Wednesday, October 7, 2015

အမျိုးသားခေါင်းဆောင် အာဇာနည် သခင်မြ ၁၁၈ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်မွေးရပ်မြေတွင်ကျင်းပပြုလုပ်

Leave a Comment



ထုံးဘို အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သခင်မြ မွေးရပ်ဇာတိမြေဖြစ်သည့် ထုံးဘိုမြို့တွင် အောက်တိုဘာ ၇ ရက်နေ့က သခင်မြ ၁၁၈ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းတစ်ခုအား ဒေသခံပြည်သူများပှုပေါင်း၍ ထုံးဘိုမြို့ သခင်မြကြေးရုပ် အနီး သာသနာ့ဗိမာန်တော်မှာ အခမ်းအနားအစီစဉ် ၉ ခုဖြင့်ဖွင့်လှစ်ကျင်းပပြုလုပ်ခဲ့သည်။



“ကျမ ၅ နှစ်အရွယ်လောက်မှာ သာယာဝတီက ကိုကိုမြတို့အိမ်ရောက်ခဲ့တယ်။အဲဒိနောက်ပိုင်း ချောက်ဘက်မှာ ဗိုလ်ချုပ်နဲ့ကိုကိုမြ တို့တရားဟောဖို့သွားတော့ ဟောပြောပွဲမှာ ဗိုလ်ချုပ်ကို နောက်ကနေ ကိုကိုမြက ဟေ့ကောင် ဖြေးဖြေးပြော မှားမယ် လို့ခဏခဏသတိပေးတယ်။ဗိုလ်ချုပ်ကမရဘူးအားမာန်အပြည့်နဲ့ဆက်ဟောနေတော့ ကိုကိုမြက ဟေ့ကောင် အောင်ဆန်း တော်တော့ လို့ပြောလိုက်မှရပ်သွားတယ်။ဗိုလ်ချုပ်က ကိုကြီးမြလို့ခေါ်လေ့ရှိတယ်။ ကိုကိုမြကတော့ ဗိုလ်ချုပ်ကို အောင်ဆန်း ဟေ့ကောင် အဲလိုမျိုးခေါ်ပါတယ်။ အဲဒိနောက်ပိုင်း ကိုကိုမြ လုပ်ကြံခံရတဲ့နေ့ရောက်တော့ တစ်ခါနူတ်မဆက်ဘူးတဲ့ ကိုကိုမြကသူ့ဇနီးကို နူတ်ဆက်စကားပြောနေချိန် ကျမကလည်း ထမင်းချိုင့်ကိုကိုမြကို သွားပိုခဲ့တယ်။ပြီးတော့ ကိုကိုမြ ကားနဲ့သွားဖို့ ကားထုတ်နေစဉ် ကားနောက်ပိုင်းတစ်နေရာတိုက်မိတယ်။နမိတ်မကောင်းဘူးဆိုပြီး ကိုကိုမြဇနီးက နေ့လည်မှသွားဖို့တာတယ်။ဒါကို ကိုကိုမြက နေ့လည်မှသွားလို့မရဘူး ဟိုမှာအောင်ဆန်းတို့စောင့်နေတယ်ဆိုပြီးပြောသွားတယ်။ သွားပြီး နာရီဝက်လောက်ကြာမှာဖုန်းဝင်လာတယ်။ကျမဖုန်းကိုပြီး ထူးလိုက်တော့ တစ်ဖက်က ဆရာရယ်  ဆရာရယ် ဆိုပြီးဆက်မပြောပဲတစ်နေတယ်။ပြီးမှ ကိုကိုမြဆုံးသွားပြီဆိုတာသိလိုက်ရတယ်။ဆေးရုံတန်းလိုက်တယ်။အဲဒိအချိန်ကျမအသက် ၁၇ နှစ်ပါ။ ကိုကိုမြဇနီးကတော့ ကိုကိုမြဆုံးတယ်လို အသိမိတ်ဆွေတွေမေးတဲ့ချိန် မဆုံးပါဘူးလို့ စိတ်ဆင်းရဲမှာဆိုးလို့လိမ်ပြောခဲ့တာ။အဲဒိနောက်ပိုင်း အိမ်ကို ဦးစောသမီး ဘေဘီစောလာတယ် ကျမလည်းမိတော့ဝင်ခွင့်ပြုလိုက်တယ်။ခဏနေတော့ ကိုကိုမြဇနီး မမထွက်လာတယ်။တက်ခေါက်လိုက်ပြီး ဘာလို့လာတာလည်းမေးတော့ ကျမကကြားက၀င်ပြီး မမရယ်ဝင်ခွင့်ပြုလိုက်ပါလို့ပြောလိုက်တော့။ဘေဘီစောက ဖေဖေတစ်ယောက်တည်းပါတာမဟုတ်ပါဘူး ကိုနေ၀င်းလည်းပါတယ်လို့ မမကိုပြောလိုက်တဲ့အချိန်မှာ မမချုံးပွဲချငိုတော့တာပဲ။အခုကျမအသက် ၈၆ နှစ်ရှိပါပြီ။ ” ဟု သခင်မြမိသားစုနှင့်အတူတူနေထိုင်ခဲ့သူ အဖွားဒေါ်စန်းမြင့် ကအဆိုပါအခမ်းအနားတွင် ပြောသည်။

အဆိုပါ အာဇာနည်ကိုးဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊သခင်းမြ၊မန်းဘခိုင်၊မိုင်းပွန်စော်ပွားကြီး စ၀်စံထွန်း၊ဦးဘချို၊ဦးရာဇတ်၊ဦးဘ၀င်း၊ဦးအုန်းမောင် နှင့် ရဲဘော် ကိုထွေး တို့ထဲတွင် တစ်ဦးအပါဝင်ဖြစ်သည့် အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ၏ ၁၁၈ နှစ်မြောက် မွေးနေ့အခမ်းအနားအား ထိုနေ့ နံနက် ၅ နာရီအချိန်မှစတင်ကာ ပင့်သံဃာ ၁၃ ပါးအား အာရုံဆွမ်းများလှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထူစုံလျှင်စွာ ဆက်ကပ်ခြင်းများကျင်းပပြုလုပ်ခဲ့သည်။



“ကွယ်လွန်သွားသူ ရဲ့ မိသားစုဆွေမျိုးတွေဟာ ကွန်လွန်သူတစ်ဦးအတွက်မွေးနေ့အထိမ်းအမှတ်လုပ်တဲ့ပွဲပါ။နိုင်ငံအတွက်လွတ်လပ်ရေးရအောင်လုပ်ဆောင်ခဲ့ရင်း အသက်ပေးစွန့်လွတ်ခဲ့ရသူတစ်ဦးပါ။ မြန်မာနိုင်ငံဆိုတဲ့မိသားစုကြီးထဲက မိသားစုတစ်ဦးခုလိုကျဆုံးသွားတာဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့သူတွေအားလုံးနဲ့သက်ဆိုင်ပါတယ်။ဂုဏ်ပြုထိုက်သူကို ဂုဏ်မပြုသင့်ဘူးလား။ဒါ့ကြောင့်ကျွန်တော်တို့တွေဂုဏ်ပြုခဲ့ပွဲလုပ်ခဲ့ရတာပါ။” ဟု ထုံးဘိုတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက အခမ်းအနားတွင်ပြောကြားခဲ့သည်။



အဆိုပါအခမ်းအနားတွင် သခင်မြ မွေးရပ်ဇာတိမြေ ထုံးဘိုမြို့ရှိဒေသခံများအပါဝင် သခင်မြ ဆွေမျိုးများတက်ရောက်ခဲ့သည်။၎င်းမြို့ရှိ သခင်မြနေထိုင်ခဲ့သည့် နေအိမ်မှာတော့ မှုလ ပန်းခြံလေးဖြင့်ပြုလုပ်ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်း ယခင်စစ်ထောက်လှမ်းရေးမှ တပ်စခန်းခေတ္တခဏဖွင့်လှစ်ခဲ့ပြီး  ထောက်လှမ်းရေးများပိတ်သိမ်းပြီးမကြာမှီမှာ  ပဲခူးတိုင်းပင်မ တောင်ငူဘက်တွင်ရှိသည့် ထောက်လှမ်းရေးတပ်မှ သခင်မြနေအိမ်အား လေလံပစ်ရောင်းချလိုက်ကြောင်းသိရသည်။ယခုလက်ရှိမှာတော့ တခြားမိသားစုများနေထိုင်လျှက်ရှိကြောင်းဒေသခံများထံမှသိရသည်။



“ အရင်ကအခုလိုအခမ်းအနားမကျင်းပခဲ့ပါဘူး။အခုမှကျင်းပခဲ့တာပါ။ရပ်မိရပ်ဖတွေနဲ့မြို့ခံလူငယ်တွေတိုင်ပင်လာမှုနဲဖြစ်မြောက်လာခဲ့တာပါ။မျိုးဆက်သစ်လူငယ်တွေသိလာအောင်အဓိကကျင်းပတဲ့ပွဲပါ။အာဏာပိုင်တွေအနေနဲ့တော့ပူးပေါင်းကြပါတယ်။အလှူငွေတော့ထည့်ပါတယ်။အထက်တန်းကျောင်းသားတွေ ဒီပွဲကိုတက်ရောက်စေချင်ပါတယ်။ဖိတ်ကြားထားခဲ့ပေမယ်တက်ရောက်လာခဲ့ခြင်းမရှိပါဘူး။ပထမသခင်မြ အိမ်ကနေ သစ်ဆိုင်ဖြစ်သွားခဲ့တယ်။ပြီးတော့ထောက်လှမ်းရေးတွေနေခဲ့တယ်။အခုတခြားမိသားစုတွေနေထိုင်နေတယ်။ ကျွန်တော်တို့အဲဒိသခင်မြနေခဲ့တဲ့အိမ်မရခဲ့တောင် မြေနေရာရအောင်ကြိုးစားသွားမယ်။ပြီးရင်ပြတိုက်သဘောမျိုး နောင်မျိုးဆက်သစ်တွေအတွက်လုပ်ဆောင်သွားဖို့ရှိပါတယ်။အခုမြေနေရာကလည်း မြေစာရင်းမှာအရှုပ်အရှင်းတွေဖြစ်နေပါတယ်။သခင်မြအိမ်မြေနေရာကိုပြန်လိုချင်ပါတယ်။မြေနေရာပြန်ရရင်အားလုံးပြီးပါပြီ။သခင်မြနေသွားတဲ့နေအိမ်ကအခုသုံးဆင့်ပြောင်းလည်းသွားပါပြီ။ ” ဟု ထုံးဘိုတိုက်နယ် အထက်တန်းကျောင်းအုပ်ကြီး အငြိမ်းစား ဦးကြည်လှိုင်ကပြောသည်။



အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသူ ဒေသခံပြည်သူနှင့်ကျောင်းသား/သူတစ်ချို့ ၁၂၀ ခန့်မှ တစ်မိနစ်ငြိမ်သက်ခြင်း၊ထုံးဘိုတိုက်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေမှအဖွင့်အမှာစကားပြောကြားခြင်း၊သခင်မြ ၁၁၈ မွေးနေ့အထိမ်းအမှတ်စကားအား ဆရာဦးကြည်လှိုင်မှပြောကြားခြင်း၊သခင်မြဘ၀ဖြစ်စဉ်အား ဆရာဦးစိုးလှိုင်မှရှင်လင်းပြောကြားခြင်း၊သခင်မြမိသားစုနှင့်အတူနေဖူးသူ အဖွားဒေါ်စန်းမြင့်သူ၏ကိုယ်တွေ့အတွေ့အကြုံများပြန်လည်ရှင်းလင်းပြောကြားခြင်း၊ဆရာဦးမျိုးညွှန့်မှ (ဇာနည်ပုံရိပ်) ခေါင်းစဉ်ဖြင့် ဂုဏ်ပြုစကားပြောကြားခြင်း၊အဆိုပါဖြစ်မြောက်ရေးကော်မတီ ကိုယ်စား ကိုနန္ဒအောင်မှကျေးဇူးတင်စကားပြောကြားခြင်းများဖြင့် အခမ်းအနားအား ထိုနေ့ နံနက် ၁၁ နာရီ ချိန်ခန့်တွင်ပြီးဆုံးခဲ့သည်။



K3(pyay)
ဒီမိုကရေစီတူဒေးသတင်းစာ

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page