Sunday, October 4, 2015

သစ်ပင်လှဲရာမှအမျိုးသမီးတစ်ဦး သစ်ကိုင်းရိုက်မိ၍သေဆုံး

Leave a Comment



အောက်​တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်မြို့နယ် ဥသျှစ်ပင်နယ်မြေ ရဲစခန်းအပိုင်ကျွဲကြီးကျေးရွာအနီး သူရဲတန်းကြိုးဝိုင်းအတွင်းအမျိုးသမီးတစ်ဦး သစ်ပင်လှဲရာမှသစ်ကိုင်းရိုက်မိ၍ အောက်တိုဘာ(၃) ရက်နေ့
နံနက်(၁၀)နာရီအချိန်ခန့်၌သေဆုံးခဲ့ကြောင်းသိရသည်။
ပဲတောင်းမြို့နယ်၊ဥသျှစ်ပင်နယ်မြေရဲစခန်းအနောက်ဘက်(၂၄)မိုင်ခန့်အကွာ ကျွဲကြီးကျေးရွာအနီး သူရဲတန်းကြိုးဝိုင်းအတွင်း၌ အမျိုးသမီးတစ်ဦး သစ်ကိုင်းရိုက်၍ သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ညောင်ပင်ကျိုး ရဲကင်မှူး ရဲအုပ်သန့်ဇင်၊ ဒုတက ညီဝင်းဌေး၊ရဲတသ ဇေယျာအောင်၊ပုဂံကွဲ
ကျေးရွာဆယ်အိမ်မှူး ဦးကျော်စိုးမိုးတို့နှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေး ခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးရာ ကျွဲကြီးကျေးရွာနေ ထွန်းနောင်(၃၅)နှစ်(ဘ)ဦးမြငွေ ကျဘမ်းလုပ်သူနှင့် ၄င်း၏ဇနီးဖြစ်သူ မတင်တင်နွဲ့(၃၃)နှစ် (ဘ)ဦးအောင်ငြိမ်း ကျဘမ်းလုပ်၊ကျွဲကြီးကျေးရွာနေသူတို့နှစ်ဦးမှာ ထင်းအဖြစ်အသုံးပြုရန်အတွက် ငါးမန်းလွှဖြင့်သစ်ပင်လှဲရာ သစ်ပင်မှာ မြေသို့မကျဘဲ နွယ်ဖြင့်ချိတ်ကာ မတင်တင်နွဲ့၏ဦးခေါင်းဝဲဘက်သို့ လာရောက်ရိုက် မိသဖြင့် မတင်တင်နွဲ့တွင် ဦးခေါင်းဝဲဘက်နောက်စေ့ပေါက်ပြဲ ဒဏ်
ရာရရှိကာ သေဆုံးသွားသည်ကို ၄င်း၏ခင်ပွန်းဖြစ်သူ ထွန်းနောင်မှပုဂံ ကွဲရွာဆယ် အိမ်မှူး ဦးကျော်စိုးမိုးထံ အကြောင်းကြားခဲ့သည်ဟု ရဲမှတ်တမ်း အရသိရသည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ မတင်တင်နွဲ့သေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးပေးပါရန် ရဲအုပ် သန့်ဇင် မှ တိုင်တန်းခဲ့သဖြင့်ဥသျှစ်ပင်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၈/၂၀၁၅)ဖြင့် အမှုရေးဖွင့်ဆောင် ရွက်ကာ အမှုအား စခန်းမှုး ရဲအုပ်ဝင်းဆန်းမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)
09 4236 71883
ပြည်ခရိုင်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page