ပြည်ခရိုင်တွင်းတွင် ပြည်သူ့လွှတ်တော်အတွက် (၆)နေရာ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် (၁၂)နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၂)နေရာ စုစုပေါင်းနေရာ(၂၀)ရှိပြီး ထိုနေရာများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်လောင်း(၉၆)ဦးနှင့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(၁)ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်းပေါင်း(၉၇)ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲနီးကပ်လာသည့်နှင့်အမျှ ပြည်မြို့တွင် အင်အားကြီးပါတီနှစ်ခုမှ မဲဆွယ်မှုလုပ်ငန်းများအရှိန်မြှင့်တင်ပြုလုပ်လာကြသည်။
ပြည်ခရိုင်တွင်းပထမအကြိမ်ကြေငြာသော မဲဆန္ဒရှင်စာရင်းမှ (၆၄၂၈၅၈)ဦးဖြစ်ပြီး ယခုကြေငြာသောစာရင်းတွင် (၆၆၄၁၆၀)ဦးထိ တိုးမြင့်၍ ပါဝင်လာခဲ့သည်။
ပြည်သူများအနေဖြင့်မိမိ ကြိုက်နှစ်သက်ရာ ပါတီများကို လွတ်လပ်စွာ ဆန္ဒမဲများပေးနိုင်ပါသည်။
ဆက်လက်လက်၍ ပြည်သတင်းမှ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ဘက်မလိုက်ပဲ ဆက်လက်ဖော်ပြပေးသွားပါမည်။
သတင်းနှင့်ဓာတ်ပုံများ သီဟလွင်
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment