရှင် သိသင့်သမျှ
-ကိုယ်စားလှယ်များ နှင့် နိုင်ငံရေးပါတီများ
-အမေးအဖြေများ
-မဲစာရင်းစစ်ခြင်း
-ခိုင်လုံမဲ၊ ပယ်မဲ ရွေးချယ်နိုင်သည့်ကစားနည်း
အောက်ပါ လင့်ကနေ download လုပ်ယူနိုင်ပါတယ်။
Play Store: https://play.google.com/store/apps/details?id=com.dohsanda.dohsanda
၅) Mae Pay Mal
=============
မဲပေးမယ် App သည် လွှတ်တော်ကိုယ်စားလှယ်များ၏ အချက်လက်များ၊ မဲပေးခြင်း ဆ်ိုင်ရာဗဟုသုတ နှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ သိရှိစေရန် ရည်ရွယ် ဖန်တီးထားပါသည်။ ရွေးကောက်ပွဲ ဆိုင်ရာဗဟုသုတ ဗွီဒီယိုများ လည်းပါ၀င်တာ တွေ့ရှိရပါတယ်။
အောက်ပါ လင့်ကနေ download လုပ်ယူနိုင်ပါတယ်။
Play Store: https://play.google.com/store/apps/details?id=com.waiyan.maepaysoh
၆) မဲစာရင်း app
============
မဲစာရင်း app ကတော့ မဲစာရင်စစ်ဖို့ရန်အတွက် အားလုံးထက်အရင်ထွက်ရှိခဲ့ပါတယ်။ Online ကနေ မဲစာရင်း စစ်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အမည်နှင့် မှတ်ပုံတင်နံပါတ်ကို ထည့်၍ မဲစာရင်းတွင် မိမိအမည် ပါမပါ စစ်ဆေးနိုင်ပြီး
မှတ်ပုံတင်နံပါတ်မေ့နေပါက မွေးသက္ကရာဇ်ဖြင့်လည်း ရှာနိုင်သည်။
မဲစာရင်နှင့်သက်ဆိုင်သည့် အသိပေးစာများ၊ ကြေငြာချက်များအား ထည့်သွင်းပေးထားပြီး၊ မဲစာရင်းနှင့်သက်ဆိုင်သည့် ပုံစံ-၃၊ ပုံစံ-၄၊ ပုံစံ-၄(ဂ) တို့အားလည်းထည့်သွင်းပေးထားတာတွေ့ရပါတယ်။
အခုအချိန်မှာ မဲစာရင်းစစ်ကာလလွန်သွားပေမဲ့ တစ်စုတစ်စည်းထဲဖြစ်အောင်တင်ပေးလိုက်ပါတယ်။
အောက်ပါ လင့်ကနေ download လုပ်ယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=mm.co.aty.android.voterlist
၇) ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ
=====================
ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားတဲ့ ဥပဒေ နဲ့ နည်းဥပဒေများကို ကြည့်ရှူနိုင်မည့် app ဖြစ်ပါတယ်။
For Android apk download:
https://www.dropbox.com/s/gkxvhl1l04utmw6/uec_law.apk?dl=0
http://uecmyanmar.org/images/uec-law.zip
၈) Election Fraud Reporting App
========================
ခိုင်လုံတဲ့ သတင်းရပ်ကွက် ကရရှိထားတဲ့သတင်းအရ ရွေးကောက်ပွဲ မတရားပြုကျင့်မှူများ၊ မဲဆွယ်မဲပေး မသမာမှူများ၊ Code of conduct (CoC) ဖောက်ဖျက်မှူများ ကို မဲဆန္ဒရှင်ပြည်သူများသာမက၊ သတင်းမီဒီယာမာျးကပါ အများပြည်သူသိရှိအောင် ရေးသား သတင်းတင်ပို့နိုင်မည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် app တစ်ခု မကြာမီ ရွေးကောက်ပွဲအမှီထွက်ရှိလာမည်လို့ကြားသိရပါတယ်။ ထွက်ရှိလာတာနဲ့ တင်ပေးသွားမှာဖြစ်ပါတယ်။
2015 Myanmar Election မှ ပြန်လည်ကူးယူဖော်ပြပါသည်။
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment