ရွာလုံးကျွတ်ရေနစ်မြုပ်ခဲ့သည့်ကျေးရွာများသို့ သစ်အစားထိုး သံဖြင့်ပြုလုပ်ထားသည့်အိမ်သာများသွားရောက်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ရွှေတောင်မြို့၊ပန်းတောင်းမြို့နှင့်ပြည်မြို့နယ်အတွင်း မိုးမေတ္တာနာရေကူညီမှုအသင်း(ပြည်)မှဦးဆောင်၍ အမြို့မြို့အနယ်နယ်မှ စေတနာရှင်များစုပေါင်းပြီး ရေအိမ်(အိမ်သာ)တစ်လုံးလျှင် ငါးသောင်းခန့်တန်ဖိုးရှိ သံဖြင့်ပြုလုပ်ထားသည့် ရေအိမ်(အိမ်သာ)များသွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
ဇူလိုင်လ ၂၈-ရက်နေ့မှစတင်ကာ ပြည်ခရိုင်အတွင်းရေကြီးရေလျှံရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး ၁၅-ရက်ခန့်ရေကြီးမှုဒဏ်ခံစားခဲ့ရကြောင်းသိရသည်။ရေကျသွားပြီးနောက်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်များပြန်လည်ပြုပြင်ရန်သာာအားစိုက်နေကြရပြီး ကျန်းမာရေးအရ ယင်လုံအိမ်သာနှင့်အိမ်သာကျွင်းများပျက်စီးခဲ့ရသည်ကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးဘဲ နေထိုင်ရန်ကိစ္စများသာဦးစားပေးစီစဉ်နေရမှုများကြောင့် ၀မ်းရောဂါနှင့်အခြားရောဂါများမဖြစ်စေရန်အတွက် ယခုလိုအိမ်သာများသွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
“ရေးဘေးသင့်ခဲ့တဲ့နေရာတွေသွားလှူရင်နဲ့ ရွာလုံးကျွတ်နစ်မြုပ်ကြလို့ အိမ်သာတွေအကုန်လုံး သုံးမရအောင် ပျက်စီးခဲ့တယ်။အိမ်သာတွေကျွတ်ထွက်ရေထဲမျှောပါတာတွေမနည်းဘူး။အိမ်သာကျွင်းတွေဆိုအကုန်ပြည့်နေတယ်မြေတွေနဲ့ ။ ခုချိန်မှာသူတို့တွေ အိမ်သာဆောက်ဖို့စဉ်းစားနေမှာမဟုတ်ဘူးလေ။အဲဒါကြောင့်သွားလှူဖြစ်ကြတာပါ။ကျန်းမာရေးမကောင်းရင်စားဝတ်နေရေးအပြင်အခြားကိစ္စတွေထပ်မံဆုံးရှုံးနစ်နာမှာ။ကျန်းမာရေးရဲ့အခြေခံဖြစ်တဲ့ ယင်လုံအိမ်သာတွေဟာမဖြစ်မနေလိုအပ်တယ်။အဲဒါ့ကြောင့် ဒီအစီစဉ်ကိုလုပ်ဖြစ်သွားကြတာ။သစ်နဲ့လုပ်ရင် သစ်တောတွေပြုန်းတီးမှာဆိုလို့ သစ်နဲ့မလုပ်ခဲ့တာ။အခုရေကြီးတာတွေက မလိုအပ်ပဲသစ်တောတွေခုတ်ကြလို့ခုလိုသဘာဝဘေးအန္တရာယ်တွေကြုံတွေ့ခဲ့ရာတာပါ။အဲဒါကြောင့် သစ်အစားထိုးသံနဲ့ပြုပ်လုပ်ခဲ့တာပါ။အဓိကသက်ဆိုင်ရာဌာနဖြစ်တဲ့ကျန်းမာရေးဌာနနဲ့နိုင်ငံတော်အစိုးရကိုဒါတွေလုပ်ဖို့လိုအပ်တယ်လို့တစ်ခုထောက်ပြလိုက်တာပဲ။” ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှူး ဦးညီညီအောင်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါမြို့နယ်အတွင်းရှိ တချို့သောကျေးရွာများမှာရေကြီးနစ်မြုပ်ခဲ့စဉ်က ရေထဲမှာ ၁၅-ရက်ကြာနေခဲ့ရသောကြောင့် ဖျားနာမှုများရှိနေပြီး ကျန်းမာရေးစောင့်လျှေက်မှုအနည်းငယ်သာရှိကြောင်းသိရသည်။ဒေသခံများ အိမ်သာတက်မည်ဆိုပါက လှေပေါ်မှ၎င်း၊တောထဲသို့၎င်း သွားရောက်ဖြေရှင်းနေရကြောင်းသိရပြီး သံဖြင့်ပြုလုပ်ထားသည့်အောက်ခံ အုတ်ဖိနပ်အပါ အိမ်သာတစ်လုံးကုန်ကျငွေမှာ ၅၀၀၀၀ိ-ခန့်ရှိကြောင်းသိရပြီး ကျန်လိုအပ်နေသည့် နေရာဒေသများသို့သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။စက်တင်ဘာလ ၁-ရက်နေ့မှစတင်ကာ ရွှေတောင်မြို့နယ် ညောင်စာရေးအုပ်စု လှေကြီးစုရွာတွင် အိမ်သာအလုံး ၂၀ လှူဒါန်းသွားမှာဖြစ်ပြီး ယခုလက်ရှိမှာတော့ အရေးပေါ် ၃-လုံးသွားရောက်လှူဒါန်းခဲ့ပြီး ရွှေတောင်မြို့ ကြည်းသဲ တောင်ရေကျော် မှုလတန်းစာသင်ကျောင်းနှင့်ပြည်မြို့ န၀င်းရပ်ကွက် ချောင်းနားတန်းမှုလတန်းစာသင်ကျောင်းတို့တွင်အရေးပေါ် ၁-လုံးစီသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ထို့အပြင် ပန်းတောင်းမြို့ ကန့်လန့်ကုန်းရွာတွင် အိမ်သာ ၈-လုံး၊ပြည်မြို့ ဖိုးခေါင်ရပ်ကွက်နှင့်ချောင်းနားတန်းရပ်ကွက်တို့တွင် အိမ်သာ ၅-လုံးသွားရောက်လှူဒါန်းရန်ရှိနေကြောင်းလက်တလောမြစ်ရေအနည်းငယ်ပြန်တက်လာသောကြောင့် ခေတ္တစောင့်ဆိုင်းနေရကြောင်းသိရသည်။အိမ်သာနောက်တစ်ကြိမ်အိမ်သာများလှူဒါန်းမည့်နေရာမျးတွင်လည်း အိမ်သာအနံ့ဆိုးကင်းပျောက်ဆေးရည်၊ရေတွင်း၊ရေကန်သန့်ရှင်းအောင်ပြုလုပ်သည့်ဆေးရည်များအား ကျန်းမာရေးအဖွဲ့များခေါ်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
“ဒီလိုလာလှူတာမရှိပါဘူး။ရေကျသွားပြီးနောက်ပိုင်းအိမ်ပြင်တာတွေနဲ့ရှုပ်နေကြလို့အဲဒိကိစ္စကိုမစဉ်းစားခဲ့မိဘူး။အခုလိုလာလှူမှ ၀မ်းသာလွန်းအားကြီးပြီး ကျေးဇူးတင်မဆုံးဖြစ်နေကြတာပါ။ကျန်းမာရေးအရ အရေးကြီးတာတွေသိခဲ့ရတယ်။ပျက်စီးသွားတဲ့လယ်တွေကို မြို့နယ်မြေစာရင်တင်ပြထားတယ်။ခုထိတော့ဘာမှမထူးသေးဘူး။ဖျားတာနာတော့ရှိတယ်။ရေကမှုလအခြေအနေထက် လေးပေလောက်တက်လာလို့စိုးရိမ်နေရတယ်။ ”ဟု လှေကြီးစုကျေးရွာအုပ်ချူပ်ရေးမှူး ဦးစံရွှေကသမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါ ညောင်စာရေးအုပ်စု လှေကြီးစုကျေးရွာအတွင်း နေအိမ် ၇၈-လုံးရှိပြီး ရွာလုံးကျွတ်ရေနစ်မြုပ်ခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကိုယ်အားကိုယ်ကိုးကာ ပြန်လည်တည်ဆောက်နေလျှက်ရှိကြောင်းသိရသည်။
မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်
0 comments:
Post a Comment