ဇော်မင်းထိုက်
7Day DaiLy
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းဇုန်ဧရိယာအတွင်း ပါဝင်နေခြင်း ကြောင့် ပြည်မြို့ရှိ ပြည်လေယာဉ် ကွင်းတွင် လေယာဉ်များပြန်လည် ပြေးဆွဲရန် မဖြစ်နိုင်တော့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူက ပျူရှေးဟောင်းမြို့များစီမံ ခန့်ခွဲမှုဆိုင်ရာ အစီအစဉ်ရှင်းလင်း ဆွေးနွေးပွဲ၌ ပြောကြားသည်။
လေယာဉ်များပြန်လည်ပြေး ဆွဲမည်ဆိုပါက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မှုအပေါ် ထိခိုက်သွား နိုင်၍ ပြေးဆွဲရန်မဖြစ်နိုင်ခြင်းဖြစ် သည်။
အောက်တိုဘာ ၆ရက်ကပျူ ရှေးဟောင်းမြို့များ၏ စီမံခန့်ခွဲမှု ဆိုင်ရာအစီအစဉ်များရှင်းလင်း ဆွေးနွေးပွဲတွင် လေယာဉ်ကွင်းအ သုံးပြုခွင့်၊ ပြုပြင်ထိန်းသိမ်းစောင့် ရှောက်ခြင်းနှင့် လုံခြုံရေး ကိစ္စများ ဆောင်ရွက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာနက ပါဝင်ဆွေးနွေးခဲ့ သည်။
‘‘လေယာဉ်ကွင်းထဲမှာ ကား မောင်းသင်တာတွေကြောင့်လမ်း တွေပျက်စီးတာတွေနဲ့ ကွင်းလုံခြုံ ရေးအတွက် ခြံစည်းရိုးခတ်တာကို ရှေးဟောင်းကတားမြစ်တယ်။ အ ရင်နှစ်တုန်းကလည်း လွှတ်တော် မှာ လေယာဉ်ကွင်းကို ပြန်လည် အသုံးပြု၊ မပြုတင်ပြထားတာတွေ ရှိနေတော့ အသုံးပြုခွင့်ရ၊မရသိ ချင်ပါတယ်။ လေယာဉ်ပြေးဆွဲ မယ်ဆိုတာတော့မသေချာပါဘူး’’ ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှတာ ၀န်ရှိသူတစ်ဦးကပြောကြားဆွေး နွေးသည်။
လေယာဉ်များ ဆင်းသက် ခွင့် မရှိတော့သော်လည်း လေ ယာဉ်ကွင်း လုံခြုံရေးအတွက် ခြံ စည်းရိုးကာရံရာတွင် ရှေးဟောင်း ယဉ်ကျေးမှု မြင်ကွင်းများမကွယ် ပျောက်နိုင်ရန် ရှေးဟောင်းဌာန နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း၊ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပို့ ဆောင်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်း ကာ လေယာဉ်ကွင်းတွင် လေယာဉ်ပြန်လည်မပြေးဆွဲရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနဒုဝန်ကြီး ဒေါ်စန္ဒာခင်က ဆွေးနွေးသည်။
‘‘ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ဖို့ လျှောက်ထားစဉ်ကလည်း ဒီလေယာဉ်ကွင်းဟာ လေယာဉ် တွေမပြေးဆွဲတော့ပါဘူးလို့တင် ပြထားခဲ့တယ်။ မပြေးဆွဲတော့ တာလည်း နှစ်ပေါင်းအတော်ကြာ ပြီ။ လေယာဉ်ကွင်းက ရှေးဟောင်း အဆောက်အအုံကြီးတွေနားမှာ လည်းရှိနေတော့ ဟယ်လီကော်ပ တာအဆင့်တောင်ဆင်းလို့မရပါ ဘူး’’ဟု ၎င်းက ပြောသည်။
ပြည် လေယာဉ်ကွင်းကို ၁၉၆၇ တွင် စတင်တည်ဆောက်ခဲ့ပြီး ပြည်မြို့မှ မန္တလေး၊ ရန်ကုန်၊ သံတွဲ၊ စစ်တွေ၊ ကျောက်ဖြူစသည့်မြို့များသို့ သုံးနှစ်ခန့် အဓိက ပြေးဆွဲခဲ့ပြီးနောက် ၁၉၇၀ပြည့်နှစ်တွင် လေယာဉ်များမပြေးဆွဲတော့ဘဲ ရပ်နားခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။ ယခုအခါ ပြည်လေယာဉ်ကွင်းအတွင်း ကားမောင်းသင်ခြင်း၊ သမီးရည်းစားစုံတွဲများ လာရောက်ချိန်းတွေ့ခြင်း၊ ဒုစရိုက်မှုဖြစ်ပွားခြင်းများရှိသောကြောင့် လေယာဉ်ကွင်းကို အကျိုးရှိရှိအသုံးချရန်လိုအပ်နေကြောင်း ပြည်မြို့ဒေသခံဦးလှဖြိုးက ပြောကြားသည်။
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment